Investment

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈) ခု ခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈) ခု ခွင့်ပြု google

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ရင်းနှီးမြှုပ်နှံမည့် (၃၅၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်း (၈) ခု ခွင့်ပြုခဲ့ပါတယ်။အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၉၄ ဒသမ ၀၉၅) သန်းနှင့် ငွေကျပ်သန်း (၁၅၂၂၀) ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁,၅၈၇) နေရာကို ဖန်တီးပေး နိုင်မှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတာဖြစ်ပါတယ်။နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၀၀ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၅ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။

 

>>>Zawgyi<<<

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုပ္ကုိင္မည့္ ျပည္တြင္းျပည္ပရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္း (၈) ခု ခြင့္ျပဳ

 

ျမန္မာႏုိင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္မွ ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုပ္ကုိင္မည့္ ျပည္တြင္းျပည္ပရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္း (၈) ခုကို ျမန္မာႏုိင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္၏ (၂/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးမွာ ဇန္နဝါရီလ ၂၄ ရက္ေန႔က ခြင့္ျပဳေပးခဲ့ေၾကာင္း သိရပါတယ္။

 

အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္တြင္ ရင္းႏွီးျမႇဳပ္ႏွံမည့္ (၃၅၀) မဂၢါဝပ္ ထုတ္လုပ္ႏိုင္ေသာ LNG စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံ တည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းအပါအဝင္ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ အိမ္ရာအေဆာက္အဦ တည္ေဆာက္ဖြံ႕ၿဖိဳးမႈက႑၊ စက္မႈက႑ႏွင့္ အျခားက႑တို႔မွ လုပ္ငန္း (၈) ခု ခြင့္ျပဳခဲ့ပါတယ္။အဆိုပါလုပ္ငန္းမ်ား၏ ရင္ႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၃၉၄ ဒသမ ၀၉၅) သန္းႏွင့္ ေငြက်ပ္သန္း (၁၅၂၂၀) ရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၁,၅၈၇) ေနရာကို ဖန္တီးေပး ႏိုင္မွာျဖစ္ပါတယ္။

 

ျမန္မာႏုိင္ငံတြင္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ စင္ကာပူႏုိင္ငံ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔မွ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ထားတာျဖစ္ပါတယ္။ႏုိင္ငံေပါင္း (၅၀) မွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၇ ဒသမ ၀၀ ရာခိုင္ႏႈန္း) ျဖင့္လည္းေကာင္း၊ လွ်ပ္စစ္က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆ ဒသမ ၁၅ ရာခိုင္ႏႈန္း) ျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄ ဒသမ ၀၇ ရာခိုင္ႏႈန္း) ျဖင့္လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရပါတယ္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)