Investment

ခွင့်ပြုမိန့်၊ အတည်ပြုမိန့် လုပ်ငန်းများမှ လေးလတာကာလအတွင်း အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရရှိခဲ့

ခွင့်ပြုမိန့်၊ အတည်ပြုမိန့် လုပ်ငန်းများမှ လေးလတာကာလအတွင်း အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရရှိခဲ့ google

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀)အပါအဝင်ရက်သတ္တပတ် အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် (၂/ ၂၀၂၀) အား ဖြန့်ဝေခဲ့ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၃) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄၃၃.၈၀၃) သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၁,၉၅၁)ဦးကို ဖန်တီးပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ဇန်နဝါရီလ (၂၄) ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂,၁၅၆.၂၀၅) သန်း ရှိပြီဖြစ်၍ ယခုဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း အမေရိကန် ဒေါ်လာ (၂) ဘီလီယံကျော် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာလည်း အမေရိကန်ဒေါ်လာ (၁၃၄.၄၆၉) သန်း အပါအဝင် ကျပ် (၇၄၈,၃၁၁.၀၆၁) သန်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၇.၀၀%) ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၁၄.၀၇%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။

 

>>>Zawgyi<<<

 

ခြင့္ျပဳမိန္႔၊ အတည္ျပဳမိန္႔ လုပ္ငန္းမ်ားမွ ေလးလတာကာလအတြင္း အေမရိကန္ေဒၚလာ (၂) ဘီလီယံေက်ာ္ရရွိခဲ့

 

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ အစည္းအေဝးအမွတ္စဥ္ (၂/၂၀၂၀)အပါအဝင္ရက္သတၱပတ္ အတြင္း ခြင့္ျပဳေပးခဲ့သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ စပ္လ်ဥ္း၍ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံပြဲကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၌ က်င္းပျပဳလုပ္ခဲ့ပါတယ္။ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ သတင္းထုတ္ျပန္ခ်က္ (၂/ ၂၀၂၀) အား ျဖန႔္ေဝခဲ့ၿပီး ျမန္မာ ႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ အတြင္းေရးမႉး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဉီးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္မွ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒအရ ခြင့္ျပဳမိန္႔၊ အတည္ျပဳမိန္႔ ထုတ္ေပးခဲ့သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားႏွင့္ စပ္လ်ဥ္းသည့္ အခ်က္အလက္မ်ားအား ေျပာၾကားခဲ့ပါတယ္။

 

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ အတြင္းေရးမႉး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဉီးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္မွ ေျပာၾကားရာတြင္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ အစည္းအေဝးအမွတ္စဥ္ (၂/ ၂၀၂၀) အပါအဝင္ ရက္သတၱပတ္အတြင္း ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂၃) ခုမွ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၄၃၃.၈၀၃) သန္းကို ခြင့္ျပဳ/ အတည္ျပဳေပးခဲ့ပါေၾကာင္း၊ အဆိုပါ လုပ္ငန္းမ်ားမွ ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၁၁,၉၅၁)ဦးကို ဖန္တီးေပးမည္ ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလ (၁) ရက္ေန႔မွ ဇန္နဝါရီလ (၂၄) ရက္ေန႔အထိ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ ခြင့္ျပဳ/ အတည္ျပဳေပးခဲ့မႈမွာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၂,၁၅၆.၂၀၅) သန္း ရွိၿပီျဖစ္၍ ယခုဘ႑ာႏွစ္၏ ပထမေလးလအတြင္း အေမရိကန္ ေဒၚလာ (၂) ဘီလီယံေက်ာ္ ရရွိခဲ့ျခင္း ျဖစ္ပါတယ္။ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ခြင့္ျပဳ/ အတည္ျပဳေပးခဲ့မႈမွာလည္း အေမရိကန္ေဒၚလာ (၁၃၄.၄၆၉) သန္း အပါအဝင္ က်ပ္ (၇၄၈,၃၁၁.၀၆၁) သန္း ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ေသာႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ေဟာင္ေကာင္ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔ ျဖစ္ၿပီး အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕ က႑တြင္ စုစုေပါင္းရင္းႏွီး ျမႇဳပ္ႏွံမႈ၏ (၂၇.၀၀%) ျဖင့္ လည္းေကာင္း၊ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆.၁၅%) ျဖင့္ လည္းေကာင္း၊ ကုန္ထုတ္ လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီး ျမႇဳပ္ႏွံမႈ၏ (၁၄.၀၇%) ျဖင့္ လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားခဲ့ပါတယ္။

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)

Related items