Investment

အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြေငြာစာ ထုတ်ပြန်မည်

အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြေငြာစာ ထုတ်ပြန်မည် google

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ စာရင်းဝင်ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြေငြာစာကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

 

အဆိုပါအမိန့်ကြေငြာစာအား ဥပဒေရေးရာလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ထုတ်ပြန်ပြီး အောက်တိုဘာလတွင် စတင်အသက်ဝင်ရန် စီစဉ်ထားပါတယ်။

 

မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှစ၍ အကြံပေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပထမဆုံး မှတ်တိုင်အနေဖြင့် သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊ စာရင်းစစ်ကော်မတီ၊ ဌာနတွင်း ထိန်းချုပ်ကွပ်ကဲမှု စသည့် အခန်းကဏ္ဍများပါဝင်သည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာ မူကြမ်းကို အတည်ပြုခဲ့ပါတယ်။

 

ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ တိုးမြှင့်လာနိုင်မည်ဖြစ်ကြောင်း၊ အကြံပေးကော်မတီအနေဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တိုးတက်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း အရင်းအနှီးဈေးကွက်များ ပိုမိုတိုးတက်စေရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ခေတ္တအကြံပေးကော်မတီဥက္ကဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံတော်ပိုရိတ်စီမံအုပ်ချုပ်မှု အကြံပေးကော်မတီအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပါပြီး OECD ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.Marcello Bianchi မှ အကြံပေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

 

အကြံပေးကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာနှင့် စပ်လျဉ်းပြီး သိရှိလိုပါက OECD မှ Senior Policy Analyst ဖြစ်သူ Mr.Kenta Fukamien ၏ အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

>>>Zawgyi<<<

 

အမ်ားႏွင့္ သက္ဆုိင္သည့္ ကုမၸဏီမ်ား လုိက္နာရန္ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ အမိန္႔ေၾကျငာစာ ထုတ္ျပန္မည္

 

ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ စာရင္းဝင္ကုမၸဏီမ်ားႏွင့္ အစုရွယ္ယာရွင္ ၁၀၀ ႏွင့္အထက္ရွိသည့္ အမ်ားႏွင့္ သက္ဆုိင္သည့္ ကုမၸဏီမ်ား လုိက္နာရန္ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ အမိန႔္ေၾကျငာစာကုိ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလတြင္ ထုတ္ျပန္ရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။

 

အဆိုပါအမိန္႔ေၾကျငာစာအား ဥပေဒေရးရာလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ၿပီးစီးပါက ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလတြင္ ထုတ္ျပန္ၿပီး ေအာက္တိုဘာလတြင္ စတင္အသက္ဝင္ရန္ စီစဥ္ထားပါတယ္။

 

ျမန္မာႏိုင္ငံတြင္ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ ျပဳျပင္ေျပာင္းလဲေရးအတြက္ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလမွစ၍ အႀကံေပးေကာ္မတီကို ဖြဲ႕စည္းခဲ့ၿပီး ပထမဆုံး မွတ္တိုင္အေနျဖင့္ သီးျခားလြတ္လပ္ေသာ ဒါ႐ိုက္တာမ်ား၊ စာရင္းစစ္ေကာ္မတီ၊ ဌာနတြင္း ထိန္းခ်ဳပ္ကြပ္ကဲမႈ စသည့္ အခန္းက႑မ်ားပါဝင္သည့္ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ အမိန႔္ေၾကာ္ျငာစာ မူၾကမ္းကို အတည္ျပဳခဲ့ပါတယ္။

 

ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ အမိန႔္ေၾကာ္ျငာစာအရ ျမန္မာႏိုင္ငံ အရင္းအႏွီးေဈးကြက္တြင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံၾကည္မႈႏွင့္ စီးပြားေရး အက်ိဳးျဖစ္ထြန္းမႈမ်ား တိုးျမႇင့္လာႏိုင္မည္ျဖစ္ေၾကာင္း၊ အႀကံေပးေကာ္မတီအေနျဖင့္ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ တိုးတက္ရန္ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံအတြင္း အရင္းအႏွီးေဈးကြက္မ်ား ပိုမိုတိုးတက္ေစရန္ ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း ေခတၱအႀကံေပးေကာ္မတီဥကၠဌ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးမွ ေျပာၾကားခဲ့ပါတယ္။

 

ျမန္မာႏိုင္ငံေတာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ အႀကံေပးေကာ္မတီအား စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလတြင္ ဖြဲ႕စည္းခဲ့ပါၿပီး OECD ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈေကာ္မတီ ဥကၠ႒ေဟာင္းျဖစ္သူ Mr.Marcello Bianchi မွ အႀကံေပးေကာ္မတီ ဥကၠဌအျဖစ္ တာဝန္ယူ ေဆာင္႐ြက္လ်က္ရွိပါတယ္။

 

အႀကံေပးေကာ္မတီမွ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္မႈ အမိန႔္ေၾကာ္ျငာစာႏွင့္ စပ္လ်ဥ္းၿပီး သိရွိလိုပါက OECD မွ Senior Policy Analyst ျဖစ္သူ Mr.Kenta Fukamien ၏ အီးေမးလ္ This email address is being protected from spambots. You need JavaScript enabled to view it. သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)