Investment

အလုပ်အကိုင်ပေါင်း ခြောက်ထောင်ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၂) ခုခွင့်ပြု

အလုပ်အကိုင်ပေါင်း ခြောက်ထောင်ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၂) ခုခွင့်ပြု google

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၂) ခုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှာ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၁၉) ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်းသစ် (၁၂) ခုကို ခွင့်ပြုခဲ့ပါတယ်။

 

၎င်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၀၁ ဒသမ ၉၁၃) သန်းနှင့် ကျပ် (၇၃၄၃၅ ဒသမ ၃၃၂) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၆၆၁၈) နေရာကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၀၀ %) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၅ %) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၇ %) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါတယ်။

 

Bags [Gunny]  ဂုန်နီထုတ်ပိုးကုန်နှင့်သက်ဆိုင်သောလုပ်ငန်းပေါင်း ၁၇ ကိုရှာရန်နှိပ်ပါ။

 

---Zawgyi---

 

အလုပ္အကိုင္ေပါင္း ေျခာက္ေထာင္ေက်ာ္ ဖန္တီးေပးႏုိင္မည့္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းသစ္ (၁၂) ခုခြင့္ျပဳ

 

ျမန္မာႏုိင္ငံမွ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္မွ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းသစ္ (၁၂) ခုကို ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ျမန္မာႏုိင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္၏ (၃/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးမွာ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရပါတယ္။

 

အဆုိပါအစည္းအေဝးတြင္ ေဆာင္ရြက္ဆဲလုပ္ငန္း (၁၉) ခုမွ မတည္ေငြရင္းတုိးျမွင့္ျခင္းအပါအဝင္ ကုန္ထုတ္လုပ္မႈက႑၊ အျခားဝန္ေဆာင္မႈက႑ႏွင့္ ဟိုတယ္က႑တုိ႔မွ လုပ္ငန္းသစ္ (၁၂) ခုကို ခြင့္ျပဳခဲ့ပါတယ္။

 

၎လုပ္ငန္းမ်ား၏ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၅၀၁ ဒသမ ၉၁၃) သန္းႏွင့္ က်ပ္ (၇၃၄၃၅ ဒသမ ၃၃၂) သန္းရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၆၆၁၈) ေနရာကို ဖန္တီးေပးႏုိင္မွာျဖစ္ေၾကာင္း သိရပါတယ္။

 

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ေသာႏိုင္ငံမ်ားမွာ စင္ကာပူႏုိင္ငံ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္ပါတယ္။ ႏိုင္ငံေပါင္း (၅၀) မွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၇.၀၀ %) ျဖင့္လည္းေကာင္း၊ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆.၁၅ %) ျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄.၀၇ %) ျဖင့္လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားပါတယ္။

 

Bags [Gunny]  ဂုန္နီထုတ္ပိုးကုန္ႏွင့္သက္ဆိုင္ေသာလုပ္ငန္းေပါင္း ၁၇ ကိုရွာရန္ႏွိပ္ပါ။

 

Source: DiCA

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)