Investment

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသုံးခု ပြန်လည်ရုပ်သိမ်း

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသုံးခု ပြန်လည်ရုပ်သိမ်း google

သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့ အပါအဝင် ကုမ္ပဏီးသုံးခုသည် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။

 

အချက်အလက်စုဆောင်းသည့် စင်ကာပူကုမ္ပဏီသည် သတ်မှတ်ငွေကြေးကို ခြောက်လအတွင်း မယူဆောင်နိုင်ခြင်းကြောင့်ဖြစ်ပြီး ကျန်ဖက်စပ် ကုမ္ပဏီနှစ်ခုသည် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေကြောင့် ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။စင်ကာပူကုမ္ပဏီက တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် အချက်အလက်စုဆောင်းရန် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်သည်။

 

စင်ကာပူကုမ္ပဏီသည် အမေရိကန်နိုင်ငံသားက ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး ဒေါ်လာရှစ်သန်း ရင်းနှီးမြှုပ်နှံရန် အာမခံခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုငွေကြေးပမာဏကို အထူးစီးပွားရေးဇုန်အရ ခြောက်လအတွင်း သတ်မှတ်ငွေကြေးပမာဏကို ယူဆောင်လာနိုင်ခြင်းမရှိသောကြောင့်ဟု ဆိုသည်။ကျန်ကုမ္ပဏီနှစ်ခုသည် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီများဖြစ်ပြီး ဆပ်ပြာမှုန့်နှင့် ဖိနပ်စက်ရုံ တည်ဆောက်ရန်ဖြစ်ပြီး မြန်မာဘက်မှ ကုမ္ပဏီများက ငွေကြေးမလုံလောက်၍ ရင်းနှီးမြှုပ်နှံရန် ရုပ်သိမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ဆပ်ပြာသည် စုစုပေါင်း ဒေါ်လာခုနစ်သန်း ရင်းနှီးမြှုပ်နှံရန်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ် လုပ်ကိုင်ရာတွင် လုပ်ငန်းပေါင်းစပ်ရန် အဆင်မပြေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ဖိနပ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံသူ၏ မိသားစုပြဿနာဖြစ်ပြီး ဒေါ်လာ ၁၇ သန်း ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်ဟု ဆိုသည်။

 

‘‘သီလဝါအထူးစီးပွားရေးဇုန်က ဂျပန်-မြန်မာ အစိုးရ ပူးတွဲဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တော့ လာလျှောက်တဲ့သူတိုင်းကို ခွင့်ပြုပေးတာမဟုတ်ပါဘူး။ အခုဖက်စပ်ကုမ္ပဏီနှစ်ခုကလည်း ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပါ’’ဟု ဒေါက်တာရွှေဟိန်းက ပြောသည်။

 

သီလဝါစီးပွားရေးဇုန်အတွင်း ၂၀၁၉ ဒီဇင်ဘာလကုန်အထိ ၁၉ နိုင်ငံမှ ကုမ္ပဏီ ၁၁၅ ခုကို ခွင့်ပြုမိန့်ထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။ယင်းအနက် အထက်ပါ ကုမ္ပဏီသုံးခု နုတ်ထွက်၍ လက်ရှိ ကုမ္ပဏီ ၁၁၂ ခုက ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ စက်တင်ဘာတွင် မြေဧက ၅,၇၀၀ ကျော်၌ စတင်အကောင်အထည်ဖော်ခဲ့သည်။

 

Traffic Police Stations ယာဉ်ထိန်းရုံး ၃၄ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီသုံးခု ျပန္လည္႐ုပ္သိမ္း

 

သီလဝါအထူးစီးပြားေရးဇုန္တြင္ စင္ကာပူကုမၸဏီႏွင့္ ဂ်ပန္-ျမန္မာ ဖက္စပ္ကုမၸဏီတို႔ အပါအဝင္ ကုမၸဏီးသုံးခုသည္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပန္လည္႐ုပ္သိမ္းခဲ့ေၾကာင္း သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာေ႐ႊဟိန္းက ေျပာသည္။အခ်က္အလက္စုေဆာင္းသည့္ စင္ကာပူကုမၸဏီသည္ သတ္မွတ္ေငြေၾကးကို ေျခာက္လအတြင္း မယူေဆာင္ႏိုင္ျခင္းေၾကာင့္ျဖစ္ၿပီး က်န္ဖက္စပ္ ကုမၸဏီႏွစ္ခုသည္ သက္ဆိုင္ရာ ကုမၸဏီမ်ား၏ ဘ႑ာေရးအေျခအေနေၾကာင့္ ျပန္လည္႐ုပ္သိမ္းျခင္းျဖစ္သည္ဟု ဆိုသည္။စင္ကာပူကုမၸဏီက တယ္လီကြန္း ဆက္သြယ္ေရးလုပ္ငန္းအတြက္ အခ်က္အလက္စုေဆာင္းရန္ ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ ျဖစ္သည္။

 

စင္ကာပူကုမၸဏီသည္ အေမရိကန္ႏိုင္ငံသားက ပိုင္ဆိုင္သည့္ ကုမၸဏီျဖစ္ၿပီး ေဒၚလာရွစ္သန္း ရင္းႏွီးျမႇဳပ္ႏွံရန္ အာမခံခဲ့သည္ဟု ဆိုသည္။ သို႔ေသာ္ ထိုေငြေၾကးပမာဏကို အထူးစီးပြားေရးဇုန္အရ ေျခာက္လအတြင္း သတ္မွတ္ေငြေၾကးပမာဏကို ယူေဆာင္လာႏိုင္ျခင္းမရွိေသာေၾကာင့္ဟု ဆိုသည္။က်န္ကုမၸဏီႏွစ္ခုသည္ ဂ်ပန္-ျမန္မာ ဖက္စပ္ကုမၸဏီမ်ားျဖစ္ၿပီး ဆပ္ျပာမႈန႔္ႏွင့္ ဖိနပ္စက္႐ုံ တည္ေဆာက္ရန္ျဖစ္ၿပီး ျမန္မာဘက္မွ ကုမၸဏီမ်ားက ေငြေၾကးမလုံေလာက္၍ ရင္းႏွီးျမႇဳပ္ႏွံရန္ ႐ုပ္သိမ္းျခင္းျဖစ္သည္ဟု ၎က ဆိုသည္။

 

ဆပ္ျပာသည္ စုစုေပါင္း ေဒၚလာခုနစ္သန္း ရင္းႏွီးျမႇဳပ္ႏွံရန္ျဖစ္ၿပီး ျမန္မာ-ဂ်ပန္ ဖက္စပ္ လုပ္ကိုင္ရာတြင္ လုပ္ငန္းေပါင္းစပ္ရန္ အဆင္မေျပျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။ဖိနပ္ကုမၸဏီမွာ ရင္းႏွီးျမႇဳပ္ႏွံသူ၏ မိသားစုျပႆနာျဖစ္ၿပီး ေဒၚလာ ၁၇ သန္း ရင္းႏွီးျမႇဳပ္ႏွံရန္ ျဖစ္သည္ဟု ဆိုသည္။

 

‘‘သီလဝါအထူးစီးပြားေရးဇုန္က ဂ်ပန္-ျမန္မာ အစိုးရ ပူးတြဲေဆာင္႐ြက္တဲ့ စီမံကိန္းျဖစ္ေတာ့ လာေလွ်ာက္တဲ့သူတိုင္းကို ခြင့္ျပဳေပးတာမဟုတ္ပါဘူး။ အခုဖက္စပ္ကုမၸဏီႏွစ္ခုကလည္း ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ပါ’’ဟု ေဒါက္တာေ႐ႊဟိန္းက ေျပာသည္။

 

သီလဝါစီးပြားေရးဇုန္အတြင္း ၂၀၁၉ ဒီဇင္ဘာလကုန္အထိ ၁၉ ႏိုင္ငံမွ ကုမၸဏီ ၁၁၅ ခုကို ခြင့္ျပဳမိန႔္ထုတ္ေပးၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ ၁ ဒသမ ၉၂ ဘီလီယံေက်ာ္ရွိသည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ဆိုသည္။ယင္းအနက္ အထက္ပါ ကုမၸဏီသုံးခု ႏုတ္ထြက္၍ လက္ရွိ ကုမၸဏီ ၁၁၂ ခုက ကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။ သီလဝါအထူးစီးပြားေရးဇုန္ကို ၂၀၁၃ စက္တင္ဘာတြင္ ေျမဧက ၅,၇၀၀ ေက်ာ္၌ စတင္အေကာင္အထည္ေဖာ္ခဲ့သည္။

 

Traffic Police Stations ယာဥ္ထိန္း႐ုံး ၃၄ခုကိုရွာေဖြရန္ႏွိပ္ပါ

 

Source: 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items