Investment

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အတည်ပြု (၅၃) ခု၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၂၇)

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အတည်ပြု (၅၃) ခု၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၂၇) google

မွန်ပြည်နယ်အတွင်း ကျပ်သန်း (၆၀၀၀) နီးပါး ရင်းနှီးမြှုပ်နှံကာ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ကော့လှိုင်ကျေးရွာအုပ်စုတွင် Thiwa Company Co.,Ltd က ငွေကျပ်သန်း (၅၈၀၀) ဖြင့် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မှာဖြစ်ပြီး ၎င်းလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၅) ခု ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်တွင် Myanmar Shing Shing Metal Co.,Ltd က ငွေကျပ်သန်း (၈၀၀) ရင်းနှီးမြှုပ်နှံကာ ခနောက်စိမ်းသတ္တု သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မှာဖြစ်ပြီး ၎င်းလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၂) ခု ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးမှာ အတည်ပြုမိန့်ထုတ်ပေးခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်သန်း (၆၆၀၀) ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၂၇) နေရာကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅၃) ခု၊ ဒေါ်လာ (၁၃၂ ဒသမ ၂၂၇) သန်းအပါအဝင် ကျပ် (၇၄၃၁၉၄ ဒသမ ၅၂၉) သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ (၁၅၄ ဒသမ ၃၇၉) သန်းအပါအဝင် ကျပ် (၈၄၆၁၈၁ ဒသမ ၉၂၂) သန်းဖြစ်ကြောင်း သိရပါတယ်။

 

Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၂ ခုကိုရှာရန်နှိပ်ပါ

 

<<<Zawgyi>>>

 


 


 


 


 


 

Myanmar Logistics Guide

 

 

 

Read times
Rate this item
(0 votes)

Related items