စင်ကာပူမှ ရေနံနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း Hin Leong Trading သည် ဘဏ်များတွင်
စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလျံဝန်းကျင် အကြွေးတင်နေသဖြင့် မည်သို့ ဖြေရှင်းပေးမည်ကို ဘဏ်များနှင့် ဆွေးနွေးနေပြီး မပေးဆပ်နိုင်မည်ကို စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
ကြွေးကိစ္စတွင် အနည်းဆုံး ဘဏ်လုပ်ငန်း ၁၀ ခု ပါဝင်ပတ်သက်နေရာ၌် HSBC Holdings, DBS Group Holdings နှင့် OCBC Bank တို့ ပါဝင်သည်။
HSBC Holdings သည် ပမာဏာအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင် ရှိသည်။
ရေနံဈေးများ ထိုးကျပြီး ဈေးအနိမ့်တွင် ဆက်ရှိနေခြင်းကြောင့် Hin Leong Trading သည် ငွေမလည်တော့ဘဲ အကျပ်အတည်း ကြုံနေရသည်ဟု ဆိုသည်။ အချို့ဘဏ်များက Hin Leong Trading ကို letters of credit အသစ် ထုတ်ပေးခြင်း မပြုကြတော့ချေ။ အကြောင်းမှာ ကာလတို အကြွေးကို ပြန်ပေးနိုင်မည်ဆိုသည်မှာ မသေချာသောကြောင့် ဖြစ်သည်။ L/C ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် letters of credit သည် ဝယ်ယူသူကိုယ်စား ဘဏ်က ကြားဝင်ပြီး အာမခံချက် ပေးသည့်စာ ဖြစ်သည်။ ဝယ်ယူသည့် ကုန်စည်များ လက်ခံရရှိသည့်အခါ ဘဏ်က ရောင်းသူကို ဝယ်ယူကိုယ်စား ငွေပေးချေလိုက်သည်။ ထိုသို့ ဘဏ်က စိုက်ထုတ်ထားသည့် အကြွေးကို ဝယ်ယူသူက ပေးချေရသည်။ ယခုလို ငွေအကျပ်အတည်း ဖြစ်နေချိန်တွင် ဘဏ်အနေဖြင့် ကြားဝင်ပြီး အာမခံချက်ပေးရန် ငြင်းဆန်သည်။
Hin Leong Trading ကို တရုတ်လူမျိုး ကိုယ်ဒူးကိုယ်ချွန် တိုင်ကွန်း ဖြစ်လာသူ Lim Oon Kuin က ထူထောင်လုပ်ကိုင်သည်။ ၁၉၆၃ ခုနှစ်တွင် ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ရေကြောင်းသွားလာ သင်္ဘောများသို့ လောင်စာဆီပေးသွင်းသည့် ဘန်ကာလုပ်ငန်းများတွင် အကြီးမားဆုံး လုပ်ငန်းအဖြစ်သို့ ရောက်ရှိသည်။
Lim Oon Kuin သည် ကိုယ်ပိုင် ထရပ်ကားတစ်စီးဖြင့် အရောင်းအဝယ်လုပ်ငန်းကို စတင်ခုဲ့ပြီး ကြီးပွားသွားခဲ့ရာ ရေနံတင်သင်္ဘောလက်တံဖြစ်သော Ocean Tankers (Pte.) Ltd. သည် သင်္ဘော အစီး ၁၃၀ ပိုင်ဆိုင်သည့်လုပ်ငန်းအဖြစ်သို့ ရောက်ရှိသည်။ ရေနံရောင်းဝယ်ရေးအတွက် ဆီတင်ဆီချ ဆိပ်ခံများ၊ ပိုက်လိုင်းများ၊ လှောင်ကန်များ ပိုင်ဆိုင်သည်။ သင်္ဘောများကို လောင်စာဆီအမျိုးမျိုးနှင့် ချောဆီ အမျိုးမျိုးတို့ ပေးသွင်းသည်။ ယင်း၏ ဘန်ကာလက်တံတစ်ခု ဖြစ်သော Ocean Bunkering Services သည် စင်ကာပူတွင် တတိယအကြီးမားဆုံး သင်္ဘောလောင်စာဆီ ဘန်ကာလုပ်ငန်း ဖြစ်သည်။
စင္ကာပူ ဘန္ကာေရနံလုပ္ငန္း Hin Leong ဘဏ္မ်ားအား အေႂကြး အေမရိကန္ေဒၚလာ ၃ ဘီလ်ံတင္
စင္ကာပူမွ ေရနံႏွင့္ ေရနံထြက္ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္း Hin Leong Trading သည္ ဘဏ္မ်ားတြင္ စုစုေပါင္း အေမရိကန္ေဒၚလာ ၃ ဘီလ်ံဝန္းက်င္ အေႂကြးတင္ေနသျဖင့္ မည္သို႔ ေျဖရွင္းေပးမည္ကို ဘဏ္မ်ားႏွင့္ ေဆြးေႏြးေနၿပီး မေပးဆပ္ႏိုင္မည္ကို စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနသည္။
ေႂကြးကိစၥတြင္ အနည္းဆုံး ဘဏ္လုပ္ငန္း ၁၀ ခု ပါဝင္ပတ္သက္ေနရာ၌္ HSBC Holdings, DBS Group Holdings ႏွင့္ OCBC Bank တို႔ ပါဝင္သည္။
HSBC Holdings သည္ ပမာဏာအမ်ားဆုံးျဖစ္ၿပီး အေမရိကန္ေဒၚလာ သန္း ၆၀၀ ဝန္းက်င္ ရွိသည္။
ေရနံေဈးမ်ား ထိုးက်ၿပီး ေဈးအနိမ့္တြင္ ဆက္ရွိေနျခင္းေၾကာင့္ Hin Leong Trading သည္ ေငြမလည္ေတာ့ဘဲ အက်ပ္အတည္း ႀကဳံေနရသည္ဟု ဆိုသည္။ အခ်ိဳ႕ဘဏ္မ်ားက Hin Leong Trading ကို letters of credit အသစ္ ထုတ္ေပးျခင္း မျပဳၾကေတာ့ေခ်။ အေၾကာင္းမွာ ကာလတို အေႂကြးကို ျပန္ေပးႏိုင္မည္ဆိုသည္မွာ မေသခ်ာေသာေၾကာင့္ ျဖစ္သည္။ L/C ဟု အတိုေကာက္ ေခၚေဝၚၾကသည့္ letters of credit သည္ ဝယ္ယူသူကိုယ္စား ဘဏ္က ၾကားဝင္ၿပီး အာမခံခ်က္ ေပးသည့္စာ ျဖစ္သည္။ ဝယ္ယူသည့္ ကုန္စည္မ်ား လက္ခံရရွိသည့္အခါ ဘဏ္က ေရာင္းသူကို ဝယ္ယူကိုယ္စား ေငြေပးေခ်လိုက္သည္။ ထိုသို႔ ဘဏ္က စိုက္ထုတ္ထားသည့္ အေႂကြးကို ဝယ္ယူသူက ေပးေခ်ရသည္။ ယခုလို ေငြအက်ပ္အတည္း ျဖစ္ေနခ်ိန္တြင္ ဘဏ္အေနျဖင့္ ၾကားဝင္ၿပီး အာမခံခ်က္ေပးရန္ ျငင္းဆန္သည္။
Hin Leong Trading ကို တ႐ုတ္လူမ်ိဳး ကိုယ္ဒူးကိုယ္ခြၽန္ တိုင္ကြန္း ျဖစ္လာသူ Lim Oon Kuin က ထူေထာင္လုပ္ကိုင္သည္။ ၁၉၆၃ ခုႏွစ္တြင္ ကုမၸဏီကို ထူေထာင္ခဲ့သည္။ ေရေၾကာင္းသြားလာ သေဘၤာမ်ားသို႔ ေလာင္စာဆီေပးသြင္းသည့္ ဘန္ကာလုပ္ငန္းမ်ားတြင္ အႀကီးမားဆုံး လုပ္ငန္းအျဖစ္သို႔ ေရာက္ရွိသည္။
Lim Oon Kuin သည္ ကိုယ္ပိုင္ ထရပ္ကားတစ္စီးျဖင့္ အေရာင္းအဝယ္လုပ္ငန္းကို စတင္ခုဲ႔ၿပီး ႀကီးပြားသြားခဲ့ရာ ေရနံတင္သေဘၤာလက္တံျဖစ္ေသာ Ocean Tankers (Pte.) Ltd. သည္ သေဘၤာ အစီး ၁၃၀ ပိုင္ဆိုင္သည့္လုပ္ငန္းအျဖစ္သို႔ ေရာက္ရွိသည္။ ေရနံေရာင္းဝယ္ေရးအတြက္ ဆီတင္ဆီခ် ဆိပ္ခံမ်ား၊ ပိုက္လိုင္းမ်ား၊ ေလွာင္ကန္မ်ား ပိုင္ဆိုင္သည္။ သေဘၤာမ်ားကို ေလာင္စာဆီအမ်ိဳးမ်ိဳးႏွင့္ ေခ်ာဆီ အမ်ိဳးမ်ိဳးတို႔ ေပးသြင္းသည္။ ယင္း၏ ဘန္ကာလက္တံတစ္ခု ျဖစ္ေသာ Ocean Bunkering Services သည္ စင္ကာပူတြင္ တတိယအႀကီးမားဆုံး သေဘၤာေလာင္စာဆီ ဘန္ကာလုပ္ငန္း ျဖစ္သည္။