Investment

အမေရိကန်ရေနံဈေးနှုန်း သုညအောက် (-)၃၈ ဒေါ်လာသို့ ကျဆင်း

အမေရိကန်ရေနံစိမ်းသည် ‌ဈေးနှုန်း သုံညအောက်သို့ ရောက်ပြိး အနုတ်လက္ခဏာ ပြသွားသည်ကို သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် ကြုံရသည်။

အမေရိကန်ရေနံဈေးနှုန်းများသည် တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် အဆိုးရွားဆုံးဖြစ်ခဲ့သည်။ မြောက်အမေရိက၏ ရေနံထုတ်လုပ်သူများသည် coronavirus အကျပ်အတည်းကြောင့် မကြုံစဖူး ပိုလျှနေသော ရေနံစိမ်းများကို သိုလှောင်ရန် နေရာမကျန်တော့ချေ။

အမေရိကန်ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၁၈ ဒေါ်လာမှ (-)၃၈ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး နာရီပိုင်းအတွင်း ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ရေနံထုတ်လုပ်သူများသည် လက်ထဲပိုလျှံနေသော ရေနံစိမ်းများ သိုလှောင်ရန် နေရာ မရှိတော့သဖြင့် နေရာရှိနေသေးသော ဝယ်လက်များအား တစ်စည်လျှင် ၃၈ ဒေါ်လာ ပေးပြီး သယ်ယူခိုင်းခဲ့ကြရသည်အထိ ဖြစ်သွားသောကြောင့် ရေနံဝယ်သူက တစ်စည်ဝယ်တိုင်း ရေနံတစ်စည် ရရှိသည့်အပြင် ၃၈ ဒေါ်လာကို ရေနံထုတ်လုပ်သူထံမှ ရရှိသည်။

သုတေသနကုမ္ပဏီ Rystad Energy မှရေနံအကြီးအကဲ Bjornar Tonhaugen က“ ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားနှင့် ဝယ်လိုအားမညီမျှမှု ပြဿနာဟာ ဈေးနှုန်းများနဲ့စတင်ပေါ်ပေါက်လာတယ်။ ဝယ်လိုအား အတော်အတန်နည်းပါးနေတဲ့အတွက် သိုလှောင်ကန်တွေဟာ တစ်နေ့ပြီးတစ်နေ့ ပြည့်ပြည့်လာတယ်။ နောက်ဆုံး ထားစရာ နေရာ မကျန်တော့ဘူး။ နေရာကျန်တဲ့ ဝယ်ယူသူတွေကို ငွေပေးပြီး ရေနံတွေ ယူခိုင်းရတဲ့အဖြစ်ကို ဆိုက်ရောက်တယ်” ဟု ပြောသည်။ coronavirus ကူးစက်မှုကြောင့် ၂၅ နှစ်တာအတွင်း ရေနံ ဝယ်လိုအား အနည်းဆုံးသို့ အလွန်အမင်းကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးရေကြောင်း ပို့ဆောင်ရေးဆိပ်ကမ်းများ အပြင်ကျောက်ချအရပ်များတွင် မဟာ့မဟာအကြီးစား supergiant ရေနံတင်သင်္ဘောများဖြင့် ရေနံများ အပြည့်ထည့်ပြီး သိုလှောင်ခဲ့ကြရာ ရေနံစည် စုစုပေါင်း သန်း ၁၆၀ ဝန်းကျင် ရှိသည်။ အမေရိကန်ပြည်တွင်း ထုတ်လုပ်မှုကဏ္ဍအဖို့ လုပ်ငန်းများ ရပ်ဆိုင်းထားဖို့သာ ရှိတော့သည်ဟု ကြေညာထားသည်။

ကမ္ဘာ့ရေနံဈေးနှုန်းသည် ဇန်နဝါရီလအတွင်း brent ရေနံစိမ်းသည် ကန်ဒေါ်လာ ၆၉ နီးပါးအထိ မြင့်တက်ခဲ့ပြီး မတ်လအကုန်တွင် တစ်စည်လျှင် ၂၃ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

အေမရိကန္ေရနံေဈးႏႈန္း သုညေအာက္ (-)၃၈ ေဒၚလာသို႔ က်ဆင္း


အေမရိကန္ေရနံစိမ္းသည္ ‌ေဈးႏႈန္း သုံညေအာက္သို႔ ေရာက္ၿပိး အႏုတ္လကၡဏာ ျပသြားသည္ကို သမိုင္းေၾကာင္းတြင္ ပထမဆုံးအႀကိမ္ ၾကံဳရသည္။

အေမရိကန္ေရနံေစ်းႏႈန္းမ်ားသည္ တနလၤာေန႔တြင္ ပထမဆုံးအႀကိမ္အျဖစ္ အဆိုး႐ြားဆုံးျဖစ္ခဲ့သည္။ ေျမာက္အေမရိက၏ ေရနံထုတ္လုပ္သူမ်ားသည္ coronavirus အက်ပ္အတည္းေၾကာင့္ မႀကဳံစဖူး ပိုလွ်ေနေသာ ေရနံစိမ္းမ်ားကို သိုေလွာင္ရန္ ေနရာမက်န္ေတာ့ေခ်။

အေမရိကန္ေရနံစိမ္းေဈးႏႈန္းသည္ တစ္စည္လွ်င္ ၁၈ ေဒၚလာမွ (-)၃၈ ေဒၚလာသို႔ က်ဆင္းခဲ့ၿပီး နာရီပိုင္းအတြင္း က်ဆင္းသြားခဲ့ျခင္း ျဖစ္သည္။
ေရနံထုတ္လုပ္သူမ်ားသည္ လက္ထဲပိုလွ်ံေနေသာ ေရနံစိမ္းမ်ား သိုေလွာင္ရန္ ေနရာ မရွိေတာ့သျဖင့္ ေနရာရွိေနေသးေသာ ၀ယ္လက္မ်ားအား တစ္စည္လွ်င္ ၃၈ ေဒၚလာ ေပးၿပီး သယ္ယူခိုင္းခဲ့ၾကရသည္အထိ ျဖစ္သြားေသာေၾကာင့္ ေရနံ၀ယ္သူက တစ္စည္၀ယ္တိုင္း ေရနံတစ္စည္ ရရွိသည့္အျပင္ ၃၈ ေဒၚလာကို ေရနံထုတ္လုပ္သူထံမွ ရရွိသည္။

သုေတသနကုမၸဏီ Rystad Energy မွေရနံအႀကီးအကဲ Bjornar Tonhaugen က“ ကမာၻလုံးဆိုင္ရာ ေရာင္းလိုအားႏွင့္ ဝယ္လိုအားမညီမွ်မႈ ျပႆနာဟာ ေစ်းႏႈန္းမ်ားနဲ႔စတင္ေပၚေပါက္လာတယ္။ ၀ယ္လိုအား အေတာ္အတန္နည္းပါးေနတဲ့အတြက္ သိုေလွာင္ကန္ေတြဟာ တစ္ေန႔ၿပီးတစ္ေန႔ ျပည့္ျပည့္လာတယ္။ ေနာက္ဆုံး ထားစရာ ေနရာ မက်န္ေတာ့ဘူး။ ေနရာက်န္တဲ့ ၀ယ္ယူသူေတြကို ေငြေပးၿပီး ေရနံေတြ ယူခိုင္းရတဲ့အျဖစ္ကို ဆိုက္ေရာက္တယ္” ဟု ေျပာသည္။ coronavirus ကူးစက္မႈေၾကာင့္ ၂၅ ႏွစ္တာအတြင္း ေရနံ ၀ယ္လိုအား အနည္းဆုံးသို႔ အလြန္အမင္းက်ဆင္းသြားခဲ့ျခင္း ျဖစ္သည္။

ကမာၻ႔အႀကီးဆုံးေရေၾကာင္း ပို႔ေဆာင္ေရးဆိပ္ကမ္းမ်ား အျပင္ေက်ာက္ခ်အရပ္မ်ားတြင္ မဟာ့မဟာအႀကီးစား supergiant ေရနံတင္သေဘၤာမ်ားျဖင့္ ေရနံမ်ား အျပည့္ထည့္ၿပီး သိုေလွာင္ခဲ့ၾကရာ ေရနံစည္ စုစုေပါင္း သန္း ၁၆၀ ၀န္းက်င္ ရွိသည္။ အေမရိကန္ျပည္တြင္း ထုတ္လုပ္မႈက႑အဖို႔ လုပ္ငန္းမ်ား ရပ္ဆိုင္းထားဖို႔သာ ရွိေတာ့သည္ဟု ေၾကညာထားသည္။

ကမာၻ႔ေရနံေဈးႏႈန္းသည္ ဇန္နဝါရီလအတြင္း brent ေရနံစိမ္းသည္ ကန္ေဒၚလာ ၆၉ နီးပါးအထိ ျမင့္တက္ခဲ့ၿပီး မတ္လအကုန္တြင္ တစ္စည္လွ်င္ ၂၃ ေဒၚလာသို႔ က်ဆင္းခဲ့သည္။

Read times
Rate this item
(0 votes)