AirAsia ရဲ့ လောဂျစ်စတစ် လက်တံ Teleport က မလေးရှား အွန်လိုင်း စားစရာပို့ ပလက်ဖောင်း DeliverEat ကို ဝယ်ယူလိုက်ပြီး လောဂျစ်စတစ်လက်တံကို ထပ်မံ ဆန့်ထုတ်လိုက်တယ်။
ပီနန်ကျွန်း အခြေစိုက် DeliverEat ကို AirAsia က အမေရိကန်ဒေါ်လာ ၉.၈ သန်းဖြင့် ဝယ်ယူလိုက်တယ်။
အရောင်းအဝယ် သဘောတူချက်များအရ DeliverEat ကို ထူထောင်သူတွေ ဖြစ်ကြတဲ့ Leong Shir Mein နဲ့ Tan Suan Sear တို့ နှစ်ဦးစလုံး စီမံခန့်ခွဲရေးအဖွဲ့မှာ ဆက်လက်ပါဝင်ကြမှာ ဖြစ်ပြီး AirAsia ရဲ့ Teleport မှာ ရှိတဲ့ စီမံခန့်ခွဲရေး အဖွဲ့နဲ့ ပေါင်းစည်းလုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။
Teleport ရဲ့ အဆုံးတိုင်ရည်မှန်ချက် တစ်ခုက အရှေ့တောင်အာရှတစ်ခွင်လုံးမှာ ၂၄ နာရီပတ်လည် လုပ်ကိုင်တဲ့ စားစရာ အိမ်တိုင်ရာရောက်ပေးပို့တဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။
အရောင်းအဝယ် ကိစ္စအဝဝတို့ကို ၂၀၂၁ ခုနှစ် တတိယသုံးပတ်အတွင်း အပြီးအစီး လုပ်ကိုင်မှာ ဖြစ်ပါတယ်။
AirAsia ရဲ့ CEO ဖြစ်သူ Tony Fernandes ရဲ့ အဆိုအရ အာဆီယံမှာ တန်ဖိုးအထားဆုံး ပစ္စည်းပေးပို့ရေး ကုမ္ပဏီတစ်ခု ဖြစ်လာဖို့ လုပ်ငန်းစုရဲ့ မြော်မြင်ချက်အတွက် အပိုင်းကဏ္ဍတစ်ခုအဖြစ် DeliverEat ကို ဝယ်ယူလိုက်ခြင်း ဖြစ်ပါတယ်။ AirAsia ကို ထုတ်လုပ်သူမှ စားသုံးသူအထိ အစမှ အဆုံးတိုင် အပြည့်အစုံ လုပ်ကိုင်တဲ့ လောဂျစ်စတစ် ကွင်းဆက်တစ်ခု ဖြစ်လာစေရန် ဦးတည်ချက် ထားရှိတယ်။
ဩဂုတ်လဆန်းမှာ AirAsia က ထိုင်းနိုင်ငံမှာ စားစရာ အိမ်တိုင်ရာရောက်ပေးပို့တဲ့ လုပ်ငန်း လုပ်ကိုင်နေတဲ့ GoJek Thailand ကို ဝယ်ယူခဲ့ပါတယ်။
beamstart.com