Investment

Petronas က LNG သင်္ဘော ၉ စီး တိုးချဲ့သုံးစွဲရန် သင်္ဘောလိုင်း ၃ ခု ရွေးချယ်

Petronas က LNG သင်္ဘော ၉ စီး တိုးချဲ့သုံးစွဲရန် သင်္ဘောလိုင်း ၃ ခု ရွေးချယ်

 

မလေးရှားမှ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း Petronas က LNG သင်္ဘော ၉ စီး တိုးချဲ့သုံးစွဲရန် သင်္ဘောလိုင်း ၃ ခုကို ရွေးချယ်ကြောင်း ထုတ်ပြန်ကြေညာသည်။

LNG သင်္ဘောများ တိုးချဲ့သုံးစွဲမည့် အစီအစဉ်အတွက် သင်္ဘောလိုင်းများကို ကန်ထရိုက်အပ်နှင်းခြင်း ဖြစ်သည်။ 

သင်္ဘောလိုင်း ၃ ခုတွင် ၂ ခုမှာ တောင်ကိုရီးယား သင်္ဘောလိုင်းများ ဖြစ်ကြသည့် H-Line Shipping နှင့် SK Shipping တို့ဖြစ်သည်။ ကျန်သည့်တစ်လိုင်းမှာ ဂရိသင်္ဘောလိုင်း TMS Cardiff Gas ဖြစ်သည်။

Petronas ကန်ထရိုက်အတွက် သုံးစွဲရန် H-Line Shipping က 180,000 cu m တင်ဆောင်နိုင်သော LNG သင်္ဘော ၃ စီးကို Samsung Heavy Industries သင်္ဘောကျင်းတွင် မှာကြားထားရာ ၂၀၂၅ ခုနှစ်တွင် သင်္ဘော ၃ စီးစလုံး အပြီးအစီး တည်ဆောက်ပေးမည် ဖြစ်သည်။

SK Shipping က 174,000 cu m တင်ဆောင်နိုင်သော LNG သင်္ဘော ၄ စီးကို Hyundai Samho သင်္ဘောကျင်းနှင့် Hyundai Heavy သင်္ဘောကျင်းတို့တွင် မှာကြားထားရာ သင်္ဘောအားလုံး ၂၀၂၅ တွင် းအစီး တည်ဆောက်ပေးမည် ဖြစ်သည်။

TMS Cardiff Gas က Samsung Heavy Industries သင်္ဘောကျင်းတွင် 174,000 cu m တင်ဆောင်နိုင်သော သင်္ဘော ၂ စီး မှာကြားထားရာ ၂၀၂၆ တွင် ၂စီးစလုံး တည်ဆောက်ပြီးစီးမည် ဖြစ်သည်။

 

splash247

Read times
Rate this item
(0 votes)