စင်ကာပူလေကြောင်းလိုင်း၏ Vistara နှင့် Air India ပေါင်းစည်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စင်ကာပူလေကြောင်းလိုင်း (SIA) သည် ၎င်း၏ Vistara ဈေးနှုန်းချိုသာ ဘတ်ဂျက်လေကြောင်းလိုင်းကို အိန္ဒိယနိုင်ငံမှ မဟာကုမ္ပဏီစုကြီး Tata Sons ၏ Air India နှင့် ပူးပေါင်းပြီး ဖက်စပ်လုပ်ငန်း ထူထောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းဖက်စပ်လုပ်ငန်းတွင် Singapore Airlines Ltd က ၂၁.၅% ပိုင်ဆိုင်မည် ဖြစ်သည်။
အန္ဒိယနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်း Air India ကို Tata Sons က ဝယ်ယူပိုင်ဆိုင်ထားပါသည်။
SIA သည် Air India တွင် စင်ကာပူဒေါ်လာ သန်း ၃၆၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ကုမ္ပဏီနှစ်ခုစလုံးသည် စည်းမျဉ်းစည်းကမ်းခွင့်ပြုချက်များ ရယူပြီးသောအခါ ၂၀၂၄ ခုနှစ် မတ်လတွင် ပေါင်းစပ်မှုကို အပြီးသတ်ရန် ရည်မှန်းထားသည်။
SIA သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုမ္ပဏီလက်ထဲ ရှိနေသည့် စင်ဒေါ်လာ ၁၇.၅
ဘီလီယံမှ ငွေသားရင်းမြစ်များဖြင့် ယခု ရင်းနှီးမြှုပ်နှံမှုကို ထည့်ဝင်မည်ဖြစ်သည်။ ဘဏ်ချေးငွေ ရယူခြင်း မပြုပါ။
အိန္ဒိယသည် လက်ရှိတွင် ကမ္ဘာ့တတိယအကြီးဆုံး လေကြောင်းဈေးကွက်ဖြစ်ပြီး ခရီးသည်များ သွားလာမှု မြင့်တက်လာနေသဖြင့် လေကြောင်းခရီးသွားလာမှုသည် လာမည့် ၁၀ နှစ်အတွင်း နှစ်ဆကျော် တိုးလာမည်ဟု ခန့်မှန်းထားသည်။
ပေါင်းစည်းခြင်းသည် အိန္ဒိယနိုင်ငံတွင် SIA ၏တည်ရှိမှုကို အားတောင့်တင်းစေမည်ဖြစ်ပြီး SIA ၏ ဗဟိုချက်အများအပြား ထားရှိရေး မဟာဗျူဟာကို အားကောင်းလာစေကာ ဈေးကွက် အရွယ်အစား ကြီးမားပြီး လျင်မြန်စွာကြီးထွားနေသော အိန္ဒိယလေကြောင်းဈေးကွက်တွင် တိုက်ရိုက်ပါဝင်နိုင်စေမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။
Vistara ၏ လက်ရှိအရွယ်အစားထက် လေးငါးဆ ပိုကြီးမားသည့် အရွယ်အစားကို ရရှိမည်ဖြစ်ရာ ဈေးကွက်ထဲတွင် ပိုမိုတွင်ကျယ်နိုင်စေမည် ဖြစ်သည်။
လေကြောင်းလိုင်းနှစ်ခု ပေါင်းစည်းလိုက်ခြင်းကြောင့် Air India သည် ပုံမှန်ဈေးနှုန်း ဝန်ဆောင်မှု အပြည့်ဖြင့် ပြေးဆွဲခြင်းနှင့် ကုန်ကျစရိတ်သက်သာသော ခရီးသည်ဝန်ဆောင်မှု နှစ်မျိုးလုံးကို လည်ပတ်နိုင်သည့် တစ်ခုတည်းသော အိန္ဒိယလေကြောင်းလိုင်းအုပ်စုဖြစ်လာမည်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာလေကြောင်းလိုင်းနှင့် ဒုတိယအကြီးဆုံး ပြည်တွင်းလေကြောင်းလိုင်းဖြစ်လာမည်။
Source: CNA
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U