သင်္ဘောကျင်းလုပ်ငန်းကြီး Hyundai Heavy Industries Group အမည် ရွှေရတု အချိန်အခါတွင် ပြောင်းလဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Hyundai Heavy Industries Group သည် ၎င်း၏အမည်ကို ပြောင်းလဲလိုက်သည်။
တောင်ကိုရီးယားမှ Hyundai Heavy Industries Group သည် ၎င်း၏အမည်ကို HD Hyundai ဟု ပြောင်းလဲလိုက်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ နာမည်ပြောင်းလဲခြင်းမှာ ကုမ္ပဏီ၏ အမြင်သစ်ကို ကြေညာရန်အတွက် စင်မြင့်အဖြစ် အသုံးပြုသည့် Gyeonggi ပြည်နယ် Seongnam တွင် ကျင်းပသည့် နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေပါသည်။
ကုမ္ပဏီသည် ၎င်း၏ ပင်မစီးပွားရေးအမြင် မဏ္ဍိုင်သုံးရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့မှာ-
-
သင်္ဘောတည်ဆောက်ရေးနှင့် အဏ္ဏဝါကဏ္ဍတွင် ပင်လယ်၏ အဆုံးမရှိသော အလားအလာကို အကောင်အထည်ဖော်ရန်
-
စွမ်းအင်ကဏ္ဍတွင် ရေရှည်တည်တံ့သော အနာဂတ်စွမ်းအင်ဂေဟစနစ်ကို အကောင်အထည်ဖော်ရန်
-
ကာလံဒေသံ၏ ကန့်သတ်ချက်ထက် ကျော်လွန်သော လုပ်ငန်းကဏ္ဍ ဖြေရှင်းပုံများကို ပေးအပ်ရန်
တို့ ဖြစ်ပါသည်။
ရေကြောင်းကဏ္ဍ ကာဘွန်ထုတ်လွှတ်မှု ပပျောက်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့်အညီ ဖြစ်သော နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုသည် စီးပွားရေးလုပ်ငန်းအတွက် အနာဂတ်နှစ် ၅၀ အတွင်း အောင်မြင်မှု၏သော့ချက်ဖြစ်သည်ဟု သတ်မှတ်ထားသည်။
HD Hyundai သည် Korea Shipbuilding and Offshore Engineering (KSOE) ၏ မိခင်ကုမ္ပဏီဖြစ်ပါသည်။
KSOE သည် တောင်ကိုရီးယား ထိပ်တန်းသင်္ဘောကျင်းများ ဖြစ်ကြသည့် Hyundai Heavy Industries, Hyundai Samho Heavy Industries နှင့် Hyundai Mipo Dockyard တို့ကို ကြီးကြပ်ကွပ်ကဲပါသည်။
ယခုနှစ်သည် KSOE ၏ သင်္ဘောကျင်းများ ဝင်ငွေလျာထားချက် ကန်ဒေါ်လာ ၁၇.၄ ဘီလီယံကို ကျော်လွန်ခဲ့ကြသည်။
KSOE သင်္ဘောအသစ်တည်ဆောက်ရန် အစီး ၁၉၀ အမှာစာ ရရှိသည်။ အများစုမှာ LNG တင်သင်္ဘောများ ဖြစ်သည်။ အမှာစာ စုစုပေါင်း ကန်ဒေါ်လာ ၂၂.၈ ဘီလီယံဖိုး ရရှိခဲ့ပါသည်။
Source offshore-energy
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U