Maersk က Maersk Supply Service ကို မိခင်လုပ်ငန်းထံ လွှဲပြောင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ပင်လယ်ကမ်းလွန် ထောက်ပံ့ရေး သင်္ဘောကုမ္ပဏီ Maersk Supply Service ကို A. P. Moller – Maersk က A.P. Moller Group ၏ မိခင်လုပ်ငန်း A.P. Moller Holding လက်အောက်သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်နေကြောင်း ကြေညာချက် ထုတ်ပြန်သည်။
.
Maersk သည် ပို့ဆောင်ရေးကဏ္ဍနှင့် လောဂျစ္စတစ်ကဏ္ဍတို့ကိုသာ လုပ်ကိုင်မည် ဖြစ်ရာ ၎င်းကဏ္ဍနှင့် မသက်ဆိုင်သော လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရှိရာ Maersk Supply Service လည်း ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသည့်စာရင်းထဲမှာ ပါဝင်နေသည်။
၂၀၁၇ မှ ၂၀၁၉ အထိ ကာလအတွင်း Maersk Tankers, Maersk Oil & Gas and Maersk Drilling တို့ထံမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခဲ့ပြီးပြီ ဖြစ်သည်။
.
လက်ရှိတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိသည့် Maersk Supply Services ၏ အတွေ့အကြုံနှင့် ပိုင်ဆိုင်မှုများဖြင့် "ကမ်းလွန်လေအားလျှပ်စစ် လုပ်ငန်းကဏ္ဍကို ဝန်ဆောင်မှုပေးသော ကမ်းလွန် ပင်လယ်ရေကြောင်းကုမ္ပဏီတစ်ခု တည်ထောင်ရန်" မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု A.P. Moller Holding က ပြောကြားသည်။
.
Maersk Supply Service ၏ ရေယာဉ်စုတွင် ရေယာဉ်အမျိုးမျိုး ၃၅ စင်းကျော် ပါဝင်ပြီး ငမ်းလွန်စွမ်းအင်ကဏ္ဍအတွက် ဝန်ဆောင်မှု အမျိုးမျိုး ပေးအပ်လျက်ရှိရာ၌ တွန်း/ဆွဲ ပို့ဆောင်ပေးခြင်း၊ ကျောက်ချပေးခြင်း၊ တွင်းတူစင်သို့ ထောက်ပံ့ပို့ဆောင်ပေးခြင်း၊ ပင်လယ်ရေအောက် လုပ်ကိုင်မှုများတွင် ပါဝင်လုပ်ကိုင်ပေးခြင်း အစရှိသည်တို့ ပါဝင်သည်။
လွှဲပြောင်းခြင်းအတွက် ကန်ဒေါ်လာ ၆၈၅ သန်း ပေးချေရန် သဘောတူညီကြသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ အတည်ပြု ခွင့်ပြုချက် ရရှိပြီးနောက် ၂၀၂၃ ဒုတိယ ၃ လပတ်တွင် လွှဲပြောင်းခြင်း ပြီးမြောက်ရန် မျှော်မှန်းထားသည်။
လွှဲပြောင်းသည့်အထဲတွင် စင်ကာပူတွင် Sembcorp Marine တည်ဆောက်လက်စ ဖြစ်သည့် ကမ်းလွန် လေအားတာဘိုင် တပ်ဆင်ရေး ရေယာဉ် wind turbine installation vessel (WTIV) တစ်စီးလည်း ပါဝင်သည်။ အဆိုပါသင်္ဘောကို ၂၀၂၅ တွင် တည်ဆောက်ပြီးစီးမည် ဖြစ်သည်။
.
Maersk Supply Service သည် လက်ရှိအမည်ဖြင့် ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်။ လိုဂိုကိုလည်း Maersk ၏ ထောင့်ချွန် ၇ ခုပါသည့် ကြယ်အမှတ်အသားကို ဆက်လက်အသုံးပြုမည် ဖြစ်သည်။
.
Maersk Supply Service သည် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်လုပ်ငန်းကဏ္ဍကို ပံ့ပိုးပေးခဲ့သည့် နှစ် ၅၀ ကျော်ကြာအတွင်း တည်ဆောက်ထားသော စွမ်းဆောင်ရည်နှင့် ရေယာဉ်များဖြစ်ပြီး လေအားလျှပ်စစ် လုပ်ငန်းများတွင် ပံ့ပိုးပေးသွားမည်ဟု A.P. Moller Holding ၏ ဘဏ္ဍာရေးမှူးချုပ် Martin Larsen က ပြောကြားပါသည်။
Source gcaptain
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U