တရုတ်ကုန်တင်လေကြောင်းလိုင်း SF Airlines တွင် ကုန်တင်လေယာဉ် ၈၀ စီးအထိ ရှိလာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ၏ အကြီးဆုံး လေကြောင်းကုန်တင်လေယာဉ်လိုင်းဖြစ်သည့် SF Airlines သည် ကုန်တင်လေယာဉ်စီးရေကို ၈၀ စီးအထိ တိုးချဲ့လိုက်သည်။
SF လေကြောင်းလိုင်းအတွက် မှာကြားထားသော Boeing 767-300 ကိုယ်ထည်အကျယ် ကုန်တင်လေယာဉ်တစ်စင်းသည် Shenzhen Bao'an အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး SF Airlines တွင် တာဝန်စတင်ထမ်းဆောင်ခဲ့သည်။
SF Express အမြန်ချောပို့လုပ်ငန်း၏ လက်အောက်ခံ လုပ်ငန်းဖြစ်သော SF Airlines သည် ပြီးခဲ့သည့် ၁၀ နှစ်တာတွင် မှန်တန်း ကြီးထွားလာခဲ့သည်။ နိုင်ငံနှင့် ဒေသ ၈၄ ခုသို့ လေကြောင်းကုန်စည်များ ပို့ဆောင်ပေးလျက် ရှိသည်။
.
SF Airlines ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ Shenzhen တွင် ရုံးချုပ်တည်ရှိပါသည်။ တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် အမြန်ချောပို့ လေကြောင်းလိုင်း ဖြစ်သည်။ SF Airlines ၏ ကုန်တင်လေယာဉ်များတွင် ၃၀% ဝန်းကျင်သည် ကိုယ်ထည်အကျယ် ကုန်တင်လေယာဉ်များ ဖြစ်သည်။
နေ့စဉ် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ် ပျမ်းမျှအားဖြင့် ခေါက်ရေ ၁၅၀ ပျံသန်းသည်။
Source XINHUANET
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U