Investment

Hyundai က ဖိလစ်ပိုင်မှ သင်္ဘောကျင်းကို တိုးချဲ့မည်

Hyundai က ဖိလစ်ပိုင်မှ သင်္ဘောကျင်းကို တိုးချဲ့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တောင်ကိုရီးယားနိုင်ငံမှ HD Hyundai Heavy Industries သင်္ဘောကျင်းလုပ်ငန်းသည် သင်္ဘောပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဖိလစ်ပိုင်နိုင်ငံ ဆူးဘစ်ဘေး Subic Bay ရှိ သင်္ဘောကျင်းတွင်လည်း လုပ်ကိုင်လျက်ရှိသည်။

၎င်းသင်္ဘောကျင်းသည် ယခင်က အမေရိကန်ရေတပ်စခန်းနေရာတွင် တည်ရှိပြီး ယခုအခါ အမေရိကန် ရန်ပုံငွေဖြင့် ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ရာ၌ Hyundai က ပါဝင်လုပ်‌ေဆာင်မည် ဖြစ်သည်။

Subic သင်္ဘောကျင်းသည် ယမန်နှစ်က ပိုင်ရှင် ဒေဝါလီခံသဖြင့် အမေရိကန်မှ ပုဂ္ဂလိကပိုင် လုပ်ငန်း Cerberus Capital Management က ရယူထားသည်။

.

၎င်းသင်္ဘောကျင်း၏ ယခင်ပိုင်ရှင်မှာ တောင်ကိုရီးယားမှ Hanjin Group ဖြစ်ပြီး ဆူးဘစ်တွင် ကန်ဒေါ်လာ ၂.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ၎င်းသင်္ဘောကျင်းတွင် သင်္ဘော အစီး ၁၂၀ ကျော် တည်ဆောက်ခဲ့သည်။ ဝန်ထမ်း ၃၀,၀၀၀ ကျော် အလုပ်ခန့်ထားနိုင်သည်အထိ ကြီးမားခဲ့သည်။ 

.

Hyundai သည် သင်္ဘောတည်ဆောက်ရေးအပါအဝင် ဆူးဘစ်ဘေးရှိ သင်္ဘောကျင်းလုပ်ငန်းကို ချဲ့ထွင်ရန် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားသည်။

.

Hyundai သည် Subic တွင် သင်္ဘောတည်ဆောက်မှုအတွက်  သင်္ဘောကျင်းနှစ်ခုကို အသုံးပြုရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်ကုန်တွင် ထိုနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Hyundai တွင် အလုပ်အကိုင် ၅,၀၀၀ မှ ၂,၅၀၀၀ အထိ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

.

ဆူးဘစ်သင်္ဘောကျင်း ယခင်ပိုင်ရှင် ဒေဝါလီခံသည့်အခါ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားခဲ့သော်လည်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက အမျိုးသားလုဲခြုံရေး ထိခိုက်နိုင်သဖြင့် ကန့်ကွက်ခဲ့သည်။ 

ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် ရေပိုက်နက် အငြင်းပွားလျက်ရှိပြီး အငြင်းပွားသည့် ဧရိယာတွင် တရုတ်နိုင်ငံက ရေတပ်စခန်းတစ်ခုကို လေယာဉ်ကွင်းနှင့်တကွ တည်ဆောက်ထားသည်။

 

Cerberus သည် ဆူးဘစ်လေဆိပ်အား ကုန်စည်နှင့် လော့ဂျစ္စတစ်အချက်အချာအဖြစ် ပြောင်းလဲရန် အဆိုပြုဖို့လည်း စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

၁၉၉၀ ပြည့်လွန်နှစ်များတွင် ဆူးဘစ်မှ အမေရိကန် ရေတပ်စခန်းကို ရုပ်သိမ်းပြီးသောအခါ စက်မှုဇုန်အဖြစ် ထားရှိခဲ့သည်။ အမေရိကန်မှ ချောပို့လုပ်ငန်း FedEx သည် ဆူးဘစ်ကို ဒေသအတွက် အချက်အချာအဖြစ် အသုံးပြုခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ ကွမ်ကျိုသို့ ပြောင်းရွှေ့ခဲ့သည်။

 Source nikkei asia 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)