Investment

Nok Airlines စတော့အိတ်ချိန်းမှ ထုတ်ပယ်ခြင်းခံရနိုင်ဖွယ်ရှိ

Nok Airlines  စတော့အိတ်ချိန်းမှ ထုတ်ပယ်ခြင်းခံရနိုင်ဖွယ်ရှိ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

လေယာဉ်ခ သက်သာသော Nok Airlines သည် ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် သတ်မှတ်ထားသောအချိန်ကာလအတွင်း ၎င်း၏ ၂၀၂၂ ဘဏ္ဍာရေးရလဒ်များကို တင်ပြရန် ပျက်ကွက်ပါက ထိုင်းစတော့အိတ်ချိန်း Stock Exchange of Thailand (SET) မှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်။

 

Nok ကို စာရင်းထုတ်ပယ်ရန် သတ်မှတ်ရက်မှာ ၂၀၂၄ စက်တင်ဘာလ ၈ ရက် ဖြစ်သည်။

 

Nok သည် သတ်မှတ်ထားသော အချိန်ကာလအတွင်း ၎င်း၏ ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြရန် ပျက်ကွက်ခဲ့သည်။

ကုမ္ပဏီသည် လာမည့်နှစ် အောက်တိုဘာလ ၂ ရက်နေ့ နောက်ဆုံးထား၍ ၎င်း၏ထုတ်ပြန်ချက်များကို တင်သွင်းရမည်။ ပျက်ကွက်ပါက စာရင်းမှ ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။

 

SET စည်းမျဉ်းအရ စာရင်းဝင်ကုမ္ပဏီများအား ထုတ်ပယ်ခံရသည့် အကြောင်းရင်းများကို ရှင်းလင်းရန် အချိန် သုံးနှစ်ပေးသည်။ ရှယ်ယာများ အရောင်းအဝယ် ပြန်လည်စတင်ရန်အတွက် လိုအပ်သော သတ်မှတ်ချက်များ ပြည့်မီကြောင်း ရှင်းလင်း တင်ပြ အတည်ပြုရန်  နောက်ထပ်နှစ်နှစ် အချိန်ရသည်။

ထိုသို့ ဆောင်ရွက်နိုင်ခြင်း မရှိပါက SET က ကုမ္ပဏီကို စတော့အိတ်ချိန်း စာရင်းဝင် အဖြစ်မှ ထုတ်ပယ်မည် ဖြစ်သည်။

 

Nok Airlines သည် ယခင်က ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြခဲ့ရာ၌ ၂၀၂၀ ပြည့်နှစ်တွင် ဘတ် ၇.၉၉ ဘီလီယံ အရှုံးပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဘတ် ၁.၄ ဘီလီယံ အရှုံးပေါ်ခဲ့သည်။

 

ယခင်နှစ်များအတွင်းမှာလည်း အရှုံးပေါ်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဘတ် ၁.၈၅ ဘီလီယံ၊

၂၀၁၈ ခုနှစ်တွင် ဘတ် ၂.၆၈ ဘီလီယံ၊

၂၀၁၉ ခုနှစ်တွင် ဘတ် ၂.၀၅ ဘီလီယံ 

အရှုံးပေါ်ခဲ့ပါသည်။

 

Source bangkokpost 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)