Investment

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံဖိုရပ် ကျင်းပ

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံဖိုရပ် ကျင်းပ google

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရပ်ကို သြဂုတ်လ ၂၀ ရက်က ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan - MIPP) တို့ အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါဖိုရပ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ကုန်သည်စက်မှုအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည် ကြီးများအသင်း၊ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

 

ဖိုရပ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marciel တို့မှ " ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ၄င်းစိန်ခေါ်မှုများအတွက် မြန်မာ-ဂျပန်-အမေရိကန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာ၊ ဂျပန်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များက "ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍနှင့် မြန်မာ့ဈေးကွက်တွင် ရင်နှီးမြှုပ်နှံမှု မြှင့်တင်ရန် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

 

မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းတွင် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံသည့် ကားထုတ်လုပ်တပ်ဆင်သည့် စက်ရုံ

 

Source : BETV

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)