Investment

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခု အခွန်သက်သာခွင့်ပြုထား

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခု အခွန်သက်သာခွင့်ပြုထား google

ပြည်ထောင်စုအစိုးရက တင်သွင်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခုအား အခွန်သက်သာခွင့်ပြုထားသည်ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏ စိုးက သြဂုတ် ၂၈ရက်၌ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြည်ထောင်စုအစိုးရ သို့ ရှင်းလင်းတင်ပြစဉ် ပြောဆိုခဲ့ပါတယ်။

 

သက်သာခွင့်ပြုထား

" ဒီနှစ်ကတော့ သက်သာခွင့်ပေးတာနှစ်မျိုးပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက် အကျိုးပြုနိုင်မယ့် ပထမတစ်ချက်ကတော့ အခြေပစ္စည်းတစ်ရပ်ကိုဝယ်ယူခြင်း၊ တည်ဆောက် ခြင်း၊ ရယူခြင်းလုပ်ငန်းများဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ လုပ်ငန်းသစ်တည်ထောင် ခြင်းလုပ်ငန်း ထပ်မံတိုးချဲ့ခြင်းအမျိုးအစား နှစ်ခုကိုပဲ သက်သာခွင့်ပြုထားခြင်းဖြစ်တယ် ဆိုတာ တင်ပြလိုပါတယ်" ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။

 

>>>  Container Services ကွန်တင်နာဝန်ဆောင်မှု ၅၆ ခုကိုရှာဖွေရန်နှိပ်ပါ <<<

 

လုံးဝမသက်ဆိုင်

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုတိုက်ရိုက်အကျိုးပြုနိုင်မည့် အခြေတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင် ရွက်ခြင်း စသည့်အမျိုးအစားနှစ်ခုကိုသာ သက်သာခွင့်ပြုထားခြင်းဖြစ်ကြောင်း ယင်းကဲ့သို့ အခွန်သက်သာခွင့်ပြုခြင်းသည် တရားမဝင် ရရှိသည့်ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ် ခြင်းတို့နှင့်လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စ ရပ်များနှင့်လည်းကောင်း လုံးဝမသက်ဆိုင်ကြောင်းကို ဖော်ပြထားကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

 

 

အခွန်လွတ်ငြိမ်းခွင့်မဟုတ်

 

"အရေးကြီးတဲ့အချက်ကတော့ စည်းကြပ်မှု လွတ်ကင်းနေတဲ့ဝင်ငွေများအတွက်ကို သက်သာခွင့် စီမံဆောင်ရွက်ပေးခြင်းသာလျှင် ဖြစ်ပါတယ်။ အခွန်လွတ်ငြိမ်းခွင့်ပေးတာ မဟုတ်ပါဘူး"ဟု ဒေါက်တာမြတ်ဝဏစိုးက ပြောဆိုချက်အရ သိရပါတယ်။

 

 

အကျိုးကျေးဇူးများရနိုင်

 

ယင်းအဆိုပြုပြဋ္ဌာန်းချက်သည် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေခြင်း၊ ဝင်ငွေခွန်အသစ်တွင် ပါဝင်ခြင်းမရှိ တော့မည့်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်များကို ဥပဒေနှင့်အညီတိကျစွာ အခွန်ထမ်းဆောင်နိုင်ရန် အခွင့်အလမ်းဖော် ထုတ်ပေးခြင်း စသည့်အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါတယ်။

 

>>> Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ <<<

 

ကွာခြားချက်၁၇ချက်

 

အဆိုပါပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမူကြမ်းကို သြဂုတ် ၇ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြည် ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေကြမ်းမှာ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပဋ္ဌာန်းချက်များအပေါ် အခြေခံထားကာ အခန်း ၁၀ ခန်း၊ အပိုဒ် ၄၀ နှင့် နောက်ဆက်တွဲ ဇယားတစ်ခုပါရှိပြီး ယခင်နှစ်က ပြဋ္ဌာန်းခဲ့ သည့် အခွန်အကောက်ဥပဒေနှင့် ကွာခြားချက် ၁၇ ချက်ရှိကြောင်း သိခဲ့ရပါတယ်။

 

Source : Myanmar Time

 


Myanmar 
Logistics Guide

Read times
Rate this item
(1 Vote)