Investment

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆ ခု ဝင်ရောက်

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆ ခု ဝင်ရောက် google

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၁၄.၂၃၃ သန်းရှိတဲ့ ကဏ္ဍ ၃ ခုမှ လုပ်ငန်း ၆ ခု ကို ခွင့်ပြုပေးခဲ့ပါတယ်။

 

ထိုကဏ္ဍ ၃ ခုမှာ လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ နှင့် အိမ်ရာအဆောက်အဦး တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့ပဲ ဖြစ်ပါတယ်။

 

>>> Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ <<<

 

အဆိုပါလုပ်ငန်း ၆ ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ မြန်မာငွေအနေဖြင့် ကျပ် ၂၅,၇၃၃ သန်း ဖြစ်ပြီး ပြည်တွင်းတွင် ရှိသော အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ( ၃၇၄ ) နေရာကို ဖန်တီးနိုင်မည်လဲ ဖြစ်ပါတယ်။

 

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခု တွင် ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈၁,၂၄၉.၁၉၃သန်း ဖြစ်ပါတယ်။

 

>>>Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ<<<

 

ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

 

အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးကို ၂၀၁၉ ခုနှစ် သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၉) ဦး တက်ရောက်ခဲ့ကြပါတယ်။

 

Source: Ministry of investment and Foreign Affair

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)

Related items