Local Industry

Tuesday, 13 March 2018 09:13

စက်သုံးဆီဈေးနှုန်းများ

ယခုတပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ဒီဇယ် တလီတာလျှင် ၈၀၅ ကျပ်၊ အောက်တိန်း ၉၅ တလီတာလျှင် ၇၇၅ ကျပ်၊ အောက်တိန်း ၉၂ တလီတာလျှင် ၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာလျှင် ၈၂၀ ကျပ် ဖြစ်ကြောင်း

Tuesday, 13 March 2018 04:33

ရသေ့တောင်တံတား ယခုလကုန်တွင် ပြီးစီးအောင် တည်ဆောက်မည်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် ရသေ့တောင် တံတားကို ယခုမတ်လကုန်တွင် ပြီးစီးအောင်ဆောင်ရွက်နေကြောင်းသိရသည်။ ယင်းတံတားကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့-၇မှ တာဝန်ယူတည်ဆောက်နေပြီး ယခုအခါ တံတားတည်ဆောက်မှု ၉၄ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊တံတားပြီးစီးပါက တန် ၆ဝ အထိရှိသည့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ တံတားဦးစီးဌာနတံတားအထူးအဖွဲ့-၇မှ ဒုတိယညွှန်ကြားရေးမှူးမှ ထိုတံတားသည် ပြည်နယ်အစိုးရရန်ပုံငွေနှင့်ဆောက်ခြင်းဖြစ်သည်။ ၂ဝ၁၆ခုနှစ် သြဂုတ် ၂၂ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်မတ် ၃၁ တွင် လုပ်ငန်းများ ပြီးစီးရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ငွေကျပ်သန်း ၄ဝဝဝကျော် သုံးစွဲပြီးဆောင်ရွက်နေသော ယင်းတံတားသည် ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့သို့ ဆက်သွယ်သည့် ကားလမ်းမိုင်တိုင် အမှတ်(၂၁/၇)နှင့် (၂၂/၁)အကြားတွင် တည်ရှိသည်။ဧပြီလပိုင်း တွင် တံတား စတင်အသုံးပြုနိုင်သည်ဖြစ်ကြောင်း သိရသည်။ တံတားအရှည်ပေ ၈၈ဝ၊အကျယ်ပေ ၃ဝ၊ယာဉ်သွားလမ်း ၂၄ပေ၊လူသွားလမ်း သုံးပေ နှစ်လက်မနှင့် ရေလမ်းကင်းလွတ်အမြင့် ၁၆ဒသမ ၂၅ပေ၊ရေလမ်းကင်းလွတ်အကျယ် ၁ဝ၂ပေ ရှိပြီး တံတားအပေါ်ထည်အား သံကူကွန်ကရစ်ရက်မ၊သံကူကွန်ကရစ် ကြမ်းခင်းတို့ဖြင့် လည်းကောင်း၊အောက်ထည်အုတ်မြစ်ကို ဘိုးပိုင်ဖောင်ဒေးရှင်းဖြင့် လည်းကောင်းတည်ဆောက်ထားသည်။ ယခင်က ဒေသခံများအနေဖြင့် ပုဏ္ဏားကျွန်းမှ ရသေ့တောင်မြို့သို့ စက်လှေဖြင့်လည်းကောင်း၊ရသေ့တောင်မြို့မှ စစ်တွေမြို့သို့ စက်လှေ၊သင်္ဘောတို့ဖြင့် လည်းကောင်းရေလမ်းခရီးကိုသာ အားကိုး၍ သွားလာခဲ့ကြရကြောင်း သိရသည်။ ရသေ့တောင်တံတားပြီးစီးပါက ပုဏ္ဏားကျွန်းမှ ရသေ့တောင်သို့ဒေသခံပြည်သူများကားလမ်းဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း၊ထို့ပြင် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်မည်ဖြစ်သည့် အပြင် ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး၊ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမို တိုးတက်ကောင်းမွန်ရန်များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Source:Mirror Readဒလတံတား တည်ဆောက်မည့် ဆောက်လုပ်ရေး ကန်ထရိုက်တာကို မက်လကုန်တွင်ရွေးချယ်မည် ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းဧရိယာ အတွင်းရှိ နစ်နာသူများအတွက် ကျပ် ၁ ဒသမ ၅ ဘီလီပေးလျော်ထားဟုဆို http://www.logisticsguide.com.mm/en/what-new/latest-updates/550-the-end-of-the-bridge-which-will-be-built-contractor-max-selected-within-the-project-area-currently-pay-1-million-for-losses-of-5-billion-say.html

Monday, 12 March 2018 09:31

3rd Myanmar-Japan Joint Economic Conference

ဂျပန်နိုင်ငံ Japan-Myanmar Economic Committee, KEIDANREN ဥက္ကဌ - Mr. Ken KOBAYASHI ဦးဆောင်၍ စီးပွားရေးလုပ်ငန်းရှင် (၅၀) ဦးခန့်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့​သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးရည်ရွယ်၍

Friday, 09 March 2018 10:32

ပြည်တွင်းရှိ အသေးစား နှင့် အလတ်စားလုပ်ငန်းများ၏ ကုမ္ပဏီမှတ်ပုံတင်ကြေးကို ဧပြီ ၁ ရက်မှစ၍ လျှော့ချကောက်ခံ

ပြည်တွင်းရှိ အသေးစား နှင့် အလတ်စား (SME) လုပ်ငန်းများ၏ ကုမ္ပဏီမှတ်ပုံတင်ကြေးကို ဧပြီ ၁ ရက်နေ့မှစတင်ကာ လျှော့ချကောက်ခံပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မတီ(MIC)မှ သိပါတယ်။

Thursday, 08 March 2018 09:33

Logistics နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းပြော

နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ (၁၅)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက

Thursday, 08 March 2018 08:27

သီလဝါအတွက် အခြေခံအဆောက်အအုံ ၂ဝ၂၁ တွင် ရာနှုန်းပြည့် ပြီးမည်

သီလဝါတွင် အထူးစီးပွားရေးဇုန်ကြီးတစ်ခုလုံးတွက် အဓိကလိုအပ်သော အခြေခံအဆောက်အအုံများထဲတွင် ယခုနှစ်ကာလအပါအဝင် လာမည့်လေးနှစ်တာ ကာလတွင် ရာနှုန်းပြည့် ပြီးစီးမည်ဟု ဇုန်စီမံခန့်ခွဲရေးကော်မတီ ဂျပန်အစိုးရတာဝန်ရှိသူများက မတ် ၇ ရက်က ပြောသည်။

Wednesday, 07 March 2018 11:15

နောက်ဆုံးရ ကမ္ဘာ့စီးပွားရေး သတင်းများ

တောင်ကိုရီးယား လက်ကိုင်အိတ်လုပ်ငန်းရှင်ကန်နီပတ် ဘီလျံနာဖြစ်လာဆယ်စုနှစ်သုံးစုကျော် ထင်ရှားလာခဲ့သည့် Michael Kors, Mark Jacobs, Coach စသည့် နာမည်ကျော် အိတ်အကောင်းစားများ ထုတ်လုပ်သူ တောင်ကိုရီးယား

Tuesday, 06 March 2018 03:58

ယခုနှစ် ပထမခြောက်လပတ်တွင် အခွန်ငွေသည် ယခင်ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၅၃၀ ကျော်ပိုမိုရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ကာလအတွင်း ကောက်ခံရရှိသော အခွန်ငွေပမာဏသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ကာလထက် ပိုမိုကာငွေကျပ်ဘီလီယံ ၅၃၀ ကျော်ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောဆိုချက် အရသိရှိရပါသည်။

Monday, 05 March 2018 07:04

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း၁၀ဝခန့် ရှိသည့် စတီးစက်ရုံ သီလဝါအထူး စီးပွားရေးဇုန်(ဘီ)၌ ဂျပန်ကုမ္ပဏီတစ်ခု ဝင်ရောက်မြှုပ်နှံ

သီလဝါအထူးစီးပွားရေးဇုန်(ဘီ)၌ ပထမဆုံးရင်းနှီးမြှုပ်နှံမည့် JFE MERANTI Myanmar ကုမ္ပဏီလီမိတက်၏ JFE Steel Corporation စက်ရုံကို ၂၀၁၈ခုနှစ် အတွင်းစတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းအားလုံးကို ပြီးစီးမည်ဖြစ်သည်ဟု မတ် ၁ရက်က သိရှိသည်။