Local Industry

Wednesday, 14 February 2018 11:09

မင်းဘူးရှိ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ တစ်ယူနစ် ကျပ် ၁၆၀ ခန့်ဖြင့် ဝယ်ယူ

မင်းဘူးမြို့နယ်တွင် ထိုင်းနိုင်ငံမှ BOT စနစ်ဖြင့် အကောင်အထည်ဖော်ထားရှိသည့် မြန်မာ့ပထမဆုံး နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လျှပ်စစ်တစ်ယူနစ်လျှင် ကန်ဒေါ်လာ ၁၂ ဆင့် (ကျပ် ၁၆၀ ခန့်) ဖြင့် ဝယ်ယူရထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောခဲ့သည်။ယခင် အစိုးရလက်ထက်၌ သဘောတူစာချုပ်ချုပ်ခဲ့၍ အဆို ပါဈေးနှုန်းဖြင့် ဝယ်ယူရခြင်းဖြစ်သည်။

Friday, 09 February 2018 05:29

ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန် ဂျပန်နှင့်အစိုးရ ဆွေးနွေး

ကန်ဒေါ်လာ နှစ်ဘီလီယံခန့် ဟံသာဝတီလေဆိပ်စီမံကိန်း အတွက် တင်ဒါကုမ္ပဏီက ဆက် လက်မလုပ်ကိုင်ပါက ရှေ့ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်အစိုးရက အကူအညီပေးရန် အလွတ်သဘောဆွေးနွေးထားခဲ့ရာ လေကြောင်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောခဲ့သည်။

Tuesday, 06 February 2018 10:05

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း

ထိုင်း၊တရုတ်၊အိန္ဒိယ၊အရှေ့  အလယ်ပိုင်းဈေးကွက် နှင့် ဥရောပဈေးကွက်တို့ကို ချိတ်ဆက်ပေးနိုင်သည့်မြန်မာနိုင်ငံရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်ရန် မြေယာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် နိုင်ငံတကာတင်ဒါများကို ဖိတ်ခေါ်သွားမည်ဖြစ်သည် ဟု ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့် ခွဲမှု ကော်မတီမှသိရှိရသည်။

Monday, 29 January 2018 05:16

ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်စတင်ရန် နိုင်ငံတကာသို့ တင်ဒါ ခေါ်ယူမည်

၂၀၁၃တွင် ရပ်တန့်ခဲ့သည် ကန်ဒေါ်လာ ၁၀ ဘီလီယံတန် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် နိုင်ငံတကာသို့ တင်ဒါခေါ်ယူမည် ဖြစ်သည်။ ထားဝယ်အထူးစီးပွား ရေးဇုန်အား စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်း ကပြောခဲ့သည်။

Wednesday, 24 January 2018 07:44

တစ်လအတွင်း ကန်ဒေါ်လာဈေး ကျပ်၂၀ ကျဆင်း

ပြည်ပပို့ကုန် အား ကောင်းနေသည့် ပွင့်လင်းရာသီ ဇန်နဝါရီအတွင်း ဗဟိုဘဏ် ရည် ညွှန်းငွေလဲနှုန်းသည် ကန်တစ်ဒေါ် လာလျှင် ကျပ် ၂၀ ခန့် ကျဆင်းသည်။ ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းသည် ဇန်နဝါရီ ၂ ရက်တွင် ၁,၃၆၃ ကျပ်မှ ဇန်နဝါရီ ၂၂ ရက် တွင် ၁,၃၄၄ ကျပ်သို့ ကျဆင်းခဲ့ ပြီး ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းကျဆင်းသကဲ့သို့ ပို့ကုန်ရငွေ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၆၆ ကျပ်မှ ၁,၃၄၄ ကျပ်သို့ ကျဆင်းသည်။ လက်ရှိအချိန်သည် မြန်မာ နိုင်ငံ၏ ပို့ကုန်ရာသီဖြစ်ပြီး ဆန်၊ ပြောင်းဖူးစေ့၊ ပဲမျိုးစုံတို့ကို နိုင်ငံ အများစုသို့ တင်ပို့ရောင်းချနေ သည်။ ဒေါ်လာဈေးကျတော့ ပို့ ကုန်သမားတွေအတွက် မကောင်း ဘူး ဟု ပြည်ပသို့ ဆန်တင်ပို့နေ သည့် လုပ်ငန်းရှင် ဦးမျိုးသူရအေး ကပြောခဲ့သည်။ ပြည်ပဈေးကွက်တွင် ကန် တစ်ဒေါ်လာတန်ဖိုးသည် ဇန်နဝါ ရီအတွင်း ၁၃ ကျပ် ကျဆင်းခဲ့သည်။ ဇန်နဝါရီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၀ ကျပ်မှ ဇန်နဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၁,၃၃၇ ကျပ်သို့ ကျဆင်းပြီး ဝယ်လိုအားနည်းနေသည်။ အမေရိကန်အစိုးရ၏ စီးပွား ရေးမူဝါဒ အပြောင်းအလဲကြောင့် နိုင်ငံတကာငွေကြေး ဈေးကွက် တွင် ကန်ဒေါ်လာ တန်ဖိုး ကျဆင်း သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဒေါ်လာတန်ဖိုးကျဆင်းလာသည် ဟု စီးပွားရေးလုပ်ငန်း ရှင်တယော က် ပြောသည်။ ကန်ဒေါ်လာ တန်ဖိုးသည် တရုတ်ယွမ်နှင့် လဲလှယ်မှုနှုန်း သည် ဇန်နဝါရီအတွင်း တစ်ဒေါ် လာလျှင် ၆ ဒသမ ၅၀ ယွန်မှ ၆ ဒသမ ၃၉၉ ယွမ်သို့ ကျဆင်းသည်။ ဂျပန်ယန်းနှင့်လဲလှယ်နှုန်း ၁၁၂ ဒသမ ၆၇ ယန်းမှ ၁၁၀ ဒသမ ၇၆ ယန်းသို့ ကျဆင်းခဲ့သည်။ ကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းကျဆင်းသော်လည်း တရုတ်ယွမ်နှင့် ကျပ်ငွေလဲလှယ်နှုန်း အပြောင်းအလဲနည်းပါးပြီး တစ်ယွမ်လျှင် ၂၀၄ ကျပ်ခန့်ရှိသည်။ Source; 7 Day Daily

Monday, 22 January 2018 08:07

မြန်မာနိုင်ငံ၏အကြွေး ၂နှစ်အတွင်း ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ပိုများလာ

မြန်မာနိုင်ငံက ပြည်တွင်း၊ ပြည်ပသို့ပေးရမည့် အကြွေးသည် ၂ နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ပိုများလာခဲ့သည်။

Friday, 19 January 2018 09:12

မကြာမီ မြန်မာ့စီးပွားရေးအရှိန်ကောင်းလာမည်ဟု Oxford Business Group ခန့်မှန်း

ရခိုင်ပြည်နယ် ပဋိပက္ခ နှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှု နှေးကွေးခြင်းကြောင့် ၂၀၁၇ တွင်စိုးရိမ်စိတ်များ ရှိသော်လည်း ယခင်က အကောင်အထည်ဖော် ခဲ့သည် စီးပွားရေးလုပ်ငန်းများ ကြောင့် မြန်မာ့စီးပွားရေးသည် လတ်တလောနှင့် မကြာမီ အရှိန် ကောင်းလာမည်ဟု OBG (OxfordBusiness Group) က ခန့်မှန်းသည်။

Thursday, 18 January 2018 10:46

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ

ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၃၀ရာခိုင်နှုန်းနှင့်တရုတ်အစိုးရ ပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းဆိုသည်။

Tuesday, 16 January 2018 05:38

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် EIA/SIA လုပ်ငန်းများ စတင်မည်

အကောင်အထည်ဖော် ရန် နှောင့်နှေးနေသည့် ကျောက် ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း ကို စတင်အကောင်အထည်ဖော် ရေး သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုဆိုင်ရာ (EIA/SIA) စစ်တမ်းလေ့လာမှုများ စတင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဆိုသည်။