Local Industry

Thursday, 30 November 2017 04:52

အငြင်းပွားရေပြင်ပေါ် ဖြတ်ကျော်မည့် ဒလတံတား

ဒလတံတားစီမံကိန်းကို ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်နေသူတို့က ဝေဖန်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကမူ ယင်းတံတားကို အဆိုပြုခဲ့သည့် လွန်ခဲ့သော နှစ်များကတည်းက ကန့်ကွက်သင့်ကြောင်း ဆိုသည်။ ရန်ကုန်မြို့လယ် ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်နေသူများသည် တံတားဆောက်လုပ်ငန်းများ စတင်ရန် လအနည်းငယ်အလိုတွင် ရန်ကုန်-ဒလတံတား တည်ဆောက်ရေးလုပ်ငန်းကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ တံတားတည်ဆောက်ရန်အဆိုကို ပထမဆုံးတင်သွင်းခဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဖြစ်သည်။ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်နေသူတို့သည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စီမံကိန်း ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေကြသည်ဟု စွပ်စွဲပြောကြားကြပြီး ဆိပ်ကမ်းလုပ်ငန်း ကုမ္ပဏီများကမူ သူတို့နှင့် မည်သည့်အချိန်ကမျှ မှန်မှန်ကန်ကန် ညှိနှိုင်းတိုင်ပင်မှု မရှိခဲ့ကြောင်း ပြောသည်။ စီမံကိန်းပါ တံတားအမြင့် လက်ရှိသတ်မှတ်ချက်မှာ ၄၉ မီတာဖြစ်သည့်အတွက် နောင်အနာဂတ် မြို့လယ်ဆိပ်ကမ်းများ ချဲ့ထွင်ရေးစီမံကိန်းကို အနှောက်အယှက် ပြုနိုင်ကြောင်း မြန်မာ့စက်မှုဆိပ်ကမ်း Myanmar Industrial Port (MIP) ၏ အထွေထွေမန်နေဂျာ ဦးသိန်းဌေးက ပြောသည်။ “စီမံကိန်းကို ဖျက်ပစ်ဖို့ ကျွန်တော်တို့ အဆိုပြုနေတာ မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်နိုင်ဖို့အတွက် တခြားနည်းလမ်းရှာဖို့ ပြောနေတာပါ” ဟု ၎င်းက ပြောသည်။ ယခုစီမံကိန်းအစား အစိုးရက မြေအောက်လိုဏ်ခေါင်းကို အသုံးပြုပြီး ဖွံ့ဖြိုးမှုနိမ့်ကျသော ဒလမြို့နယ်ကို ရန်ကုန်မြို့နှင့် ဆက်သွယ်ပေးသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ပါက ဆောက်လုပ်စရိတ် သက်သာပြီး တာရှည်ခံနိုင်မည်ဖြစ်ကြောင်း ဦးသိန်းဌေးက အကြံပြုသည်။ အေးရှားဝေါလ်ဆိပ်ကမ်း Asia World Port Terminal ၊ ဗိုလ်အောင်ကျော်ဆိပ်ခံတံတားနှင့် တပ်မတော်ပိုင် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁) Ahlone International Port Terminal 1 တို့အပါအဝင် အဓိက မြို့လယ်ဆိပ်ကမ်းကြီးများကလည်း တံတားတည်ဆောက်ရေးကို ဆန့်ကျင်ကြကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ရန်ကုန်မြစ်တွင်း စက်မှုဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နားထားသည့် သင်္ဘောများ။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ လွှတ်တော်ကိုယ်စားလှယ်များကမူ ယခုစီမံကိန်းကို မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားဟု တရားဝင် လူသိများခဲ့ပြီး ယခုတံတားကို ဆိပ်ကမ်းလုပ်ငန်း ကုမ္ပဏီများက ကန့်ကွက်မည်ဆိုပါက နှစ်ပေါင်းများစွာ ကတည်းကပင် ပွင့်လင်းစွာ ပြောကြားသင့်ကြောင်း ပြောသည်။ ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သူများသည် ဦးသိန်းစိန်အစိုးရလက်ထက်က အစိုးရအဖွဲ့တွင် ပါဝင်သော စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ဆက်ဆံရေးကောင်းမွန်နေသဖြင့် ယင်းအစိုးရလက်ထက်က စီမံကိန်းကို မဆန့်ကျင်ခဲ့ကြကြောင်း ဒလမြို့နယ်၊ အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြအေးက ပြောသည်။ “အခုတော့ အင်န်အယ်လ်ဒီက အာဏာရနေပြီး အခွင့်အရေးတွေ ထပ်လိုချင်လို့ သူတို့က တမင်သက်သက် ကန့်ကွက်နေကြတာပါ” ဟု ၎င်းကပြောသည်။ “ဒီစီမံကိန်းသာ အကောင်အထည် ပေါ်မလာဘူးဆိုရင် ရန်ကုန်တောင်ပိုင်း တစ်ခုလုံးရဲ့ အနာဂတ် မျှော်လင့်ချက် တစ်ခုလုံး ပျက်သုဉ်းသွားပါလိမ့်မယ်” တောင်ကိုရီးယား ကျောထောက်နောက်ခံဖြင့် ဆောင်ရွက်မည့်စီမံကိန်းကို ၂၀၁၂ ခုနှစ် မေလက ယခင်သမ္မတ ဦးသိန်းစိန် ယင်းနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်က ပထမအကြိမ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံမှ အတိုးနှုန်းသက်သာသော ချေးငွေ Soft Loan အမေရိကန်ဒေါ်လာ ၁၃၈ သန်းအတွက် အစိုးရ၏ ပန်ကြားချက်ကို ပြည်သူ့လွှတ်တော်က ၂၀၁၅ ခု မေလတွင် အတည်ပြုပေးခဲ့ပြီး သဘောတူစာချုပ်ကို နိုဝင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့သည်။ လုပ်ငန်းစတင်သည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည်။ ၁,၈၇၂ မီတာရှည် တံတားအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ သန်းရှိမည်ဟု ခန့်မှန်းထားရာ ကျန်အသုံးစရိတ်ကို အစိုးရက ကျခံမည်ဖြစ်သည်။ မေလတွင် ကျင်းပသည့် အစည်းအဝေး၌ ရန်ကုန်အစိုးရ၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရ လုပ်ငန်းဌာနများနှင့် တောင်ကိုရီးယား ကန်ထရိုက်တာများသည် အမြင့် ၄၉ မီတာ သတ်မှတ်ချက်အပါအဝင် ဗိသုကာဒီဇိုင်းကို သဘောတူခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းကို ယခုနှစ်တွင်စတင်ပြီး ၂၀၂၁ ခုနှစ်၌ အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။ မြန်မာ့စက်မှုဆိပ်ကမ်း MIP ကိုယ်စားလှယ်များလည်း မေလအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ဒီဇိုင်းကို သဘောတူခဲ့ကြကြောင်း ဦးစိန်မြအေးက ပြောသည်။ သို့သော် ကုမ္ပဏီမှ တာဝန်ရှိသူများကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ ချေးငွေကို စက်တင်ဘာ ၁၂ ရက်တွင် အစိုးရထံ လွှဲပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ နောက်ဆုံးအချိန်ရောက်မှ ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သူများက အဘယ့်ကြောင့် ကန့်ကွက်ပြောဆိုရန် ဆုံးဖြတ်ခဲ့ကြပါသနည်းဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ (အင်န်အယ်လ်ဒီအမတ်၊ ဒဂုံ -၂ မဲဆန္ဒနယ်) က မေးခွန်းထုတ်ခဲ့သည်။ တံတားနေရာတွင် ဥမင်လိုဏ်ခေါင်းဖြင့် အစားထိုးမည်ဆိုပါက အကုန်အကျ သက်သာမည်ဆိုသောအချက်ကို ၎င်းကငြင်းပယ်ခဲ့ပြီး ဒီဇိုင်းသစ်ဆွဲရန် အချိန်ယူရမည်ဖြစ်သဖြင့် နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာ သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ “ဥမင်လိုဏ်ခေါင်းက တံတားထက် ကုန်ကျစရိတ် သက်သာလိမ့်မယ်လို့ သူတို့ ဘာကြောင့်ပြောတယ်ဆိုတာ ကျွန်တော် သိချင်တယ်။ ဒီကိစ္စကို ပြည်ထောင်စုအစိုးရကပဲ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။ အစိုးရက ဒလဒေသခံများ၏ အမြင်များကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ထပ်လောင်းပြောကြားသည်။ ကန့်ကွက်ပြောဆိုမှုများကြောင့် စီမံကိန်းနှောင့်နှေးခြင်း၊ သို့မဟုတ် ဖျက်သိမ်းခြင်းများ ဖြစ်လာမည်ကို ပြည်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒလဒေသခံ ကိုမျိုးစန်းက ပြောသည်။ ဒလဒေသခံများ မြို့ထဲသို့ အလွယ်တကူ သွားနိုင်ပြီး၊ အထူးသဖြင့် ကူးတို့များ မရှိတော့သော ညဘက်တွင် တံတားက ပိုမိုလွယ်ကူစွာ ဆောင်ကြဉ်းပေးနိုင်ကြောင်း ၎င်းကပြောသည်။ “ဒီတံတားဆောက်ဖြစ်ဖို့ လူတိုင်းက ဆုတောင်းနေကြတယ်” ဟု ကိုမျိုးစန်းက ပြောသည်။ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်သူများသည် ပြည်ထောင်စုလွှတ်တော်မှ ဆန့်ကျင်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။ ဆန့်ကျင်ကန့်ကွက်မှု တစ်ခုတည်းကြောင့် အစိုးရက စီမံကိန်းကို မရပ်တန့်နိုင်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မြို့နယ်) က ပြောသည်။ “အစိုးရက မြေပြင်အခြေအနေကိုလည်း စစ်ဆေးဖို့ လိုဦးမှာပေါ့ ” ဟု ၎င်းကပြောသည်။ ညနေခင်း ဆည်းဆာအလှနောက်ခံလျက် ဒလ-ရန်ကုန်ကူးတို့ သင်္ဘော တစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝေဖန်ချက်ကို Frontier က ဆက်သွယ်မေးမြန်းခဲ့သော်လည်း စီမံကိန်းအတွက် တာဝန်ရှိပုဂ္ဂိုလ် ခရီးသွားနေကြောင်းသာ သိခဲ့ရသည်။ သို့သော် မြန်မာ့စက်မှုဆိပ်ကမ်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀ ထုတ်ချေးမည်ဟု ၂၀၁၆ ခုနှစ် ဧပြီလက ကြေညာခဲ့သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation-IFC တွင် ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သူများက မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို ရရှိခဲ့သည်။ ထိုကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံလုံးဆိုင်ရာ မန်နေဂျာ မစ္စတာ ဗီကရန်ကူးမားက ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများ တိုးချဲ့သည့်အခါ အခက်အခဲများ ရှောင်ရှားနိုင်ရေးအတွက် တံတားအမြင့် မည်မျှထားမည်ဟူသောအချက် အပါအဝင် စီမံကိန်းကို “လွတ်လပ်စွာ” အကဲဖြတ်ရေးက “အရေးပါ” သည်ဟု သူယုံကြည်ကြောင်း ပြောသည်။ “ရန်ကုန်ဆိပ်ကမ်းတွေမှာ ပိုမိုကြီးမားတဲ့သင်္ဘောတွေ လွန်းတင်နိုင်ဖို့် ရေကြောင်းမှာ သောင်တူးဖော်ရေး စီမံကိန်းကို (မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့) က စီမံဆောင်ရွက်နေပါတယ်။ ဒီသင်္ဘောတွေက အနည်းဆုံးအဖြစ် သတ်မှတ်ထားတဲ့အမြင့် လိုအပ်ချက်ထက် ပိုပြီးမြင့်ပါတယ်” ဟု ၎င်းကပြောသည်။ “ဒီအခြေအနေက ရန်ကုန်အဝင်အထွက် သယ်ယူစရိတ်ကို ထူးထူးခြားခြား လျော့ကျစေမှာဖြစ်ပြီး အမျိုးသားစီးပွားရေးကို အထောက်အကူပေးတဲ့ ဒီအကျိုးစီးပွားတွေနဲ့ ဆိပ်ကမ်းတွေရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့တံတားကို ဆောက်လုပ်လို့ရလာမယ့် အကျိုးအမြတ်တွေကို ချိန်ထိုးကြည့်သင့်ပါတယ်” ဟု မစ္စတာ ဗီကရန်ကူးမားက ပြောသည်။ ပြည်တွင်းကုမ္ပဏီ မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)က ပိုင်ဆိုင်သော မြန်မာ့စက်မှုဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးရန် စီစဉ်ထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင် IFC က စောစောပိုင်းက ပြောသည်။ တံတားအမြင့်ကို အဆိုပြုထားသည့်အတိုင်း ဆက်လက်ထားရှိမည်ဆိုပါက ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ် ထိခိုက်နိုင်ဖွယ်ရှိသည်။ “မြန်မာ့စက်မှုဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်နေလို့ မြန်မာ့စက်မှုဆိပ်ကမ်းကို ထိခိုက်စေမယ့် ဖြစ်ပေါ်တိုးတက်မှုမှန်သမျှက ဆိပ်ကမ်းမှာ ဆောင်ရွက်မယ့် IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ဂယက်ရိုက်ခတ်မှု ရှိနိုင်ပါတယ်” ဟု မစ္စတာ ဗီကရန်ကူးမားက ပြောသည်။ စီးပွားရေး၊ လူမှုရေးနှင့် သဘာပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ချက်များအပါအဝင် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် အပြည့်အစုံကို ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်သူတို့အား အစိုးရက မပေးကြောင်း မြန်မာစက်မှုဆိပ်ကမ်း၏ အကြံပေး ဒေါ်ချယ်ရီ ထရီဗယ်ဒီက ပြောသည်။ အစိုးရသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အေဂျင်စီများထံမှ အကြံဉာဏ်များကိုလည်း ပိုမိုရယူသင့်ကြောင်း ၎င်းက ပြောသည်။ “ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု တစ်ခုခုရှိမယ်ဆိုရင် စီမံကိန်းကို ဆန့်ကျင်တဲ့သူရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စကတည်းက ဘယ်သူကမှ သဘောမတူခဲ့ပါဘူး။ အစိုးရက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဇွတ်အတင်း လုပ်ခဲ့တာပါ။ ဒါကြောင့် လူတွေက ဆက်မလုပ်ဖို့ ပြောနေကြတာပါ” ဟု ဒေါ်ချယ်ရီ ထရီဗယ်ဒီက ပြောသည်။ source:frontier ဆုမြတ်မွန်ရေးသားသည်။

Wednesday, 29 November 2017 11:25

မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှ မြန်မာနှင့်ထိုင်းနိုင်ငံသားများသာ ဖြတ်သန်းသွားလာခွင့်ရပြီး ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ကို အဓိကထားအသုံးပြုလျက်ရှိ

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သော မောတောင်-ဆင်းခွန်နယ်စပ်ဂိတ် မြန်မာနှင့် ထိုင်းနိုင်ငံသားများသာ ဖြတ်သန်းသွားလာခွင့်ရှိနေသေးပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုသာ အဓိက အသုံးပြုသွားလာလျက်ရှိကြောင်း သိရပါတယ်။ မောတောင်-ဆင်းခွန်ဂိတ်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်သုံးခုအနက် တစ်ခုတည်းသာရှိတော့သော အထူးယာယီနယ်စပ်ဂိတ်တစ်ခုဖြစ်နေကြောင်း သိရပါတယ်။ ထားဝယ်ခရိုင်အတွင်းရှိ ထီးခီး-ကန်ချနာဘူရီနယ်စပ်ဂိတ်၊ ကော့သောင်းခရိုင်အတွင်းရှိ ကော့သောင်း-ရနှောင်းနယ်စပ်ဂိတ်များအမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်ထားနိုင်သော်လည်း မြိတ်ခရိုင်အတွင်းရှိ မောတောင်-ဆင်းခွန်းနယ်စပ်ဂိတ်မှာ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ တည်ရှိနေသေးကြောင်း သိရပါတယ်။ အမြဲတမ်းဂိတ်မဖွင့်နိုင်သေးသည့်အတွက် နယ်စပ်ဂိတ်မှ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခွင့်မရှိသလို လူဝင်လူထွက်များကိုလည်း ကန့်သတ်မှုများရှိနေကြောင်း သိရပါတယ်။ မောတောင်မြို့ကနေ တစ်ဖက်ထိုင်းနိုင်ငံ၊ ဆင်းခွန်ဂိတ်ကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP နှင့် မြန်မာနိုင်ငံသားတွေသွားလာတာ ၃၈၂၀ ရှိပါတယ်။ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်က အမြဲတမ်းဂိတ်မဟုတ်ဘဲ အထူးယာယီနယ်စပ်ဂိတ်အဆင့်မှာ ရှိနေသေးတဲ့အတွက် မြန်မာနဲ့ထိုင်းနိုင်ငံသားနှစ်မျိုးပဲ သွားလာဖြတ်သန်းခွင့်ရှိတယ်ဟု မောတောင်မြို့တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ လက်ရှိအနေအထားတွင် မြန်မာနိုင်ငံသားများအနေဖြင့် ပရာကျော့ခရိုင်အတွင်းရှိ ငါးပြတိုက်၊ ကမ်းခြေနှင့် မျောက်တောင်များသို့သာ အဓိက သွားရောက်လည်ပတ်နေရသလို ကုန်သွယ်မှုများမှာလည်း ကန့်သတ်ထားကြောင်း သိရပါတယ်။ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် TBP ဆိုရင် ၅၂၅၂၀ ဦးရှိပါတယ်။ တစ်ဖက်ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို လာရောက်လည်ပတ်တဲ့ ထိုင်းနိုင်ငံသားတွေက BP နဲ့ဆိုရင် ၉၀၉ ဦး၊ TBP နဲ့ဆိုရင် ၅၃၅၂ ဦး ရှိပါတယ်။ ယခင်နှစ်နဲ့တွက်ကြည့်ရင် လည်ပတ်သွားလာမှုတိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်မှုက အရင်ကထက်ကောင်းမွန်လို့ဖြစ်ပါတယ်။ Source: Daily Eleven

Wednesday, 29 November 2017 11:23

နိုဝင်ဘာမိုးကြောင့် ဆန်ချောစပါး ပျက်စီးမှုများ ကြုံတွေ့

နိုဝင်ဘာအတွင်း ရွာ သွန်းသည့်မိုးကြောင့် ပေါ်ဆန်း ကဲ့သို့ အချိန်ကြာမြင့်စွာ စိုက်ပျိုး ရသည့် ဆန်ချောအမျိုးအစား ထွက်ရှိသောစပါးများသည် ပျက် စီးဆုံးရှုံးမှုများ ကြုံ့တွေ့နေရ ကြောင်း ဧရာဝတီတိုင်းဒေသကြီး မှ လယ်သမားများက ပြောသည်။ အဆိုပါပေါ်ဆန်းအမျိုးအ စား (သက်ကြီးစပါး)သည် ပုံမှန် ရာသီဥတုတွင် စိုက်ပျိုးပါက တစ် ဧကလျှင် စပါး ၄၅ တင်းမှ ၅၀ တင်းအကြား ထွက်သော်လည်း နိုဝင်ဘာတွင် မိုးရွာသွန်းမှုများ ကြောင့် အပင်များလဲပြီး ပျက်စီးခြင်း၊ ရိတ်သိမ်းထားသည့် ကောက်လှိုင်းတချို့ပျက်စီးခြင်း တို့ဖြစ်ပေါ်ခဲ့သဖြင့် စပါး ၂၅ တင်းမှ တင်း ၃၀ ၀န်းကျင်ကြား သာရရှိသည်ဟု ဘိုကလေးမြို့ နယ်မှ လယ်သမားဦးအောင်သိန်း နိုင်က ပြောသည်။ ‘‘လယ်သမားတွေအတွက် နိုဝင်ဘာမိုးက ထိုးနှက်ချက်တစ် ခုပဲ’’ ဟု ဓနုဖြူမြို့နယ်မှ လယ်သ မားဦးသိန်းအောင်က ပြောသည်။ စိုက်ပျိုးရက်တိုသည့် ဆန် ကြမ်းအမျိုးအစားထွက်ရှိသော (ရက်တိုစပါး) အများစုသည် လက်ရှိတွင် ရိတ်သိမ်းပြီး ဖြစ်သဖြင့် နိုဝင်ဘာ မိုးလွတ်သွား သော်လည်း ကျန်ရှိနေသည့်စပါး အချို့ ထိခိုက်မှုများရှိနိုင်ကြောင်း ၎င်းက ပြောသည်။ လက်ရှိကျန်ရှိနေသည့် ဆန် ကြမ်းအမျိုးအစား စပါးများကို ရေနက်ကွင်းတွင် စိုက်ပျိုးသည် ဟု ဧရာဝတီတိုင်းမှ လယ်သမား အချို့က ပြောသည်။ နိုဝင်ဘာအတွင်း မိုးရွာရက် ဆက်နေခြင်းကြောင့် စပါးရိတ် သိမ်းနေချိန်တွင် ရေစိုပျက်စီးမှု များလည်း ရှိသည်ဟု ဒေးဒရဲမြို့ နယ်မှ လယ်သမားဦးအောင်ဆိုင် က ပြောသည်။ စပါးရေစိုပျက်စီး မှုကြောင့် ဆန်စက်များသို့ ရောင်း ချရာတွင်လည်း ဒေသပေါက်ဈေး မရကြောင်း ၎င်းကပြောသည်။ ဧရာဝတီတိုင်းတွင် ပေါ် ဆန်းအမျိုးအစားဈေးနှုန်းသည် နိုဝင်ဘာလဆန်းတွင် တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းလေးသောင်း ရှိနေရာကနိုဝင်ဘာ ၂၃ ရက်တွင် ကျပ်ခုနစ်သိန်းခန့်သို့ ဈေး ကျဆင်းလာသည်။ ဆန်ကြမ်းအမျိုးအစား စပါးဈေးနှုန်းက ကျပ်ငါးသိန်းခွဲဝန်းကျင်ဈေးရှိသည်။ စပါးတွင် အစိုဓာတ်ပါဝင်မှုများပါက အဆိုပါပေါက်ဈေးအောက်ဈေးလျှော့ပြီး ရောင်းချနေရသည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ဆိုသည်။ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်များမှ လေဖိအားနည်း ရပ်ဝန်းများ ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အ ပြားတွင် နိုဝင်ဘာလကုန်အထိ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင် သဖြင့် ရိတ်သိမ်းဆဲသီးနှံများအ မိုးအကာအောက် ပို့ဆောင်ထား ရန် မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်က သတိပေးထား သည်။ Source: 7 days new

Wednesday, 22 November 2017 07:16

တရုတ်၊ မြန်မာပူးပေါင်း၍ တနင်္သာရီတိုင်းတွင် စက်မှုဇုန်များ တည်ထောင်ရန် စီစဉ်

တရုတ်စီးပွားရေးလုပ် ငန်းရှင်များက ပြည်တွင်းကုမ္ပဏီ အချို့နှင့် ပူးပေါင်း၍ တနင်္သာရီ တိုင်းတွင် စက်မှုဇုန်တစ်ခုတည် ထောင်ရန် တိုင်းအစိုးရနှင့် ညှိနှိုင်း နေကြောင်း တနင်္သာရီတိုင်း ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြော သည်။ တနင်္သာရီတိုင်း မေတ္တာမြို့ နယ်အတွင်းရှိ မြေ ၆,၆၇၆ ဧက တွင် တရုတ်နိုင်ငံမှ China PowerInvestment ကုမ္ပဏီနှင့် ပြည် တွင်းကုမ္ပဏီအချို့ ပူးပေါင်းပြီး စက်မှုဇုန်တစ်ခုထူထောင်ရန် တိုင်းအစိုးရနှင့် ညှိနှိုင်းနေသည်။ ‘‘လောလောဆယ်တော့ မြေ နေရာလျာထားတယ်။ ပြီးရင် နား လည်မှုစာချွန်လွှာထိုးပြီး အဆိုပြု လွှာတင်ရမှာပေါ့’’ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။ ဧရာဝတီတိုင်း မအူပင်မြို့ နယ်တွင်လည်း တရုတ်ကုမ္ပဏီတစ်ခုက ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များနှင့် ပူးပေါင်း၍ စက်မှုဇုန်တစ်ခု တည်ထောင်ရန် စီစဉ် နေသည်။ မအူပင်မြို့နယ်ရှိ မြေဧက ၂၅၀ တွင် ကနဦးရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၈ သန်းဖြင့် စက်မှု ဇုန် တည်ဆောက်အကောင်အ ထည်ဖော်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အထွေထွေအတွင်းရေးမှူးဦးအောင် နိုင်ဦးက ပြောသည်။ ‘‘ကနဦး ရင်းနှီးမြှုပ်နှံမှုက ပမာဏသိပ်မများပေမယ့် နောက် ပိုင်း အဆင့်အလိုက် ရင်းနှီးမြှုပ်နှံ မှုတွေ ဆက်တိုးလာမယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။ စီးပွားရေးမြို့တော် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် မြေဈေးကြီးမားခြင်းကြောင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ များ အခက်အခဲရှိသဖြင့် တစ်နိုင်ငံလုံး၌ စက်မှုဇုန်များတည်ထောင် ရန် အစိုးရကစီစဉ်နေသည်။ စက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင် အဓိကလိုအပ်ချက်သည် လျှပ်စစ်မီးဖြစ်ပြီး အ ခြေခံအဆောက်အအုံဖြစ်သော လမ်းများ၊ ရေမြောင်း စသည့်စနစ် ကောင်းများလည်း လိုအပ် ကြောင်း လှိုင်သာယာစက်မှုဇုန်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ Source: 7 days new

Wednesday, 22 November 2017 07:10

ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး နှစ်နိုင်ငံ စီးပွားရေးစင်္ကြံ တည်ဆောက်ရန် တရုတ်အဆိုပြု

နှစ်နိုင်ငံဆိုင်ရာ လက်တွေ့ဆန်သော ပူးပေါင်း ဆောင်ရွက်မှုကို နောက်ထပ်တိုး မြှင့်စေရေး မြန်မာနိုင်ငံနှင့် စီးပွားရေးစင်္ကြံတစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံအနေဖြင့် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ စောစောပိုင်းက နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက် ပြုလုပ်သော ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာဝမ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေး၌ တစ် နိုင်ငံနှင့် တစ်နိုင်ငံ အမှီသဟဲပြု မှု မြင့်မားသောကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော အလားအလာရှိ ကြောင်း ပြောကြားသည်။ တရုတ်နှင့် မြန်မာကြား ကျယ်ပြန့်သော မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု နောက်ထပ်အားကောင်းစေရေး နှစ်နိုင်ငံကြား ကြီးမားသော ပူး ပေါင်းဆောင်ရွက်မှု ပုံစံတစ်ခုထူ ထောင်ရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရန် အဆို ပြုခဲ့ကြောင်း မစ္စတာဝမ်က ပြော သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်နှင့် နိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်များ ကို ထည့်သွင်းစဉ်းစားမှုများ ပါဝင် သည့် ယင်းစီးပွားရေး စင်္ကြံကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြောက်ဘက်တွင် စတင်မည်ဖြစ် ကာ တောင်ဘက်သို့ ဆင်းကာ မန္တလေးမြို့မှနေ၍ အရှေ့ဘက် ရန်ကုန်မြို့သို့ တိုးချဲ့ပြီး အနောက် ဘက်ကျောက်ဖြူအထူးစီးပွားရေး ဇုန်အထိ အဓိကအထောက်အခံ သုံးခုပါ ဧရာမ ပူးပေါင်းဆောင် ရွက်မှုတစ်ရပ် ထူထောင်မည်ဟု မစ္စတာဝမ်က ရှင်းပြသည်။ ယင်းကဲ့သို့ ပုံစံအား လမ်း ကြောင်းများတစ်လျှောက် ကြီး မားသော စီမံကိန်းများအပါအဝင် ဆက်သွယ်မှုအားကောင်းစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတစ်ဝန်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် ရေး ရည်ရွယ်ကြောင်း မစ္စတာဝမ် က ပြောသည်။ ယင်းအဆိုပြုချက်သည် ပိုးလမ်းမအစီအစဉ်အရ တရုတ်- မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးတက်စေရန် အဆိုပြု ချက်ဖြစ်ကြောင်း မစ္စတာဝမ်က ပြောသည်။ ယင်းအစီအစဉ်တွင် မြန်မာ နိုင်ငံ၏ အရေးအကြီးဆုံး လိုအပ် နေမှုများ ထည့်သွင်း စဉ်းစားမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အလိုအပ်ဆုံးသော စီမံကိန်းများကို စလုပ်ပြီး တဖြည်းဖြည်း နှစ်ဖက်အကျိုးအမြတ်ရှိအောင် လုပ်ဆောင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ယင်းသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာဝမ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ထောက်ခံကြောင်း ပြောကြားပြီး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့ရေး မျှော်လင့်ကြောင်း ပြောသည်။ တရုတ်နှင့် မြန်မာတို့သည် ခင်မင်ရင်းနှီးသော အိမ်နီးချင်း များဖြစ်ပြီး မြန်မာ အစိုးရသည် ပင်လုံစိတ်ထားမျိုးကို လိုက်နာမည်ဟု မျှော်လင့်ပြီး ငြိမ်းချမ်းရေး တည်မြဲစေမည်ဟု မျှော်လင့်ကြောင်း မစ္စတာဝမ်ကပြောသည်။ Source: 7 days new

Tuesday, 21 November 2017 09:34

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဖော်ဆောင်ရန်တရုတ်ကုမ္ပဏီက မြန်မာသို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပေးမည်ဟုဆို

ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံကိန်းအကောင်အ ထည်ဖော်ရန် မြန်မာသို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပေးမည်ဟု တရုတ် ကုမ္ပဏီက ပြောကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက နိုဝင်ဘာ ၁၅ ရက်တွင် ပြော ကြားသည်။ ယခင်အစိုးရလက်ထက် တွင် အဆိုပါစီမံကိန်းကို တရုတ် ဘက်က ရှယ်ယာပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်ရန် သဘောတူထားပြီး လက် ရှိအစိုးရက သဘောမတူ၍ ပြန် လည်ညှိနှိုင်းခြင်းဖြစ်သည်။ ‘‘သူတို့ဘက်က တင်ထား တာပါ။ ကိုယ်တွေဘက်ကလည်း ဝန်ကြီးဌာနတွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ပြင်ထားတာရှိတယ်။ လက်မှတ်ထိုးနိုင်ဖို့ ကြိုတင်ပြင် ထားတဲ့ အနေအထားပါ။ တစ် ဖက်နဲ့တစ်ဖက် ညှိနှိုင်းနေပါ တယ်’’ဟု အထူးစီးပွားရေးဇုန်များ ၏ တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်နေသည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ အထက်ပါတာဝန်ရှိသူ က ဆက်ပြောသည်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ရခိုင်ပြည်နယ် ကျောက် ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက အ ကောင်အထည်ဖော်ခွင့်ရထား သည်။ အဆိုပါစီမံကိန်းကို ယခင် အစိုးရသက်တမ်းကုန်ဆုံးခါနီး တွင် အလျင်အမြန်အကောင်အ ထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများ က စိုးရိမ်နေသော စီမံကိန်းဖြစ် သည်။ တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုကို ကန်ဒေါ် လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြု မည်ဟု ဆိုသည်။ မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ တာဝန် ယူထားသည့် ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မည့် မြေနေရာကို နိုဝင်ဘာ ၄ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှု ခြင်းသည် ရှယ်ယာပိုင်ဆိုင်မှုများ ဆွေးနွေးစဉ် မြေပြင်အနေအထား ကို လာရောက်ကြည့်ရှုကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။ Source: 7 days new

Monday, 20 November 2017 04:27

တောင်ကိုရီးယားက မြန်မာဈေးကွက်သို့ သစ်သီး ၃၇ တန် တင်ပို့မည်

တောင်ကိုရီးယားက မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက် အတွင်း ထိရောက်သောဖြန့်ဖြူး ရေးလမ်းကြောင်းများ ထူထောင် ရန်နှင့် ၎င်းတို့၏အလားအလာကို အကဲဖြတ်ရန် မြန်မာနိုင်ငံသို့ သစ် သီး ၃၇ တန်ခန့် သင်္ဘောဖြင့် တင်ပို့မည်ဟု တောင်ကိုရီးယားစိုက်ပျိုးရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။ တောင်ကိုရီးယား အစားအ စာလက်ကားနှင့် ပြည်ပတင်ပို့ရေး ဂျေယောင်ဘက်ကော်ပိုရေးရှင်း က ပန်းသီး ခုနစ်တန်နှင့် သစ်တော် သီး ရှစ်တန်ကို နိုဝင်ဘာ ၁၆ ရက် တွင် သင်္ဘောဖြင့် တင်ပို့မည်ဖြစ် သည်။ ထို့ပြင် ယင်းကော်ပိုရေး ရှင်းက ပျားလိမ္မော်နှင့် တည်သီး ၁၇ တန်ကို နိုဝင်ဘာ ၂၂ ရက် တွင် သင်္ဘောဖြင့် တင်ပို့ကာ စတော်ဘယ်ရီသီး ငါးတန်ကို ဒီဇင်ဘာလဆန်း၌ မြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။ မြန်မာ့ ဈေးကွက်အတွင်း ကြီးထွားဖွံ့ဖြိုးရေးလမ်းကြောင်း ရှာဖွေရန် ယင်းဈေးကွက်တွင် သစ်သီးရောင်းချမည့် တောင်ကို ရီးယားကုမ္ပဏီများ၏ ကြိုးပမ်းမှု ကို ကူညီပံ့ပိုးမည်ဟု တောင်ကိုရီး ယား စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ရေးရာ ၀န်ကြီးဌာနက ပြောသည်။ ပြည်ပက တင်သွင်းသော ကုန်ပစ္စည်းများအပေါ် မြန်မာအ စိုးရက တင်းကျပ်သော ထိန်းသိမ်းရေးအစီအစဉ်များ မဆောင်ရွက်မီ ယင်းဈေးကွက်သို့ ၀င်ရောက်ရန် ကြိုးပမ်းမည့် တောင်ကိုရီးယား ကုမ္ပဏီများကို အစိုးရက ကူညီပေးမည်ဟု ယင်းဝန်ကြီးဌာန အရာရှိ ဂျောင်ဆူယွန်က ပြောသည်။ မြန်မာနိုင်ငံတွင် ကိုရီးယား တီဗီအစီအစဉ်များအား လူငယ် ထုက အကြိုက်များမှု သိသိသာသာ ပိုလာခြင်းနှင့်အတူ မြန်မာနိုင်ငံ သည် ဈေးကွက်ဖွံ့ဖြိုးလာမည့် အလားအလာကြီးမားကြောင်း ၎င်းကပြောသည်။ လူဦးရေသန်း ၆၀ ခန့်ရှိ သော မြန်မာနိုင်ငံဈေးကွက်သို့ ၀င်ရောက်ရန် တောင်ကိုရီးယား ကုမ္ပဏီများကစိတ်ဝင်စားသော် လည်း နှစ်နိုင်ငံကြား တိုက်ရိုက် လေကြောင်း ခရီးစဉ်မရှိခြင်းနှင့် ပြည်ပမှ တင်သွင်းသော သစ်သီး များအတွက် ၀ယ်လိုအား နည်း ခြင်းတို့ကြောင့် ယင်းဈေးကွက်သို့ ၀င်ရောက်ရေး အခက်အခဲများ ကြုံနေကြောင်း ဆိုသည်။ တောင်ကိုရီးယား စိုက်ပျိုး ရေးဝန်ကြီးဌာနက မြန်မာဈေး ကွက်အတွင်း ထိရောက်သောဖြန့် ဖြူးရေး လမ်းကြောင်းများရှာဖွေ ကာ ယင်းဈေးကွက်အတွင်း ကြီးကြီးမားမား ၀ယ်ယူမည့်လုပ်ငန်းများကိုရှာဖွေရန် ကြိုးပမ်းမည်ဟု ပြောသည်။ အစားအစာနှင့် ဆိုင်သော ကျန်းမာရေးထိခိုက်မှုကို တားဆီး ကာကွယ်ရေးအစီအစဉ်များ လာ မည့်နှစ်တွင် စတင်ရန်နှစ်နိုင်ငံ ကြား ပြင်ဆင်နေစဉ် ယခုသစ်သီး တင်ပို့မှု ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က သတ်မှတ်ထားသော အစားအ စာဘေးကင်းရေးအပြင် တိရစ္ဆာန် နှင့် အပင်ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များအတိုင်း နှစ် နိုင်ငံ သဘောတူညီမှု ရယူ၍သတ် မှတ်မည် ဖြစ်သည်။ မြန်မာနိုင်ငံက လောလော ဆယ်တွင် အထူးထိန်းသိမ်းရေး အစီအစဉ်များ မရှိဘဲ သစ်သီးများ တင်သွင်းခွင့်ပြုထားပြီး တောင်ကိုရီးယားနှင့် လွတ်လပ်စွာ ကုန် သွယ်ရေး သဘောတူထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အ စားအစာ ထုတ်ကုန်များအပေါ် ၁၅ ရာခိုင်နှုန်း အခွန်ကောက်သည်။ တောင်ကိုရီးယားက မြန်မာ နိုင်ငံသို့ ပြီးခဲ့သည့် နှစ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်ကန်ဒေါ် လာ ၁၉ သန်းဖိုး တင်ပို့ခဲ့ပြီး ကန် ဒေါ်လာ ၂၃၀,၀၀၀ တန်ဖိုးရှိ သစ် သီးများနှင့် အစားအစာများ တင် ပို့ခဲ့ကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောသည်။ Source: 7 days new

Friday, 17 November 2017 07:54

Damco က အသစ်ဖွင့်လှစ်လိုက်တဲ့ မြန်မာ Logistics Centers(Damco opens Myanmar logistics centre)

နိုင်ငံတကာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Damco ဟာ မြန်မာနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Star Light Group နဲ့ ပူးပေါင်းပြီး ကူးသန်းပို့ဆောင်ရေးစင်တာ တစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ Damco ရဲ့ မူပိုင်ဝက်ဘ်ဆိုက်ရဲ ဖော်ပြချက်အရ စင်တာက အဓိက ၀န်ဆောင်မှုများမှာ Inventory Management, ကုန်ပစ္စည်းမှာပေးခြင်း order processing, RF Scanning နှင့် bar coasting တို့ကို အဓိက ၀န်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ထို့အပြင် ကုန်တင်ကားဝန်ဆောင်ချိတ်ဆက်ပေးခြင်းတို့ကို နိုင်ငံတွင်းနှင့် အခြားနိုင်ငံများကိုပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Damco ရဲ့မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ဆိုင်ရာမန်နေးဂျင်းဒါရိုက်တာဖြစ်တဲ့ Mr.Merco Civarch ရဲ့ ပြောကြားချက်အရ ကုန်သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေးအတွက်လည်း သက်ဆိုင်ရာ Customer များဖြစ်နေတဲ့အခက်အခဲများကို ဖြေရှင်းပေး၍ ၀န်ဆောင်မှုအသစ်များပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သိုလှောင်ရေးဌာန warehouse ကတော့ သီလ၀ါအဓိကစီးပွားရေးဇုန်နှင့် နီးကပ်စွာ တည်ရှိပြီး အကျယ်အ၀န်းစုစုပေါင်း ၁၀၀၀၀ Square မီတာရှိပါတယ်။ Global logistics firm Damco has partnered with local construction company Star Light Group to open a new logistics centre in Yangon, the company has announced. In a statement published on its website, the Damco Myanmar Logistics Center will provide customers with services including inventory management, order processing, RF scanning and bar coding. It will also offer trucking services in -country and abroad, the statement said. “As a warehousing distribution hub, this new facility marks a significant step forward in better helping our customers to stay ahead in their respective markets,” said Mr Marco Civardi, managing director for Damco’s Vietnam, Cambodia and Myanmar offices. The warehouse will be located close to the Thilawa Special Economic Zone and will have a total space of 10,000 square metres. source:Thura NewsViews

Friday, 17 November 2017 07:46

မူဆယ် ၁၀၅ မိုင် သစ်သီးဈေးကွက်မှာ မြန်မာနိုင်ငံသားအမည်ခံ တရုတ်ကုန်သည်တွေများလာ

မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ တရုတ်ကုန်သည်တွေဟာ မြန်မာနိုင်ငံသားအမည်ခံပြီး သစ်သီးရောင်းခွင့်ကတ်တွေပြုလုပ်ရောင်းချနေမှုဟာ ကုန်သည်ဦးရေရဲ့ ထက်ဝက်ကျော်ရှိနေတာကြောင့် မြန်မာသစ်သီးကုန်သည်တွေအနေနဲ့ နစ်နာမှုတွေရှိနေတယ်လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည်တွေဆီကသိရပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းရဲ့ သစ်သီးအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ သစ်သီးဝလံကုန်စည်ဒိုင်အနေနဲ့ မြန်မာနိုင်ငံသားတွေကိုသာ ရောင်းခွင့်ကတ်ထုတ်ပေးပြီး သစ်သီးတွေရောင်းချခွင့်ပြုနေတာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေလုပ်တဲ့လုပ်ငန်းမှာ သူတို့ကလုပ်နေတာဆိုတော့ နိုင်ငံသားတွေအနေနဲ့ နစ်နာနေတာပေါ့၊ တော်တော်တော့ကြာပါပြီ၊ ပိုဆိုးလာတာကတော့ ခုနှစ်နှစ် ရှစ်နှစ်ကျော်ခန့်လောက် ရှိနေပြီဟု မူဆယ် ၁၀၅ မိုင်မှ သစ်သီးကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံသားကတ်နဲ့ သစ်သီးရောင်းချတဲ့ တရုတ်ကုန်သည်ဦးရေက ထက်ဝက်လောက်ရှိနေပြီဖြစ်တဲ့အတွက် ဈေးကွက်မှာရောင်းလိုအားများပြီး ဝယ်လိုအားနည်းလာနိုင်တဲ့အတွက် ဈေးနှုန်းပိုင်းမှာလည်း ပိုပြီးထိခိုက်မှုရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ စိုက်ကွင်းတစ်ခုမှာ တောင်သူလေးငါးဦးလောက်ကို သူတို့က စုလိုက်တယ်၊ တစ်ဦးကို ဧက ၂၀၊ ၃၀ လောက်ရှိတယ်၊ အဲဒီတောင်သူတွေရဲ့နာမည်နဲ့ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရပါတယ်။ တရုတ်ကုန်သည်တွေကိုတော့ ပြီးခဲ့တဲ့လကစပြီး သစ်သီးဝယ်ယူချင်တဲ့သူ တွေအနေနဲ့ ကုန်စည်ဒိုင်ကို အာမခံစပေါ်ငွေယွမ် ၃၀ဝ,ဝ၀ဝ တင်ထားမှသာ ကုန်စည်ဒိုင်အနေနဲ့ ဝယ်ယူခွင့်ကတ်ထုတ်ပေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် ဝယ်လက်တွေကလည်း တရုတ်ကုန်သည်တွေဖြစ်နေတာကြောင့် ရောင်းချတဲ့နေရာမှာ တရုတ်ကုန်သည်တွေကသာ ဈေးပိုရလေ့ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ တရုတ်ကုန်သည်တွေအနေနဲ့ အခုလို ပြည်တွင်းမှာ တရားမဝင်သစ်သီးတွေ လာစိုက်နေတဲ့အပြင် သစ်သီးရောင်းချတဲ့နေရာမှာပါဝင် ရောက်လာနေတဲ့အတွက် မြန်မာကုန်သည်တွေ ရောင်းချတဲ့နေရာမှာ အဟန့်အတားဖြစ်နေတယ်လို့သိရပါတယ်။ မြန်မာကုန်သည်တွေအနေနဲ့ အခုလိုတရုတ်ကုန်သည်တွေက မြန်မာနိုင်ငံသားအမည်ခံပြီး ရောင်းချနေတာကို အစိုးရအနေနဲ့ စိစစ်ပေးစေလိုတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရသိရပါတယ်။ လက်ရှိမှာတော့ ကုန်စည်ဒိုင်အနေနဲ့ စပေါ်ငွေတင်ခြင်းလုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ပြီး ရောင်းချခွင့်ကတ်တွေကို ယခုရက်ပိုင်းမှာပိုပြီးထုတ်ပေးနေတာဖြစ်တယ်လို့လည်း မူဆယ်သစ်သီးကုန်သည်တွေဆီက သိရပါတယ်။ လက်ရှိမှာတော့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှာ သစ်သီးအရောင်းဈေးတွေမြင့်တက်နေပြီး ဖရဲဈေးနှုန်းမှာလည်း အမြင့်ဆုံးတစ်တန်ကို ယွမ် ၃၅၀ဝ ဝန်းကျင်အထိရှိနေတယ်လို့ သိရပါတယ်။ ၎င်းအပြင် အရင်လတွေက စံချိန်တင်ကျဆင်းခဲ့တဲ့ ကုန်စည်ပို့ခဈေးနှုန်းတွေလည်း အနည်းငယ်ပြန်လည်မြင့် တက်လာကြောင်းလည်း သိရပါတယ်။ Source: Kumura