Local Industry

Thursday, 26 October 2017 07:05

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမားအများဆုံး အသုံးပြုသော လုပ်ငန်းများကို နိုင်ငံတကာလုပ်ငန်းအများစုမှ ကမ်းလှမ်း

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမားအများဆုံး အသုံးပြုသော လုပ်ငန်းများကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအများစုက ကမ်းလှမ်းမှုရှိနေကြောင်း Myanmar Japan Thailawa Development Co., Ltd. အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ထံမှ သိရပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (က) အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်သည့်အတွက် ၉၆ ရာခိုင်နှုန်းအထိ ရောင်းချထားကာ ဇုန်အပိုင်း (ခ) အတွင်း ၂၆ ရာခိုင်နှုန်း ရောင်းချထားပြီး ကြောင်း သိရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း စိတ်ဝင်စားမှု ပိုမိုများပြားပြီး ကုန်သွယ်ရေးအရ ရေလမ်းကြောင်းနှင့် ကုန်လမ်းကြောင်း နှစ်မျိုးစလုံး အသုံးပြုနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံလိုကြခြင်းဖြစ်ကြောင်းနှင့် သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုပေးရာတွင် လုပ်သားအများဆုံးအသုံးပြုသော ကုန်ထုတ်လုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများကို ဦးစားပေးခွင့်ပြုခြင်းဖြစ်ကြောင်း သိရပါတယ်။ ယင်းဇုန်အတွင်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ဇူလိုင်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၆၆၃ သန်းအထိ ရရှိသွားကြောင်းသိရပါတယ်။ လက်ရှိတွင် သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း(ခ) အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (က) နှင့် (ခ) အကောင်အထည်ဖော်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁၅၀ခန့်က လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ Source: Myawaddy

Wednesday, 25 October 2017 10:29

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ တိုးတက်အောင် တရုတ်ဘဏ် ကူညီနေဟုဆို

တရုတ်စက်မှုနှင့် စီးပွား ရေးဘဏ် (ICBC) က မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာ ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန် ကူညီပေးနေ ကြောင်း ICBC ဘဏ်၏ ရန်ကုန် ရုံးခွဲအထွေထွေမန်နေဂျာ ဟီဘီ ဂျင်းက ပြောကြားသည်။ ဘဏ္ဍာရေးဝန်ဆောင်မှုများ ညီလာခံ ‘Belt and Road,GoldenMyanmar’ဖွင့်ပွဲတွင် ပြောကြား ရာ၌ ဟီဘီဂျင်းက ကမ္ဘာ့အကြီး ဆုံးဘဏ်များအနက် တစ်ခုဖြစ် သော ICBC က မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့် ထားသဖြင့် မြန်မာနိုင်ငံ၏ ဘဏ် လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ဝန်ထမ်းများ၏ လုပ်အားစွမ်းရည်နှင့် ပညာရှင် ဆန်မှု တိုးတက်လာစေရေး မြန်မာနိုင်ငံကို ကူညီပေးလိုကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု တစ်ရပ်နှင့် ကြုံတွေ့နေစဉ် ယင်းညီလာခံကို ကျင်းပခဲ့ပြီး ICBC က မြန်မာနိုင်ငံ မှ ဘဏ်လုပ်ငန်းများနှင့် ဆွေးနွေးပြီး အတွေ့အကြုံချင်းဖလှယ်လိုကြောင်း ၎င်းက ပြောသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့ ကြား စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုများ ဆက်လက်တိုး တက်လာနေသည်ကို ပြောကြား ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်က မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တရုတ်ထံမှ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ထားသည်။ တရုတ်သံအမတ် ဟောင်လျှံက မြန်မာနိုင်ငံနှင့် စီးပွားရေးလက်တွဲဆောင်ရွက်ရန် အခွင့်အလမ်း များစွာရှိပြီး မေလက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော နိုင်ငံတကာပူး ပေါင်းဆောင်ရွက်ရေးအတွက် ပိုးလမ်းမစီမံကိန်း ညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံ ကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို နောက်ထပ် အား ကောင်းလာစေမည့် မျှော်လင့် ချက် ဖော်ပြနေကြောင်း ပြောသည်။ Source: 7 days new

Monday, 23 October 2017 08:32

မြန်မာနှင့် ကမ္ဘောဒီးယားအထူးစီးပွားရေးဇုန်များမှာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်သာ အာမခံချက်ရှိဟုဆို

မြန်မာနှင့် ကမ္ဘောဒီးယား ရှိ အထူးစီးပွားရေးဇုန်များသည် ဒေသခံလူထုအလုပ်သမားများ၏ အကျိုးစီးပွားနှင့်သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများကို အကာအ ကွယ်ပေးရေးထက် ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်ရန်သာ အာမခံချက်များရှိကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန် သည့် ‘မဲခေါင်ဒေသ အထူးစီးပွားရေးဇုန်များနှင့် တန်ဖိုး ရင်းမြစ်ထုတ်ယူခြင်းများ’ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာကို ဘန် ကောက်အခြေစိုက် Focus on the global South အဖွဲ့က မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို တစ်နှစ်တာ အချိန်ယူ၍ သုတေသနပြုခဲ့ သည်။ ထို့အပြင် မြန်မာနှင့် ကမ္ဘော ဒီးယားရှိ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများက ကုန်ထုတ်လုပ်မှုအတွက် မြေယာနှင့် လုပ်သားအင်အားကို အပြိုင်အဆိုင် အသုံးချနေသည်။ အထူးစီးပွားရေးဇုန် (SEZ) များ၏ အုပ်ချုပ်စီမံခန့်ခွဲမှု ဖွဲ့စည်း ပုံတွင် အားနည်းချက်များရှိနေပြီး SEZ များ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စီမံခန့်ခွဲရာ၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု မရှိခြင်းတို့ရှိ နေသော ကြောင့် အထူးစီးပွားရေးဇုန်များ ကို နိုင်ငံရေးနှင့်စီးပွားရေး အခွင့် ထူးခံ လူတန်းစားအနည်းငယ်မှ ထိန်းချုပ်လာသည့် အန္တရာယ် မြင့် တက်လာကြောင်း အစီရင်ခံစာ က ဆိုသည်။ ‘‘ရင်းနှီးမြှုပ်နှံသူတွေရဲ့ အ ကျိုးစီးပွားအကာအကွယ်ပေးဖို့ အတွက် ပြည်သူလူထုနဲ့ ပတ်ဝန်း ကျင်အများကြီး ပေးဆပ်နေရတာ ကလည်း တော်တော်ထိတ်လန့် စရာဖြစ်တယ်။ အကျိုးအမြတ် သေချာဆန်းစစ်မှု မလုပ်ဘဲ စီး ပွားရေးဖွံ့ဖြိုးမှု မြှင့်တင်တာကို ဆက်မလုပ်သင့်တော့ဘူး’’ ဟု အဆိုပါ အစီရင်ခံစာအတွက် သုတေသနတွင် ဦးဆောင်ခဲ့သူ Focus on the Global South အမှုဆောင်ဒါရိုက်တာ ရှယ်မာလီ ဂွတ်တယ်က ပြောသည်။ အထူးစီးပွားရေးဇုန်များ ကြောင့် လက်တွေ့တွင် ပထမဦး ဆုံးထိခိုက်မှုသည် ဒေသခံများ၏ မြေယာနှင့် လုပ်ငန်းများဆုံးရှုံး ပျက်စီးရကြောင်း သုတေသန၌ ပါဝင်သည့် ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောသည်။ ‘‘ကမ္ဘောဒီးယားမှာ အထူးစီး ပွားရေးဇုန်ထဲက လုပ်ငန်းရှင်တွေ က လက်နက်ကိုင်အကာအကွယ် နဲ့ နေကြတယ်။ ဒေသခံတွေအ ကျိုးထက် သူတို့က ပိုပြီး သြဇာကြီးလာတယ်’’ဟု ကမ္ဘောဒီးယားမှ အလုပ်သမားခေါင်းဆောင် အမျိုးသမီးက ပြောသည်။ ထို့အပြင် အကြီးစားရင်းနှီး မြှုပ်နှံမှု စီမံကိန်းများသည် ဒေသ အတွင်း ကောင်းမွန်သည့် အကျိုး သက်ရောက်မှုမဖြစ်ထွန်းစေဘဲ ပဋိပက္ခတွေသာ ပိုမိုဖြစ်ပေါ်စေ ပြီး ဒေသဆိုင်ရာ အစိုးရများက ဒေသခံပြည်သူလူထု၏ အသံကို နားမထောင်မည်ကို စိုးရိမ်မိကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်စုစုဆွေက ပြောသည်။ ‘‘ဒီလိုကိစ္စတွေကို အလေး ထားပါတယ်။ နိုင်ငံတကာစံနှုန်း တွေအတိုင်း ဆောင်ရွက်သွားမှာ ပါ။ စံနှုန်းတွေမမီရင် ဘယ်လုပ် ငန်းရှင်မှ လာမှာမဟုတ်ပါဘူး’’ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်သုံးခုရှိပြီး သီလ၀ါအ ထူးစီးပွားရေးဇုန်သည် လုပ်ငန်းစ တင်နေသည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်သည် လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပေ။ ကမ္ဘောဒီးယား၌ အထူးစီးပွားရေးဇုန် နှစ်ခုရှိသည်။ Source: 7 days new

Monday, 23 October 2017 04:19

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခု ၀င်ရောက်ထားပြီး ၆၀ ရာခိုင်နှုန်းမှာ မြန်မာဈေးကွက်ကို ဦးတည်ခြင်းဖြစ်ကာ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့မည့်လုပ်ငန်းများမှာ ၂၅ ရာခိုင်နှုန်းသာရှိ

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခု ၀င်ရောက်ထားပြီး ၆၀ ရာခိုင်နှုန်းမှာ မြန်မာဈေးကွက်ကို ဦးတည်ခြင်းဖြစ်ကာ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့မည့်လုပ်ငန်းမှာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း သိရပါတယ်။ အခွန်ကင်းလွတ်သက်သာခွင့်များနှင့် အခြေခံအဆောက်အအုံကောင်းမွန်စေမည့် အာမခံချက်များကြောင့် သီလ၀ါအထူးစီးပွားရေးဇုန်ဟာ နိုင်ငံတကာလုပ်ငန်းရှင်များအကြား စိတ်ဝင်စားမှုရရှိထားပြီး ဇုန်တည်ထောင်သည့် နှစ်နှစ်ကျော်ကာလအတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ၀င်ရောက်ပြီးသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခုအနက် ဂျပန်က ၄၃ ခု (50.58%)၊ အာဆီယံနိုင်ငံများမှာ (မြန်မာမပါ) ၁၉ ခု (22.35%)၊ အရှေ့အာရှနိုင်ငံမှ (ဂျပန်မပါ) ၁၃ ခု (15.29%)၊ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ၅ ခု (5.88%)၊ မြန်မာလုပ်ငန်း ၃ ခု (3.52%)နှင့် အခြား ၂ ခု (2.43%) တို့ဖြစ်ကြောင်း သိရပါတယ်။ လုပ်ငန်းအများစုအနက် ၃၆ ခုသည် လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ပြီး ၃၄ ခုက တည်ဆောက်ရေးနှင့် စက်ပစ္စည်းတပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ လာမည့်နှစ်များတွင် လုပ်ငန်းလည်ပတ်တော့မည် ကြောင်း သိရပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်း ၈၅ ခု အနက် လုပ်ငန်း ၅၁ ခု (60%)ဟာ မြန်မာဈေးကွက်ကို ဦးတည်ပြီး လုပ်ငန်း ၂၅ ခု (29%)က နိုင်ငံတကာဈေးကွက်သို့ ပို့ကုန်ပြန်လည်တင်ပို့မည်ဖြစ်ကာ ၉ ရာခိုင်နှုန်းသည် ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတောင်ဘက်တွင် အကောင်အထည်ဖော်လျက်ရှိသည့် သီလ၀ါအထူးစီးပွားရေးဇုန်တွင် အောက်တိုဘာလဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁.၁ ဘီလျံကျော် ၀င်ရောက်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဇုန်အေတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံးပြီးစီးသွားပြီဖြစ်ပြီး ၉၆ ရာခိုင်နှုန်းရောင်းချပြီးဖြစ်ကာ ဇုန်ဘီ ကို တည်ဆောက်လျက်ရှိရာ ၂၆ ရာခိုင်နှုန်းခန့် ရောင်းချပြီးကြောင်း သိရပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပြီး သီလ၀ါအထူးစီးပွားရေးဇုန်လုပ်ငန်းများ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏက ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဒေါ်လာ ၁၁၄၄.၆၆၃ သန်း အထိ ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ စက်မှုကဏ္ဍတွင် လုပ်ငန်းအရေအတွက် ၆၂ ခုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၄၂.၉၆၅ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၇၃ ရာခိုင်နှုန်းကျော် ရှိနေကြောင်း သိရပါတယ်။ ကုန်စည်ရောင်းဝယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၀၁ သန်းကျော်၊ ၀န်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၈၁ သန်းကျော်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍတွင် ဒေါ်လာ ၇၇ သန်းကျော်၊ အိမ်ရာအဆောက်အအုံတည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍတွင် ဒေါ်လာသန်း ၃၀ ကျော်နှင့် ဟိုတယ်ကဏ္ဍတွင် ဒေါ်လာ ၁၂ သန်းကျော် မြှုပ်နှံထားကြောင်း သိရပါတယ်။ Source: Daily eleven

Friday, 20 October 2017 10:24

မြန်မာ့ပဲမျိုးစုံဝယ်ယူရန် နီပေါမှ ကမ်းလှမ်း

အိန္ဒိယသို့ တင်ပို့ခွင့် အကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့ပဲမျိုးစုံကို ၀ယ်ယူရန် နီပေါနိုင်ငံဘက်မှ ကမ်းလှမ်းထားပြီး မည်သည့် ပဲအမျိုးအစားများကို ၀ယ်ယူရမည်ကို ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

Monday, 16 October 2017 05:24

မြန်မာ MDC ကုမ္ပဏီအုပ်စုရှိအစုရှယ်ယာများ ရောင်းချကြောင်းTPG ကုမ္ပဏီကြေညာ

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး TPG က မြန်မာ MDC ကုမ္ပဏီရှိ ၎င်းတို့၏ အစုရှယ်ယာများကို ထိုင်းယမကာကုမ္ပဏီ Thai Beverage ထံ ရောင်းချခဲ့ကြောင်း ကြေညာသည်။ MDC ကုမ္ပဏီသည် မြန်မာ နိုင်ငံ၏ အကြီးဆုံးအရက် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းဝီစကီအမှတ်တံဆိပ်ဖြစ်သော Grand Royalကို ထုတ် လုပ်သည့် ကုမ္ပဏီဖြစ်သည်။ Grand Royal အမှတ်တံ ဆိပ်အတွက် ဝန်ထမ်း ၂,၅၀၀ ကျော်ခန့်ထားပြီး လက်ကားဆိုင် ၁,၃၀၀ နှင့် လက်လီအရောင်းဆိုင် ၂၀,၀၀၀ ကျော်ထံ ရောက်နိုင် သော ၎င်းတို့ကွန်ရက်မှတစ်ဆင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကို ကူညီပေးနေသည်။ ၁၉၉၅ တွင် တည်ထောင်ခဲ့သော MDC ကုမ္ပဏီသည် ဝီစကီနှင့် ဂျင်အပါအဝင် အရက်အမျိုးမျိုးထုတ်လုပ်ရောင်းချပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် အရက်ချက်၊ အရက်စပ်၊ ပုလင်း ထုပ်ပိုးစက်ရုံနှစ်ရုံမှ တစ်ဆင့် လုပ်ငန်းလည်ပတ်နေသည်။ MDC ရှိ TPG ၏ အစုရှယ် ယာများ ဝယ်ယူခဲ့သော Thai Beverage ကုမ္ပဏီသည် အာရှတိုက်၏ ထိပ်သီးအရက်ကုမ္ပဏီ များအနက်တစ်ခုဖြစ်ပြီး MDC နှင့်ပူးပေါင်းမှု ဆက်လက်အောင်မြင် စေရန် ဆုတောင်းပေးကြောင်း TPG တာဝန်ရှိသူ ဂါနန်ဆာဗာနန် ဆန်က ပြောသည်။ TPG သည် ၂၀၁၄ က ApolloTowers တွင် ပထမဆုံးရင်းနှီး မြှုပ်နှံခဲ့ပြီး MDC တွင် ဒုတိယ မြောက်ရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းTPG ကုမ္ပဏီသည် အရှေ့တောင် အာရှ၏ အခြားသော ဒေသများ ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။ TPG သည် ၁၉၉၂ က စတင်တည်ထောင်သော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်ပြီး အော်စတင်၊ ဘေ ဂျင်း၊ ဘော်စတွန်၊ ဒါးလာ့စ်၊ ဟောင်ကောင်၊ ဟူစတန်၊ လန် ဒန်စသော မြို့တို့တွင် ရုံးဖွင့်ကာ ကန်ဒေါ်လာ ၇၃ ဘီလီယံခန့် တန် ဖိုးရှိ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲ လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။ Source: 7 days new

Friday, 13 October 2017 08:34

Singapore firm to launch limousine services in Yangon

Singapore-based Strides Transportation signed a joint venture agreement on October 12 in Yangon to provide limousine services in Myanmar’s commercial capital in early 2018. Under the partnership, SMRT Strides Toyotsu Alliance will take 60 percent of stakes in the joint venture, Toyota Tsusho Asia Pacific ( a member of the Toyota Group of Companies) and Alliance Urban Transport (AUT) will split the rest equally, at 20pc each. AUT is a local company and partly owned by Elite Telecom Public Company Limited and JFQ Capital, to which SMRT Taxis is the consultant for their vocational school in Yangon. Strides is a subsidiary of SMRT Corp. “As Myanmar is developing its economy, the country has been accepting economic travellers. So we thought that to give limousine service is becoming needed. We want to fulfil and Myanmar needs a good and reliable limousine rental service,” said Tony Heng, SMRT managing director. These limousines are expected to commence operations in the first quarter of next year. The company did not provide the amount of investments, but said they will bring in more than 100 vehicles in the next two years. “The cars will be Toyota brand because as so many taxis are Toyota Probox models in Yangon. But, depending on the market demand, we will use other luxury brands. We will continue the review for the market require,” Mr Heng said. source:myanmartimes

Friday, 13 October 2017 08:31

ဆန်အိတ်စပို့ကနေ ဒေါ်လာ တစ်ဘီလီယမ်ရအောင် ဆောင်ရွက်နေ

လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပကိုဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယမ်ခန့်အထိရရှိအောင်ဆောင် ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ဆန်တန်ချိန်ကိုတော့ နှစ်သန်းအထိတင်ပို့နိုင်ဖို့ ခန့်မှန်းထားကြောင်း ဒီနှစ်မှာဈေးကွက်တွေလဲ ပိုပြီးရလာတော့ ကျန်တဲ့သီးနှံတွေတင်ပို့မှုလျော့ရင်တောင်မှ ဆန်ကတော့ ဒီနှစ်တိုးမှာပါလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။ လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်းမှာတော့ ပြည်ပကို ဆန်တန်ချိန် တစ်သန်းကျော်အထိတင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ကျော်နီးပါးအထိရရှိထားပြီလို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ယခုနှစ်ထဲမှာ ပြည်ပကို ဆန်တင်ပို့နိုင်မှု ပိုမိုအားကောင်းလာပြီး ပြည်တွင်း ဈေးကွက်အတွင်းမှာလည်း ပြည်ပပို့ ဆန်ကြမ်းတွေဈေးမြင့်တက်လျက်ရှိပါတယ်။ နယ်စပ်ဆိုရင် တရုတ်ဘက်ကိုတင်ပို့တဲ့အခါ ဒီဘက်ကသာ တရားဝင်ပေမဲ့ ဟိုဘက်ကတရားဝင်သတ်မှတ်မထားဘူးလေလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ မကြာသေးခင်က ဆန်တင်ပို့မှုနဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာရေးထိုးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ဆက်လက်ညှိနှိုင်းမှုတွေဆောင်ရွက်နေပြီး ဒီဇင်ဘာလလောက်မှာ တင်ပို့နိုင်အောင်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဝယ်ယူတော့မှာဖြစ်ပေမဲ့ ဈေးနှုန်းပိုင်းမှာအဆင်မပြေမှုလေးတွေရှိနေသေးတယ်လို့ သိရပါတယ်။ ဘင်္ဂလား ဒေ့ရှ်ကိုတင်ပို့တဲ့အခါမှာ ရန်ကုန်ဆိပ်ကမ်းတွေအပြင် ပုသိမ်နဲ့ စစ်တွေဆိပ်ကမ်းတွေကပါ တင်ပို့နိုင်အောင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာ ဆန်တင်ပို့တဲ့ နိုင်ငံ ၅၂ နိုင်ငံခန့်ရှိပါတယ်။ ဆန်ကတော့ အလားအလာကောင်းပါတယ်။ ကမ်းလှမ်းထားတာတွေလဲများပါတယ်။ အဓိက ကတော့ ပင်လယ်ရေကြောင်းဈေးကွက်ကို ပိုပြီးတိုးချဲ့ရမှာဖြစ်ပါတယ်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းကနေ ပိုမိုတင်ပို့နိုင်တဲ့အတွက်လည်း ဈေးနှုန်းရရှိမှုမှာ ပြီးခဲ့တဲ့နှစ်တွေထက်ပိုမိုရရှိခဲ့ တယ်လို့ သိရပါတယ်။ Source: Kumudra

Thursday, 12 October 2017 07:50

ခွင့်ပြုချက်ယူမထားသော စီးပွားရေးလုပ်ငန်းများ အခွန်ကင်းလွတ်သက်သာခွင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ လျှောက်ထားနိုင်

မန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရယူ ခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် စီး ပွားရေးလုပ်ကိုင်ခဲ့သူများအနေ ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇(ခ)၊ (ဂ)၊ (ဃ)ပါ အခွန်ကင်းလွတ်ခွင့်၊ သက်သာ ခွင့်များ ရယူလိုပါက အတည်ပြု မိန့် လျှောက်ထားရယူနိုင်ကြောင်း အဆိုပါ ကော်မရှင်က အောက်တို ဘာ ၁၀ ရက်တွင် ကြေညာသည်။ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံ သော လုပ်ငန်းများသည် အမေရိ ကန်ဒေါ်လာ သုံးသိန်းနှင့်အထက် ထပ်မံရင်းနှီးမြှုပ်နှံလျှင် ဝင်ငွေခွန် မှအပ အခွန်ကင်းလွတ်သက်သာ ခွင့်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်တွင် အတည်ပြုမိန့် လျှောက်ထားနိုင်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်လိုသည့် ကဏ္ဍများ၌ ဝင်ငွေခွန်အပါအဝင် အခြားအခွန် အကောက်များ အစိုးရက ကင်း လွတ်ခွင့်ပေးထားသည်။ ထို့ ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ကို မဆက်သွယ်ဘဲ သီးခြားအစီအစဉ်ဖြင့် ရင်းနှီးမြှုပ် နှံသူများ ရင်းနှီးမြှုပ်နှံမှု ထပ်မံ တိုးမြှင့်လျှင် အခွန်သက်သာခွင့် များရရှိစေရန် ဖြေလျှော့ပေးခြင်း ဖြစ်သည်ဟု ဦးသန်းအောင်ကျော် က ရှင်းပြသည်။ ‘‘တိုးချဲ့ပြီး ရင်းနှီးမြှုပ်နှံသူ တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်အောင် ခွင့်ပြုပေးတာပါ။ ဝင်ငွေခွန်ကတော့ အစိုးရက ရင်း နှီးမြှုပ်နှံမှု မြှင့်တင်လိုတဲ့ကဏ္ဍ တွေကိုပဲ အဓိကပေးပါတယ်’’ဟု ဦးသန်းအောင်ကျော်က ပြော သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့မည့် ရင်းနှီးမြှုပ်နှံမှုများ အတွက် တင်သွင်းသော ကုန် ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးသော ပစ္စည်းများ အကောက်အခွန်ဖြစ်စေ၊ အခြား သော ပြည်တွင်းအခွန်အကောက် များဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များပေးထားသည်။ ထို့အပြင် ပြည်တွင်း၌ ကုန် ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ပါက တင်ပို့သည့် ကုန်ပစ္စည်းပမာဏအတွက် ပြည် ပမှတင်သွင်းခဲ့သော ကုန်ကြမ်း ပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများ အပေါ်၌ ကောက်ခံခဲ့သော အကောက်ခွန်ကိုဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက်ဖြစ် စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ ပြန် လည်ထုတ်ပေးမည်ဟု ဖော်ပြ ထားသည်။ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြု ထားသည့် သက်တမ်းအတွင်း လုပ်ငန်းတိုးချဲ့ လုပ်ကိုင်မည်ဆို ပါကလည်း တိုးချဲ့မည့် ရင်းနှီးမြှုပ် နှံမှုအတွက် စက်ပစ္စည်းကိရိယာ များ၊ စက်အရန်ပစ္စည်းများ၊ လုပ် ငန်းသုံးစက်ပစ္စည်းများ၊ ပြည်တွင်း ၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေး ပစ္စည်းများတင်သွင်းလျှင် အကောက်အခွန်၊ အခြား ပြည်တွင်းအခွန်အကောက်များ ယင်းနှစ်မျိုးစလုံးကို ကင်းလွတ်ခွင့်၊ သက်သာခွင့်များပေးထားသည်။ ‘‘အခွန်သက်သာခွင့်တွေကင်းလွတ်ခွင့်ပေးတာ ကြိုဆိုပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် တက်လာနိုင်မှာဖြစ် တယ်’’ဟု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ အခွန်ကင်းလွတ်ခွင့်၊ သက် သာခွင့်များ ပေးခြင်းနှင့်ပတ်သက် ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ် နှံသူများ တိတိကျကျ သိရှိရန် ထုတ်ပြန်ပေးသင့်ကြောင်း ၎င်းက ပြောသည်။ Source: 7 days new