Local Industry

Friday, 27 August 2021 12:27

ရန်ကုန်-ကွမ်ကျိုး ခရီးစဉ် COVID-19 ရောဂါတွေ့ရှိခြင်းကြောင့် နှစ်ပတ်ရပ်နားမည်

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းစည်းကမ်းထိန်းသိမ်းရေးက ခရီးသည်များတွင် COVID-19 ရောဂါတွေ့ရှိပြီးနောက် Xiamen Airlines ခရီးစဉ်တစ်ခုနှင့် China Southern Airlines ခရီးစဉ်တစ်ခုတို့အား ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ ဩဂုတ် ၁၃ ရက်က Xiamen လေကြောင်းလိုင်း၏ Manila-Xiamen ခရီးစဉ်အမှတ် MF820 တွင် ခရီးသည် ၈ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယင်းခရီးစဉ်အား ဩဂုတ် ၃၀ ရက်မှစတင်ကာ ရက်သတ္တပတ်နှစ်ပတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် China Southern လေကြောင်းလိုင်း၏ ဩဂုတ် ၁၄ ရက် ခရီးစဉ်၌ ခရီးသည် ၉ ဦးတွင် ရောဂါပိုးတွေ့ရှိပြီးနောက် ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်အမှတ် CZ3056 ကိုလည်း ဩဂုတ် ၃၀ ရက်မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်များမှ မူလခွင့်ပြုထားသောပမာဏအား အခြားလမ်းကြောင်းသို့ လွှဲပြောင်းခွင့် မပြုထားကြောင်း CAAC က ဆိုသည်။ CAAC မူဝါဒအရ လေကြောင်းလိုင်းများအနေဖြင့် သီတင်းနှစ်ပတ်ကြာခရီးစဉ်ဆိုင်းငံ့ခြင်းများ သို့မဟုတ် COVID-19 ရောဂါတွေ့ရှိသည့် ခရီးသည် အရေအတွက် ၅ ဦးအထိ ရောက်ရှိလာပါက လေးပတ်ကြာ ၄၀ ရာခိုင်နှုန်းထက်မကျော်သော ခရီးသည်များဖြင့် မောင်းနှင်ပျံသန်းခြင်း တစ်ခုခုကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Thursday, 26 August 2021 09:07

အကောက်ခွန်ဝန်ဆောင်မှုကိုယ်စားလှယ်များနှင့်ဆေးတင်သွင်းသည့်ကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်ကြေညာချက်

အကောက်ခွန်ဝန်ဆောင်မှုကိုယ်စားလှယ်များနှင့် ဆေးတင်သွင်းသည့် ကုမ္ပဏီများ "သိရှိလိုက်နာဆောင်ရွက်ရန်" အကောက်ခွန်ဦးစီးဌာနအနေဖြင့် Covid19 ဆိုင်ရာ ဆေးဝါးများ၏ တင်သွင်းမှုများအား အထက်ဌာနများသို့ နေ့စဉ်စာရင်းပြုစု တင်ပြပေးရပါသည်။ အချို့ အကောက်ခွန်ဝန်ဆောင်မှုကိုယ်စားလှယ်များနှင့် ဆေးတင်သွင်းသည့်ကုမ္ပဏီများမှ အကောက်ခွန် ဦးစီးဌာနစနစ် MACCS ၏ အကွက် Commodityတွင် တင်သွင်းသည့်ဆေးအမျိုးအမည် ဖော်ပြရာတွင် ဆေး၏ brand name သာ ဖော်ပြပြီး ဆေး၏ chemical name အား အပြည့်အစုံဖော်ပြခြင်း မရှိသဖြင့် chemical name စာရင်းကောက်ခံရာတွင် အခက်အခဲဖြစ်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ Covid19 ဆေးဝါး မျိုး (၃၄)တင်သွင်းမှုများတွင် ဆေး၏ စနစ် MACCS အား chemical name ၏ အကွက်တွင် အပြည့်အစုံ Commodityဖေ ာ်ပြပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ဥပမာ M-NOXA BP 60 (INJECTION) 0.6ML ဖော်ပြခြင်းအစား M-NOXA BP 60 (INJECTION) 0.6ML (ENOXAPARIN) ဟုဖော်ပြရန်) ဆေးအမျိုးအစား၁။ Paracetamol၂။ Dextromethorphan Tablet၃။ Bromhexine HCL Tablet၄။ Acetylcysteine၅။ Cough syrup၆။ Cetirizine Tablet၇။ LevoCetirizine Tablet၈။ Amoxicillin+Clavulanic Acid Tablet၉။ Azithromycin Tablet၁၀။ Cefixime Tablet၁၁။ Cephalexin Capsule၁၂။ Levofloxacin Tablet၁၃။ Cefoperazone+Sulbactam injection၁၄။ Amoxicillin+Clavulanic Acid injection၁၅။ Cefepime injection.၁၆။ Imipenem injection၁၇။ Meropenem injection၁၈။ Piperacillin 4 G+Tazobactam injection၁၉။ Favipiravir၂၀။ Remdesivir injection၂၁။ Dexamethasone injection၂၂။ Dexamethasone injection၂၃။ Prednisolone Tablet၂၄။ Methylprednisolone Tablet၂၅။ Enoxaprian injection၂၆။ Fondaparinux injection၂၇။ Rivaroxaban Tablet၂၈။ Aspirin Tablet၂၉။ Omeprazole Tablet /injection၃၀။ Pantoprazole Tablet/injection၃၁။ Tocilizumab၃၂။ RJ Sarilumab၃၃။ Itolizumab၃၄။ Covid-19 Vaccine (ကာကွယ်ဆေး) အကောက်ခွန်ဦးစီးဌာန

Wednesday, 25 August 2021 18:13

ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များအား အသိပေး ထုတ်ပြန်ခြင်း။

Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များအား အသိပေး ထုတ်ပြန်ခြင်း။

Wednesday, 25 August 2021 18:08

(ပသက) လျှောက်ထားခြင်း လုပ်ငန်းစဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အချို့အား အသိပေးထုတ်ပြန်ခြင်း

TRADENET 2.0 စနစ်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် (ပသက) လျှောက်ထားခြင်း လုပ်ငန်းစဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အချို့ အားအသိပေး ထုတ်ပြန်ခြင်း။

Thursday, 29 July 2021 02:23

Covid-19 ရောဂါကာကွယ် ကုသရေးနှင့် သက်ဆိုင်သောFDA ထပ်မံဖြေလျော့မှုများ

Covid-19 ရောဂါကာကွယ် ကုသရေးနှင့် သက်ဆိုင်သော ကျန်းမာရေး အထောက်အကူပြု အစားအသောက်များ၊ ဆရာဝန်ညွှန်ကြားချက် မလိုသော ဆေးဝါးများ၊ Over the Counter (OTC) ဆေးဝါးများ၊ Prescription only Medicine (POM)ဆေးဝါးများအတွက် ယာယီဖြေလျော့မှုများကို ဖော်ပြပေးထားပါသည်။

Saturday, 24 July 2021 05:23

SINGHA BESAR 2801 ရေတက်ချိန် ပြန်ဆွဲချရန် စီစဉ်

သံဖြူဇရပ်မြို့နယ်အတွင်း သောင်တင်နေသော SINGHA BESAR 2801 စက်မဲ့ ဝမ်းပြားရေယာဉ်ကို ရေတက်ချိန်၌ ပြန်လည်ဆွဲချမည်ဟု သိရသည်။

Saturday, 24 July 2021 02:19

ကွန်ကရိပိုက်လုံးတင် barge တစ်စီး သံဖြူဇရပ်တွင် သောင်တင်

ရန်ကုန်ဆိပ်ကမ်းတွင် ကွန်ကရစ်ပိုက်လုံး Concrete Pile များ ကုန်ချရန် ခရီးနှင်ခဲ့သော စက်မဲ့ဝမ်းပြားရေယာဉ်( barge) ဖြစ်သည့်

Thursday, 21 January 2021 04:36

ကိုဗစ်ခေတ်ဆိုးကြီးထဲမှာ သင်္ဘောသားတွေ ဆိပ်ကမ်း တွင် ဆေးကုသမှုခံယူ နိုင်ဖို့ ငြင်းပယ်ခံ ရ

ယင်း ကန့်သတ်ချက် များကြောင့် နာမကျန်းဖြစ်နေသော သင်္ဘောသားများ အား ဝေဒနာ ကြိတ်ခံစားခိုင်းနေသလို များ ဖြစ်နေသလား၊ ဒီလို ဖြစ်နေတာ လအတော်တောင်ကြာနေပြီ။

Tuesday, 19 January 2021 05:47

၂၀၂၀ခု နှစ်တွင် လေကြောင်း ခရီးသွားလာမှု ၆၀ ရာခိုင်နှုန်း ကျဆင်းဟု ကုလသမဂ္ဂဆို

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာခြင်းများ ရပ်ဆိုင်းခဲ့သဖြင့် ၂၀၂၀ ခုနှစ်တွင် လေကြောင်း ခရီးသွားများ ၆၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ကုလသမဂ္ဂလေကြောင်း အေဂျင်စီက ဆိုသည်။