Local Industry

Friday, 27 October 2017 10:11

မန္တလေးကုန်စည်ဒိုင်မှာ ပဲ၊ ပြောင်း၊ နှမ်း အရောင်းအဝယ်ဖြစ်နေမြေပဲဖြူ

မြေပဲဖြူဈေးနှုန်းကတော့ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို ကျပ် ၁၀ဝ ခန့်အထိ ဈေးနှုန်းကျသွားတယ်လို့ မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ၊ ကထိန်တော်အသင်းက သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့က တရုတ်ပြည် ပိတ်ရက်ရော မြန်မာပြည် ပိတ်ရက်တွေပါ ပြန်ဖွင့်ပြီးအဝယ်ဆုံသွားတဲ့အတွက် မြေပဲဖြူ တစ်ပိဿာကို ၃၀ဝ- ၄၀ဝ ကျပ်ခန့်အထိဈေးတက်သွားခဲ့ပါတယ်။ အဲသည်နောက်ပိုင်း ပုံမှန်ဈေးနှုန်းနဲ့ရှိနေခဲ့ပြီး အခုရက်ပိုင်းမှာတော့ တစ်ပိဿာကို ၂၅၀ဝ- ၂၆၀ဝကျပ်နဲ့ တစ်ပိဿာကို ကျပ် ၁၀ဝ ခန့်ဈေးနှုန်းကျခဲ့တယ်လို့ သိရတယ်။ မြေပဲမှာအလုံးဆန်ကိုပဲ အဓိကဝယ်ယူကြပါတယ်။ အဖြူနဲ့ အနီနှစ်မျိုးရှိပြီးဆီကြိတ်ဖို့ အသုံးပြုကြပါတယ်။ တရုတ်ပြည် နဲ့ ထိုင်းကနှစ်စဉ်ဝယ်ယူသလို အခုနှစ်အတွင်း ရန်ကုန်ကလည်း မန္တလေးအထိဆင်းကာအဝယ်ရှိနေတယ်လို့ သိရပါတယ်။ မြေပဲက တစ်နှစ်ပတ်လုံးအရောင်းအဝယ်ဖြစ်သလို တစ်နှစ်ပတ်လုံးလဲတစ်နယ်ပြီးတစ်နယ်ကဝင်လို့ ပစ္စည်းမပြတ်ဘူး၊ အခုလောလောဆယ်တော့ နယ်စုံ၊ လိုင်းစုံက ဝယ်အားကောင်းနေပေမဲ့ရေရှည်တော့ မှန်းလို့မရဘူးလို့ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းက ဘဏ္ဍာရေးမှူး ဦးမျိုးဆွေကပြောပါတယ်။ ပြောင်းပြောင်းဆန်ဈေးနှုန်းကတော့ လက်ရှိမှာ ပုံမှန်ဈေးနှုန်းနဲ့ပဲအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြောင်းဆန်ကလည်း သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့က တရုတ် ဘက်ကရော မြန်မာဘက်ကပါအဝယ်ဆုံခဲ့တဲ့အတွက် ပြောင်းဆန်တစ်အိတ်ကို ကျပ် ၂၃,၅၀ဝ အထိဈေးတက်ခဲ့ပါတယ်။ အခုရက်ပိုင်းမှာတော့ ပုံမှန်ဈေးနှုန်းပြန်ရှိခဲ့ ပြီးတစ်အိတ်ကို ကျပ်၂၁,၅၀ဝ ရှိနေပါတယ်။ပြောင်းဆန်ကို မြန်မာပြည်ကလည်း ကြက်စာအနေနဲ့အသုံးများသလို တရုတ်ကလည်းအစာအတွက်အသုံးပြုပါတယ်။ တရုတ်ပြည်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး မြန်မာပြည်က တရားဝင်တင်ပို့ရတာဖြစ်ပေမဲ့ တရုတ်ပြည်ဘက်ကတော့ တရားဝင်မှာယူတာမဟုတ်ဘဲ လိုအပ်ချက်ရှိမှသာ နယ်စပ်ကထွက်ကုန်အဖြစ် အရောင်းအဝယ်လုပ်တာလို့ သိရတယ်။ ပြောင်းကရှမ်းပြောင်းနဲ့ စီပီပြောင်း နှစ်မျိုးရှိပြီး မန္တလေးမြို့ကို ရှမ်းပြောင်းနဲ့ ရွှေဘိုကန့်ဘလူပြောင်းတွေအဝင်များတယ်လို့ သိရတယ်။ စမုန်နှမ်းနက်စမုန်နှမ်းနက်ကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲသိပ်မရှိဘဲ အရောင်းအဝယ်သွက်နေတယ်လို့ သိရတယ်။ စမုံနှမ်းနက် အမြင့်ဆုံးထိပ်စတစ်အိတ်ကို ကျပ် ၁၃၂,ဝ၀ဝ၊ ဒုတိယတန်းစား တစ်အိတ်ကို ကျပ် ၁၂၇,ဝ၀ဝ နဲ့ ကျပ် ၁၂၉,ဝ၀ဝ ကြားရှိပါတယ်။ တရုတ်ကတစ်နှစ်ပတ် လုံး အဝယ်ရှိတယ်လို့သိရတယ်။ ဈေးကတော့ အဓိက demand နည်းနည်းကောင်းလို့ထင်တယ်၊ နှမ်းအနက်ရော၊ အညိုရော၊ အဖြူရောအရောင်းအဝယ်သွက်သွက်လက်လက်ရှိတယ်၊ တအားဈေးတက် တာတော့မရှိဘူးလို့ ဘဏ္ဍာရေးမှူး ဦးမျိုးဆွေကပြောပါတယ်။ စမုန်နှမ်းနက်ကအသစ်လည်းထပ်ပေါ်နေသလို ပစ္စည်းပြတ်တာလည်းမရှိတာကြောင့် အခုလက်ရှိပေါက်ဈေးအတိုင်းဆို တောင်သူတွေအတွက်အလားအလာကောင်းတယ် လို့ သိရပါတယ်။ Source: Kumudra

Thursday, 26 October 2017 07:08

ဧရာဝတီမြစ်က မြန်မာ့စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုပုံများကို လေ့လာမည်

မန်မာနိုင်ငံ၏ အရေးပါသော မြစ်များအနက်တစ်ခုဖြစ်သည့် ဧရာဝတီမြစ်က မြန်မာ့စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုပုံများကို WWF-မြန်မာက လေ့လာ့မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ “ကောင်းမွန်စွာ စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြီး မြန်မာ့ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ဘယ်လောက်အထိ အကျိုးပြုနေသလဲဆိုတာကို ယင်းလေ့လာမှုကနေတစ်ဆင့် သိလာမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီး ကောင်းမွန်စွာ ဆက်လက်စီးဆင်းနိုင်အောင် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း အစိုးရနဲ့ ပြည်သူလူထု သိရှိနားလည်သဘောပေါက်လာအောင် ကျွန်တော်တို့က ဒီလေ့လာမှုနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးခြင်းဖြစ်ပါတယ်” ဟု WWF-မြန်မာမှ ရေချိုအရင်းအမြစ် အစီအစဉ်နှင့် မူဝါဒဆိုင်ရာ မန်နေဂျာ မစ္စတာ ဆာမီတော်နီကော့စကီးက အောက်တိုဘာ ၂၃ ရက်နေ့က ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားကြောင်း သိရပါတယ်။ “The Ayeyarwaddy River and the Economy of Myanmar”အမည်ရှိ ထိုလေ့လာမှုသည် WWF-မြန်မာ၏ ရေချိုအရင်းအမြစ် အစီအစဉ်အောက်မှ လေ့လာမှုတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်အထက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အလယ်ပိုင်းရှိ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အောက်ပိုင်းရှိ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ပထမအဆင့် လေ့လာမှုများသည် လာမည့် မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရပါတယ်။ ဧရာဝတီမြစ်သည် အရှေ့တောင်အာရှဒေသရှိ လွတ်လပ်စွာစီးဆင်းနိုင်နေသေးသည့်မြစ်ကြီးများထဲတွင် တစ်စင်းအပါအဝင်ဖြစ်ကာ ဧရာဝတီမြစ်ဝှမ်းဒေသတစ်လျှောက်တွင် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့် မှီတင်း နေထိုင်နေကြသည်ဟု WWF-မြန်မာ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါတယ်။ ယင်းအပြင် မြန်မာ့ဆန်စပါးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်၌ စိုက်ပျိုးထုတ်လုပ်နေကြောင်း သိရပါတယ်။ WWF အနေဖြင့် “စီးပွားရေးကဏ္ဍတွင် မြစ်များ၏ အကျိုးပြုပုံ”အမည်ဖြင့် လေ့လာမှုများကို ကင်ညာ၊ နီပေါ၊ ဘူတန်နှင့် ဇမ်ဘီယာနိုင်ငံတို့ရှိ မြစ်ဝှမ်းဒေသများနှင့် မဲခေါင်မြစ်အောက်ပိုင်း ဒေသတို့တွင် ပြုလုပ်ခဲ့ဖူးပြီး၊ ငါးလုပ်ငန်းကဏ္ဍ၊ ဆန်စပါးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍစသည့်ကဏ္ဍများအလိုက် ခွဲခြမ်းစိတ်ဖြာ၍ ကောင်းမွန်စွာ စီးဆင်းနေသည့် မြစ်များက နိုင်ငံ့စီးပွားရေးအပေါ် အကျိုးပြုပုံများကို အချက်အလက်များနှင့်တကွ ဖော်ပြနိုင်ခဲ့ကြောင်း သိရပါတယ်။ Source: Frontier

Thursday, 26 October 2017 07:05

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမားအများဆုံး အသုံးပြုသော လုပ်ငန်းများကို နိုင်ငံတကာလုပ်ငန်းအများစုမှ ကမ်းလှမ်း

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း အလုပ်သမားအများဆုံး အသုံးပြုသော လုပ်ငန်းများကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအများစုက ကမ်းလှမ်းမှုရှိနေကြောင်း Myanmar Japan Thailawa Development Co., Ltd. အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ထံမှ သိရပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (က) အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်သည့်အတွက် ၉၆ ရာခိုင်နှုန်းအထိ ရောင်းချထားကာ ဇုန်အပိုင်း (ခ) အတွင်း ၂၆ ရာခိုင်နှုန်း ရောင်းချထားပြီး ကြောင်း သိရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း စိတ်ဝင်စားမှု ပိုမိုများပြားပြီး ကုန်သွယ်ရေးအရ ရေလမ်းကြောင်းနှင့် ကုန်လမ်းကြောင်း နှစ်မျိုးစလုံး အသုံးပြုနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံလိုကြခြင်းဖြစ်ကြောင်းနှင့် သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုပေးရာတွင် လုပ်သားအများဆုံးအသုံးပြုသော ကုန်ထုတ်လုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများကို ဦးစားပေးခွင့်ပြုခြင်းဖြစ်ကြောင်း သိရပါတယ်။ ယင်းဇုန်အတွင်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ဇူလိုင်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၆၆၃ သန်းအထိ ရရှိသွားကြောင်းသိရပါတယ်။ လက်ရှိတွင် သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း(ခ) အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (က) နှင့် (ခ) အကောင်အထည်ဖော်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁၅၀ခန့်က လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ Source: Myawaddy

Wednesday, 25 October 2017 10:29

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ တိုးတက်အောင် တရုတ်ဘဏ် ကူညီနေဟုဆို

တရုတ်စက်မှုနှင့် စီးပွား ရေးဘဏ် (ICBC) က မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာ ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန် ကူညီပေးနေ ကြောင်း ICBC ဘဏ်၏ ရန်ကုန် ရုံးခွဲအထွေထွေမန်နေဂျာ ဟီဘီ ဂျင်းက ပြောကြားသည်။ ဘဏ္ဍာရေးဝန်ဆောင်မှုများ ညီလာခံ ‘Belt and Road,GoldenMyanmar’ဖွင့်ပွဲတွင် ပြောကြား ရာ၌ ဟီဘီဂျင်းက ကမ္ဘာ့အကြီး ဆုံးဘဏ်များအနက် တစ်ခုဖြစ် သော ICBC က မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့် ထားသဖြင့် မြန်မာနိုင်ငံ၏ ဘဏ် လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ဝန်ထမ်းများ၏ လုပ်အားစွမ်းရည်နှင့် ပညာရှင် ဆန်မှု တိုးတက်လာစေရေး မြန်မာနိုင်ငံကို ကူညီပေးလိုကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု တစ်ရပ်နှင့် ကြုံတွေ့နေစဉ် ယင်းညီလာခံကို ကျင်းပခဲ့ပြီး ICBC က မြန်မာနိုင်ငံ မှ ဘဏ်လုပ်ငန်းများနှင့် ဆွေးနွေးပြီး အတွေ့အကြုံချင်းဖလှယ်လိုကြောင်း ၎င်းက ပြောသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့ ကြား စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုများ ဆက်လက်တိုး တက်လာနေသည်ကို ပြောကြား ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်က မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တရုတ်ထံမှ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ထားသည်။ တရုတ်သံအမတ် ဟောင်လျှံက မြန်မာနိုင်ငံနှင့် စီးပွားရေးလက်တွဲဆောင်ရွက်ရန် အခွင့်အလမ်း များစွာရှိပြီး မေလက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော နိုင်ငံတကာပူး ပေါင်းဆောင်ရွက်ရေးအတွက် ပိုးလမ်းမစီမံကိန်း ညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံ ကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို နောက်ထပ် အား ကောင်းလာစေမည့် မျှော်လင့် ချက် ဖော်ပြနေကြောင်း ပြောသည်။ Source: 7 days new

Monday, 23 October 2017 08:32

မြန်မာနှင့် ကမ္ဘောဒီးယားအထူးစီးပွားရေးဇုန်များမှာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်သာ အာမခံချက်ရှိဟုဆို

မြန်မာနှင့် ကမ္ဘောဒီးယား ရှိ အထူးစီးပွားရေးဇုန်များသည် ဒေသခံလူထုအလုပ်သမားများ၏ အကျိုးစီးပွားနှင့်သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများကို အကာအ ကွယ်ပေးရေးထက် ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်ရန်သာ အာမခံချက်များရှိကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန် သည့် ‘မဲခေါင်ဒေသ အထူးစီးပွားရေးဇုန်များနှင့် တန်ဖိုး ရင်းမြစ်ထုတ်ယူခြင်းများ’ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာကို ဘန် ကောက်အခြေစိုက် Focus on the global South အဖွဲ့က မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို တစ်နှစ်တာ အချိန်ယူ၍ သုတေသနပြုခဲ့ သည်။ ထို့အပြင် မြန်မာနှင့် ကမ္ဘော ဒီးယားရှိ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများက ကုန်ထုတ်လုပ်မှုအတွက် မြေယာနှင့် လုပ်သားအင်အားကို အပြိုင်အဆိုင် အသုံးချနေသည်။ အထူးစီးပွားရေးဇုန် (SEZ) များ၏ အုပ်ချုပ်စီမံခန့်ခွဲမှု ဖွဲ့စည်း ပုံတွင် အားနည်းချက်များရှိနေပြီး SEZ များ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စီမံခန့်ခွဲရာ၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု မရှိခြင်းတို့ရှိ နေသော ကြောင့် အထူးစီးပွားရေးဇုန်များ ကို နိုင်ငံရေးနှင့်စီးပွားရေး အခွင့် ထူးခံ လူတန်းစားအနည်းငယ်မှ ထိန်းချုပ်လာသည့် အန္တရာယ် မြင့် တက်လာကြောင်း အစီရင်ခံစာ က ဆိုသည်။ ‘‘ရင်းနှီးမြှုပ်နှံသူတွေရဲ့ အ ကျိုးစီးပွားအကာအကွယ်ပေးဖို့ အတွက် ပြည်သူလူထုနဲ့ ပတ်ဝန်း ကျင်အများကြီး ပေးဆပ်နေရတာ ကလည်း တော်တော်ထိတ်လန့် စရာဖြစ်တယ်။ အကျိုးအမြတ် သေချာဆန်းစစ်မှု မလုပ်ဘဲ စီး ပွားရေးဖွံ့ဖြိုးမှု မြှင့်တင်တာကို ဆက်မလုပ်သင့်တော့ဘူး’’ ဟု အဆိုပါ အစီရင်ခံစာအတွက် သုတေသနတွင် ဦးဆောင်ခဲ့သူ Focus on the Global South အမှုဆောင်ဒါရိုက်တာ ရှယ်မာလီ ဂွတ်တယ်က ပြောသည်။ အထူးစီးပွားရေးဇုန်များ ကြောင့် လက်တွေ့တွင် ပထမဦး ဆုံးထိခိုက်မှုသည် ဒေသခံများ၏ မြေယာနှင့် လုပ်ငန်းများဆုံးရှုံး ပျက်စီးရကြောင်း သုတေသန၌ ပါဝင်သည့် ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောသည်။ ‘‘ကမ္ဘောဒီးယားမှာ အထူးစီး ပွားရေးဇုန်ထဲက လုပ်ငန်းရှင်တွေ က လက်နက်ကိုင်အကာအကွယ် နဲ့ နေကြတယ်။ ဒေသခံတွေအ ကျိုးထက် သူတို့က ပိုပြီး သြဇာကြီးလာတယ်’’ဟု ကမ္ဘောဒီးယားမှ အလုပ်သမားခေါင်းဆောင် အမျိုးသမီးက ပြောသည်။ ထို့အပြင် အကြီးစားရင်းနှီး မြှုပ်နှံမှု စီမံကိန်းများသည် ဒေသ အတွင်း ကောင်းမွန်သည့် အကျိုး သက်ရောက်မှုမဖြစ်ထွန်းစေဘဲ ပဋိပက္ခတွေသာ ပိုမိုဖြစ်ပေါ်စေ ပြီး ဒေသဆိုင်ရာ အစိုးရများက ဒေသခံပြည်သူလူထု၏ အသံကို နားမထောင်မည်ကို စိုးရိမ်မိကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်စုစုဆွေက ပြောသည်။ ‘‘ဒီလိုကိစ္စတွေကို အလေး ထားပါတယ်။ နိုင်ငံတကာစံနှုန်း တွေအတိုင်း ဆောင်ရွက်သွားမှာ ပါ။ စံနှုန်းတွေမမီရင် ဘယ်လုပ် ငန်းရှင်မှ လာမှာမဟုတ်ပါဘူး’’ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်သုံးခုရှိပြီး သီလ၀ါအ ထူးစီးပွားရေးဇုန်သည် လုပ်ငန်းစ တင်နေသည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်သည် လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပေ။ ကမ္ဘောဒီးယား၌ အထူးစီးပွားရေးဇုန် နှစ်ခုရှိသည်။ Source: 7 days new

Monday, 23 October 2017 04:19

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခု ၀င်ရောက်ထားပြီး ၆၀ ရာခိုင်နှုန်းမှာ မြန်မာဈေးကွက်ကို ဦးတည်ခြင်းဖြစ်ကာ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့မည့်လုပ်ငန်းများမှာ ၂၅ ရာခိုင်နှုန်းသာရှိ

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခု ၀င်ရောက်ထားပြီး ၆၀ ရာခိုင်နှုန်းမှာ မြန်မာဈေးကွက်ကို ဦးတည်ခြင်းဖြစ်ကာ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့မည့်လုပ်ငန်းမှာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း သိရပါတယ်။ အခွန်ကင်းလွတ်သက်သာခွင့်များနှင့် အခြေခံအဆောက်အအုံကောင်းမွန်စေမည့် အာမခံချက်များကြောင့် သီလ၀ါအထူးစီးပွားရေးဇုန်ဟာ နိုင်ငံတကာလုပ်ငန်းရှင်များအကြား စိတ်ဝင်စားမှုရရှိထားပြီး ဇုန်တည်ထောင်သည့် နှစ်နှစ်ကျော်ကာလအတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ၀င်ရောက်ပြီးသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခုအနက် ဂျပန်က ၄၃ ခု (50.58%)၊ အာဆီယံနိုင်ငံများမှာ (မြန်မာမပါ) ၁၉ ခု (22.35%)၊ အရှေ့အာရှနိုင်ငံမှ (ဂျပန်မပါ) ၁၃ ခု (15.29%)၊ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ၅ ခု (5.88%)၊ မြန်မာလုပ်ငန်း ၃ ခု (3.52%)နှင့် အခြား ၂ ခု (2.43%) တို့ဖြစ်ကြောင်း သိရပါတယ်။ လုပ်ငန်းအများစုအနက် ၃၆ ခုသည် လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ပြီး ၃၄ ခုက တည်ဆောက်ရေးနှင့် စက်ပစ္စည်းတပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ လာမည့်နှစ်များတွင် လုပ်ငန်းလည်ပတ်တော့မည် ကြောင်း သိရပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်း ၈၅ ခု အနက် လုပ်ငန်း ၅၁ ခု (60%)ဟာ မြန်မာဈေးကွက်ကို ဦးတည်ပြီး လုပ်ငန်း ၂၅ ခု (29%)က နိုင်ငံတကာဈေးကွက်သို့ ပို့ကုန်ပြန်လည်တင်ပို့မည်ဖြစ်ကာ ၉ ရာခိုင်နှုန်းသည် ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတောင်ဘက်တွင် အကောင်အထည်ဖော်လျက်ရှိသည့် သီလ၀ါအထူးစီးပွားရေးဇုန်တွင် အောက်တိုဘာလဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁.၁ ဘီလျံကျော် ၀င်ရောက်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဇုန်အေတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံးပြီးစီးသွားပြီဖြစ်ပြီး ၉၆ ရာခိုင်နှုန်းရောင်းချပြီးဖြစ်ကာ ဇုန်ဘီ ကို တည်ဆောက်လျက်ရှိရာ ၂၆ ရာခိုင်နှုန်းခန့် ရောင်းချပြီးကြောင်း သိရပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပြီး သီလ၀ါအထူးစီးပွားရေးဇုန်လုပ်ငန်းများ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏက ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဒေါ်လာ ၁၁၄၄.၆၆၃ သန်း အထိ ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ စက်မှုကဏ္ဍတွင် လုပ်ငန်းအရေအတွက် ၆၂ ခုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၄၂.၉၆၅ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၇၃ ရာခိုင်နှုန်းကျော် ရှိနေကြောင်း သိရပါတယ်။ ကုန်စည်ရောင်းဝယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၀၁ သန်းကျော်၊ ၀န်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၈၁ သန်းကျော်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍတွင် ဒေါ်လာ ၇၇ သန်းကျော်၊ အိမ်ရာအဆောက်အအုံတည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍတွင် ဒေါ်လာသန်း ၃၀ ကျော်နှင့် ဟိုတယ်ကဏ္ဍတွင် ဒေါ်လာ ၁၂ သန်းကျော် မြှုပ်နှံထားကြောင်း သိရပါတယ်။ Source: Daily eleven

Friday, 20 October 2017 10:24

မြန်မာ့ပဲမျိုးစုံဝယ်ယူရန် နီပေါမှ ကမ်းလှမ်း

အိန္ဒိယသို့ တင်ပို့ခွင့် အကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့ပဲမျိုးစုံကို ၀ယ်ယူရန် နီပေါနိုင်ငံဘက်မှ ကမ်းလှမ်းထားပြီး မည်သည့် ပဲအမျိုးအစားများကို ၀ယ်ယူရမည်ကို ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

Monday, 16 October 2017 05:24

မြန်မာ MDC ကုမ္ပဏီအုပ်စုရှိအစုရှယ်ယာများ ရောင်းချကြောင်းTPG ကုမ္ပဏီကြေညာ

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး TPG က မြန်မာ MDC ကုမ္ပဏီရှိ ၎င်းတို့၏ အစုရှယ်ယာများကို ထိုင်းယမကာကုမ္ပဏီ Thai Beverage ထံ ရောင်းချခဲ့ကြောင်း ကြေညာသည်။ MDC ကုမ္ပဏီသည် မြန်မာ နိုင်ငံ၏ အကြီးဆုံးအရက် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းဝီစကီအမှတ်တံဆိပ်ဖြစ်သော Grand Royalကို ထုတ် လုပ်သည့် ကုမ္ပဏီဖြစ်သည်။ Grand Royal အမှတ်တံ ဆိပ်အတွက် ဝန်ထမ်း ၂,၅၀၀ ကျော်ခန့်ထားပြီး လက်ကားဆိုင် ၁,၃၀၀ နှင့် လက်လီအရောင်းဆိုင် ၂၀,၀၀၀ ကျော်ထံ ရောက်နိုင် သော ၎င်းတို့ကွန်ရက်မှတစ်ဆင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကို ကူညီပေးနေသည်။ ၁၉၉၅ တွင် တည်ထောင်ခဲ့သော MDC ကုမ္ပဏီသည် ဝီစကီနှင့် ဂျင်အပါအဝင် အရက်အမျိုးမျိုးထုတ်လုပ်ရောင်းချပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် အရက်ချက်၊ အရက်စပ်၊ ပုလင်း ထုပ်ပိုးစက်ရုံနှစ်ရုံမှ တစ်ဆင့် လုပ်ငန်းလည်ပတ်နေသည်။ MDC ရှိ TPG ၏ အစုရှယ် ယာများ ဝယ်ယူခဲ့သော Thai Beverage ကုမ္ပဏီသည် အာရှတိုက်၏ ထိပ်သီးအရက်ကုမ္ပဏီ များအနက်တစ်ခုဖြစ်ပြီး MDC နှင့်ပူးပေါင်းမှု ဆက်လက်အောင်မြင် စေရန် ဆုတောင်းပေးကြောင်း TPG တာဝန်ရှိသူ ဂါနန်ဆာဗာနန် ဆန်က ပြောသည်။ TPG သည် ၂၀၁၄ က ApolloTowers တွင် ပထမဆုံးရင်းနှီး မြှုပ်နှံခဲ့ပြီး MDC တွင် ဒုတိယ မြောက်ရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းTPG ကုမ္ပဏီသည် အရှေ့တောင် အာရှ၏ အခြားသော ဒေသများ ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။ TPG သည် ၁၉၉၂ က စတင်တည်ထောင်သော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်ပြီး အော်စတင်၊ ဘေ ဂျင်း၊ ဘော်စတွန်၊ ဒါးလာ့စ်၊ ဟောင်ကောင်၊ ဟူစတန်၊ လန် ဒန်စသော မြို့တို့တွင် ရုံးဖွင့်ကာ ကန်ဒေါ်လာ ၇၃ ဘီလီယံခန့် တန် ဖိုးရှိ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲ လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။ Source: 7 days new

Friday, 13 October 2017 08:34

Singapore firm to launch limousine services in Yangon

Singapore-based Strides Transportation signed a joint venture agreement on October 12 in Yangon to provide limousine services in Myanmar’s commercial capital in early 2018. Under the partnership, SMRT Strides Toyotsu Alliance will take 60 percent of stakes in the joint venture, Toyota Tsusho Asia Pacific ( a member of the Toyota Group of Companies) and Alliance Urban Transport (AUT) will split the rest equally, at 20pc each. AUT is a local company and partly owned by Elite Telecom Public Company Limited and JFQ Capital, to which SMRT Taxis is the consultant for their vocational school in Yangon. Strides is a subsidiary of SMRT Corp. “As Myanmar is developing its economy, the country has been accepting economic travellers. So we thought that to give limousine service is becoming needed. We want to fulfil and Myanmar needs a good and reliable limousine rental service,” said Tony Heng, SMRT managing director. These limousines are expected to commence operations in the first quarter of next year. The company did not provide the amount of investments, but said they will bring in more than 100 vehicles in the next two years. “The cars will be Toyota brand because as so many taxis are Toyota Probox models in Yangon. But, depending on the market demand, we will use other luxury brands. We will continue the review for the market require,” Mr Heng said. source:myanmartimes