Local Industry

Wednesday, 27 July 2022 08:54

ကျပ် (၁၀၅) ဘီလီယံ ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် ကော့သောင်းတောင်ဖွံ့ဖြိုးရေးစီမံကိန်း

ကော့သောင်း ဒေသဟာ မြန်မာနိုင်ငံရဲ့ အလှဆုံးနေရာများအနက် သဘာဝအလှ ရှုခင်းများရှိရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း တိုင်းရင်းသား လူမျိုးစုဖြစ်တဲ့ ဆလုံလူမျိုးတို့ရဲ့ ရိုးရာဓလေ့များ၊ လူနေထိုင်မှု ဘဝပုံစံများကြောင့် နာမည်ကျော်ပြီးသား ဒေသတစ်ခုဖြစ်ပါတယ်။ ယခုတွင် အဆိုပါဒေသရှိ ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးရေး၊ ဒေသခံများရဲ့ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း တိုင်းရင်းသား လူမျိုးစုဖြစ်တဲ့ ဆလုံလူမျိုးတို့ရဲ့ ဓလေ့စရိုက်များကို ပိုမိုစိတ်ဝင်စား မြင့်တင်ရန်ဟုဆိုကာ ကော့သောင်းဒေသတွင်း ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခု ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။ ယင်းစီမံကိန်းကို Yoma Groupရဲ့ Kawthaung Hill Development Ltd., (KHDL) မှ အကောင်အထည် ဖော်မှာဖြစ်ကာ စီမံကိန်းကာလ ၅နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုထားပြီး ယခုစီမံကိန်းနှင့် ဆက်စပ်ကာ ပြည်တွင်းသာမက ပြည်ပမှ အခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ကော့သောင်းတောင် ဖွံ့ဖြိုးရေးစီမံကိန်းကို ကော့သောင်းမြို့၏ အမြင့်ဆုံး တောင်ကုန်း တစ်ခုဖြစ်သည့် (၁,၁၉၉) တောင်ကုန်းပေါ်တွင် မြေအကျယ်အဝန်း (၁၉၇)ဧကမှာ ကြယ်၃ပွင့် အဆင့်နှင့် ကြယ်၄ပွင့် အဆင့်ရှိ အခန်း(၇၀)ပါ တောင်ခြေဟိုတယ်နှင့် Villaအလုံး(၃၀)၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ Resortများ၊ အပန်းဖြေလုံးချင်း အိမ်ရာများ အလုံး(၃၀)တို့ ပါဝင်မယ်လို့ ဆိုပါတယ်။ ထို့အပြင် တနင်္သာရီတိုင်းရဲ့ သမိုင်းကြောင်းနှင့် ဆလုံလူမျိုးတို့ရဲ့ ယဉ်ကျေးမှု သမိုင်းကျောင်းတို့ကို ပြသမယ့် ကမ္ဘာ့အဆင့်မှီ မြိတ်ကျွန်းစုရဲ့ အာဏ္ဏဝါပြတိုက်၊ ဆလုံရွာငယ်ပုံစံနဲ့ ဈေးဆိုင်ခန်းများ၊ တောင်ပေါ်သို့ တက်ရောက်မည့် ကေဘယ်ရထား၊ သံလမ်း၊ ဘူတာရုံနှင့် ကားလမ်းများဖြင့် ကျပ်(၁၀၅)ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ် ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီစီမံကိန်းကြောင့် ကော့သောင်းဒေသခံများနှင့် တိုင်းရင်းသား အလုပ်အကိုင်များ ရရှိလာခြင်း၊ ဒေသပိုမို ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ခြင်း၊ ကော့သောင်းဒေသရဲ့ ဆလုံလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းများကို ပိုမိုထိန်းသိမ်းကာ ကမ္ဘာမှ ပိုမိုသိရှိလာရန် ရည်ရွယ်တယ်လို့လည်း သိရှိရပါတယ်။ Source: Yoma/FMI Press Release/ MMPG

Friday, 03 June 2022 03:58

Logistics က‌ဏ္ဍ ဝန်ဆောင်မှု လုပ်ငန်းများ ဒေါ်လာ ကိုင်ဆောင်ခွင့် ပမာဏ သတ်မှတ်

Logistics က‌ဏ္ဍ ဝန်ဆောင်မှု လုပ်ငန်းများ ဒေါ်လာ ကိုင်ဆောင်ခွင့် ပမာဏ သတ်မှတ်

Friday, 03 June 2022 02:56

ကပ်ရောဂါကြောင့် နေရပ်မပြန်နိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ချပေးထားတဲ့ ဗီဇာ ဂျပန်အဆုံးသတ်

ဂျပန်နိုင်ငံဟာ ကပ်ရောဂါကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ နိုင်ငံခြားသားတွေအတွက် အလုပ်ဆိုင်ရာ ကန့်သတ်ချက်တချို့ ရပ်ဆိုင်းပေးတဲ့ အစီအမံကို အဆုံးသတ်လိုက်ပါတယ်။

Friday, 29 April 2022 06:13

ပင်လယ်တွင် ရက်အတန်ကြာ မျောပါနေသည့် မြန်မာရေလုပ်သားတစ်ဦးအား SITC Logistics Myanmar Co., Ltd မှ ကွန်တိန်နာသင်္ဘောက တွေ့ရှိ ကယ်ဆယ်

ပင်လယ်တွင် ရက်အတန်ကြာ မျောပါနေသည့် မြန်မာရေလုပ်သားတစ်ဦးအား SITC Logistics Myanmar Co., Ltd မှ ကွန်တိန်နာသင်္ဘောက တွေ့ရှိ ကယ်ဆယ်

Tuesday, 29 March 2022 08:07

PIL RCL IAL ၃ လိုင်း ပူးပေါင်းပြီး အာရှတွင်းခရီးစဉ် ပြေးဆွဲ

PIL RCL IAL ၃ လိုင်း ပူးပေါင်းပြီး အာရှတွင်းခရီးစဉ် ပြေးဆွဲ

Tuesday, 22 March 2022 05:45

စူးအက်တူးမြောင်း ဂုဏ်သိက္ခာ ဆယ်ဖို့ကြိုးပမ်း

စူးအက်တူးမြောင်း ဂုဏ်သိက္ခာ ဆယ်ဖို့ကြိုးပမ်း

Tuesday, 22 March 2022 02:24

တရုတ် Boeing တောင်ပေါ်ပျက်ကျ၊ ၁၃၂ ဦး အသက်ရှင် ကျန်ရစ်သူ မတွေ့ရသေး

တရုတ် Boeing တောင်ပေါ်ပျက်ကျ၊ ၁၃၂ ဦး အသက်ရှင် ကျန်ရစ်သူ မတွေ့ရသေး

Sunday, 20 March 2022 07:24

ရန်ကုန်လေဆိပ် ပြည်ပလေကြောင်းလိုင်းများ ပြန်ဖွင့်ပြီးတဲ့အခါ အလားအလာ သုံးသပ်ချက်များ

ရန်ကုန်လေဆိပ် ပြည်ပလေကြောင်းလိုင်းများ ပြန်ဖွင့်ပြီးတဲ့အခါ အလားအလာ သုံးသပ်ချက်များ

Sunday, 20 March 2022 04:52

Evergreen က 24,000 teu အသစ်သုံးစီး အားဖြည့်

Evergreen က 24,000 teu အသစ်သုံးစီး အားဖြည့်