Local Industry

Tuesday, 15 December 2020 05:29

ပြန်လည်ပျံသန်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုပြီးမြောက်မှသာ နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းများ ဇန်နဝါရီ ၁ရက် တွင် စတင်ပျံသန်းနိုင်မည်

COVID-19 ရောဂါကြောင့် ရပ်နားထားသော နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းနိုင်ရေးသည် ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြီးမြောက်မှသာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် စတင်ပျံသန်းနိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးနေဝင်းက ဆင်ဟွာသို့ ပြောကြားသည်။

Tuesday, 15 December 2020 03:52

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operation Procedure – SOP)

Monday, 14 December 2020 04:30

၂၀ မှ ၂၆ .၁၂.၂၀၂၀ အခွန်အရပ်ရပ်စည်းကြပ်ရန် အသုံးပြုမည့် ငွေလဲလှယ်နှုန်းအမျိုးမျိုး

(၂၀.၁၂.၂၀၂၀) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၂၆.၁၂.၂၀၂၀) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ငွေလဲလှယ်နှုန်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

Saturday, 12 December 2020 20:28

ရန်ကုန်မြို့၏ ဝေဟင်နှင့် ဆည်းဆာအလှကို လေယာဉ်ဖြင့်ကြည့်ရှုနိုင်မည့် ခရီးစဉ်နှင့် မြစ်အတွင်း သင်္ဘောဖြင့် ကြည့်ရှုနိုင်မည့်ခရီးစဉ်များကို ဒီဇင်ဘာလကုန်တွင် စတင်နိုင်ရန်မျှော်မှန်းထား

ရန်ကုန်မြို့ကို ဝေဟင်မှ လေယာဉ်ဖြင့် ကြည့်ရှုနိုင်မည့်ခရီးစဉ်နှင့် ရန်ကုန်မြစ်အတွင်း ညနေဆည်းဆာ အလှအား သင်္ဘောဖြင့် ကြည့်ရှုနိုင်မည့် ခရီးစဉ်များကို ဒီဇင်ဘာလကုန်တွင် စတင်နိုင်ရန် မျှော်မှန်းထား ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Saturday, 12 December 2020 15:36

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြေးဆွဲရန် အသိပေး

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ (Domestic Scheduled Flights) ပြန်လည်ပြေးဆွဲတော့မည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်မြို့ စာအမှတ်၊ လညန/လပရ/၁၄/၈၆ ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် အကြောင်းအရာ။ ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ (Domestic Scheduled Flights) ပြန်လည်ပြေးဆွဲရေးကိစ္စ၊ ရည်ညွှန်းချက်။ ဤဦးစီးဌာန၏ ၂၉-၁၁-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ လညန/လပ/၁၄/ ၈၂၈၆၊ ၁။ COVID-19 ရောဂါသည် ပြည်တွင်းကူးစက်မှုအဖြစ် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့လျက်ရှိသည့်အတွက် ပြည်တွင်း ပုံမှန်လေကြောင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ၁၅-၁၂-၂၀၂၀ ရက်နေ့အထိ ဆက်လက်ရပ်ဆိုင်းထားရန် ဤဦးစီးဌာနက အထက်ရည်ညွှန်းပါစာဖြင့် လေကြောင်းလိုင်းများသို့ အကြောင်းကြားခဲ့ပါ သည်။ ၂။ ယခုအခါ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပြေးဆွဲ လျက်ရှိသည့် ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်း များ (SOP) နှင့်အညီ ၁၆-၁၂-၂၀၂၀ ရက်နေ့မှ စတင် ဆောင်ရွက်သွားရန် Coronavirus Disease 2019 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်မှုအရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဤဦးစီးဌာနသို့ ပြည်တွင်း လေကြောင်းလိုင်းများနှင့် လေဆိပ်များ သိရှိဆောင်ရွက်နိုင်ရေး ဆက်လက်အသိပေးသွားရန် အကြောင်းကြားလာပါသည်။ ၃။ သို့ဖြစ်ပါ၍ ပြည်တွင်းလေကြောင်းလိုင်းများနှင့် လေဆိပ်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်မည့် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်း များနှင့် ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ၁၆-၁၂-၂၀၂၀ ရက်နေ့မှစတင်၍ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။ ၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အထက်ဖော်ပြပါ စံသတ်မှတ်ချက်များကို ထုတ်ပြန်သည့်အခါတွင် အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပေးပို့သွားမည်ဖြစ်ပါသည်။

Saturday, 12 December 2020 08:57

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ ပျံသန်းရန်နှင့် အဝင်အထွက် သာမန် ပုံမှန်ဘက်ကို ဦးတည်ရန် စတင်စီစဉ်နေပြီ

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ ပျံသန်းရန်နှင့် အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနှင့်

Friday, 11 December 2020 10:37

ပိတ်ထားသည့် တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ကုန်အဝင်အထွက် ဖွင့်လှစ်ပေးရန် တောင်းဆို

မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းအား ဒီဇင်ဘာ၃၁ရက်ထိ ရက်ထပ်တိုးပိတ်ခြင်းနှင့် ပတ်သက်၍

Friday, 11 December 2020 03:19

သွားလာမှု အထောက်အထားတုကိုင်သူ ကုန်တင်ယာဉ်မောင်းများ ဖမ်းဆီးအရေးယူ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားချိန်မှာ ခွင့်ပြုချက်အတုတွေ

Thursday, 10 December 2020 08:36

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်း ဆွေးနွေး

COVID-19 ကာလအတွင်း တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသော မြန်မာ- တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်များကို မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဘက် တာဝန်ရှိသူများက