Local Industry

မြို့ဝင်ဘီးခွန်ကောက်ခံသည့် ဂိတ်များအားလုံး စက်တင်ဘာလကုန်မှ စတင်ကာဖျက်သိမ်းမည်

မြို့ဝင်ဘီးခွန်ကောက်ခံသည့် ဂိတ်များအားလုံး စက်တင်ဘာလကုန်မှ စတင်ကာဖျက်သိမ်းမည် google.com

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ဝင်ဘီးခွန်ကောက်ခံနေသည့် ဂိတ်များအားလုံးကို စက်တင်ဘာလကုန်မှ စတင်ကာ ဖျက်သိမ်းသွား

မည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာနများ ညှိနှိုင်းဆောင်ရွက်မှုအရဌာနအလုပ်များလျော့ပါးစေရန် အခွန်ပြည့်ပြည့်ဝဝ ရရှိစေရန် နှင့် ယာဉ်များအသုံးပြုသွားလာနေသည့် ခရီးသွားပြည်သူများ မြို့ဝင်ကြေးကောက်ခံနေသည့်ဂိတ်များ ပြဿနာဖြစ်ပွားမှုများပပျောက်စေရန် ရည်ရွယ်ကာယခုကဲ့သို့ ပိတ်သိမ်းရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်မှ ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

“နောက်ပိုင်းယာဉ်လိုင်စင် အသစ်လုပ်တာတွေ လိုင်စင်သက်တမ်းတိုးတာတွေမှာ စည်ပင်သာယာမှာ ဘီးခွန် ဆောင်ပြီးကြောင်း ထောက်ခံစာပါမှ ကညနက လုပ်ပေးမယ် အဲ့လိုဆို မြို့ဝင်ဘီးခွန်က ကောက်ခံစရာမလိုတော့ဘူး အဲ့ဒါကြောင့်မြို့ဝင်ဂိတ်တွေ အားလုံးဖျက်သိမ်းလိုက်တော့မယ် ပြည်သူလူထုစိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်စေရန် ရည်ရွယ်ပြီး ဒီလိုဆုံးဖြတ်လိုက်တာပါ။ အမြဲတမ်းပိတ်သိမ်းသွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောခဲ့ပါတယ်။

 

          ကျင်းပနေဆဲ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဓနုဖြူမြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းကလည်း အဝေးပြေးလမ်းမကြီးပေါ်တွင် စည်ပင်ဥပဒေ နှင့် မညီသော မြို့တွင်းဘီးခွန် ကောက်ခံနေခြင်းအား ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကိုမေးမြန်းခဲ့ပါတယ်။

 

“အမှန်တော့ ဒီဂိတ်တွေက အစောကြီးကတည်းက မရှိသင့်ဘူး။ တို့ကားတွေက နိုင်ငံခြားကလာတဲ့ ကားတွေမှ မဟုတ်တာ ပြည်တွင်းမှာပဲ တရားဝင်လိုင်စင်ဆောင်ထားပြီးသားကားတွေလေ လမ်းကြေးတံတားကြေး ဆိုတာကမှ ကြားလို့ကောင်းသေးတယ်။ မြို့ဝင်ကြေးဆိုတာ ကြားလည်းမကောင်းဘူး အဲ့တော့ ဒီလို ဖျက်လိုက် တာပဲ ကောင်းပါတယ်။ ဒီမှာတင်မဟုတ်ဘူး တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ဝင်ကြေး ဂိတ်တွေလည်း ဖျက်စေချင်ပါတယ်”ဟု ပုသိမ်မြို့မှ အငှားယာဉ်မောင်း ဦးဆန်းညွန့်က ပြောခဲ့ပါတယ်။

 

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ဇန်နဝါရီလက မြို့ပြင်ထွက်ကာ အဝေးပြေးလမ်းမပေါ်တွင် မြို့ဝင်ကြေး ကောက်ခံနေသည့် ရေကြည်ဂိတ် နှင့် ငါးသိုင်းချောင်းဂိတ်တို့ကို ပိတ်သိမ်းခဲ့ပြီး စက်တင်ဘာ ၄ ရက်က စတင်၍ ရန်ကုန်-ပုသိမ် အဝေးပြေး ကားလမ်းမပေါ်ရှိ လမ်းကြေးကောက်ခံနေသည့် ဂိတ်များအားလုံးကို ဖျက်သိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိခဲ့ရပါတယ်။

 

Source : Myanmar Time

Read times
Rate this item
(0 votes)