Local Industry

ခြောက်လအတွင်း ပို့ကုန်ပမာဏ ၁၀ ရာခိုင်နှုန်းခန့်တိုးတက်

ခြောက်လအတွင်း ပို့ကုန်ပမာဏ ၁၀ ရာခိုင်နှုန်းခန့်တိုးတက် google

ဒီချုပ်အစိုးရ၏ တတိယ ဘဏ္ဍာနှစ် ပထမခြောက်လအ တွင်း ပို့ကုန်ပမာဏ ၁၀ ရာခိုင် နှုန်းခန့် တိုးတက်လာပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမခြောက်လ တွင် ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ ခန့်ရှိသော်လည်း ယခုဘဏ္ဍာနှစ် ကာလတူတွင် ဒေါ်လာရှစ်ဘီလီ ယံခန့် ရှိလာသည်။

 

ချုပ်ပြီးအထည်ပြည်ပတင်ပို့ မှုနှင့် ကျွဲ၊ နွားအပါအ၀င် တိ ရစ္ဆာန် ထွက်ပစ္စည်းများ ပြည်ပ တင်ပို့မှု တိုးလာခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏသည် ခြောက်လအတွင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန် ဒေါ်လာသန်း ၆၅၀ ကျော်ပိုမိုတင်ပို့နိုင်သည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်ကပြောသည်။

 

သို့သော် သွင်းကုန်ကဏ္ဍ တွင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလ တူထက် ဒေါ်လာသန်း ၅၀၀ ကျော်လျော့နည်းခဲ့သည်။ ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းများ တင်သွင်း မှုလျော့နည်းခြင်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများတင်သွင်းမှု လျော့နည်းခြင်းက မြန်မာနိုင်ငံ၏ သွင်းကုန်ပမာဏကို လျော့နည်း စေသည်။

 

မြန်မာနိုင်ငံ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ပထမခြောက်လအတွင်း သွင်းကုန်ပမာဏဒေါ်လာ ကိုးဘီလီယံခန့်ရှိနေသည်။ ထို့ကြောင့် ယခုဘဏ္ဍာနှစ်မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေပမာဏက ဒေါ်လာတစ်ဘီလီယံခန့်ရှိနေ သည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာ လတူတွင် ကုန်သွယ်မှုလိုငွေဒေါ် လာ ၂ ဒသမ ၁ ဘီလီယံရှိသည်။

 

ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တိုးတက်ပြီး ကုန်သွယ်မှုလို ငွေလျော့နည်းသော်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော် ပိုများသည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန် သွယ်မှုပမာဏတိုးတက်လာခြင်းက နိုင်ငံ့စီးပွားရေးအတွက် မျှော်လင့်ချက်များ ဖြစ်လာသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

 

သွင်းကုန်လျော့နည်းမှု၊ ကုန်သွယ်မှုလိုငွေကျဆင်းမှုက ပြည်တွင်း၌ကန်ဒေါ်လာတန်ဖိုး ၂၀၁၉ လေးလကျော်အတွင်း တည်ငြိမ်သကဲ့သို့ဖြစ်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

 

Source : 7 Day daily

 

Myanmar Logistics Guide

 

 

 
 
Read times
Rate this item
(0 votes)