Local Industry

သီလဝါအထူး စီးပွားရေးဇုန်အတွင်း ပြည်တွင်းဈေးကွက်ဦးစားပေးစက်မှု လုပ်ငန်းပေါင်း ၆ဝ ရာခိုင်နှုန်း အထိလုပ်ကိုင်နေ

သီလဝါအထူး စီးပွားရေးဇုန်အတွင်း ပြည်တွင်းဈေးကွက်ဦးစားပေးစက်မှု လုပ်ငန်းပေါင်း ၆ဝ ရာခိုင်နှုန်း အထိလုပ်ကိုင်နေ google

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်လုပ်ကိုင်နေသော ကုမ္ပဏီများထဲမှ ဈေးကွက်အခြေအနေအရ ပြည်တွင်းဈေးကွက်ကို ဦးစားပေးလုပ်ကိုင်နေသော စက်မှုလုပ်ငန်းပေါင်း ၆ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း Myanmar Thilawa SEZ Holdings Public Co.,Ltd. တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ပြည်တွင်းဈေးကွက်အတွက် လုပ်ကိုင်နေသော ကုမ္ပဏီများပြားနေပြီး ပို့ကုန်ဦးစားပေးလုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းသာရှိပါတယ်။

 

ကနဦးတွင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းပေါင်း ၇ဝ ရာခိုင်နှုန်း၊ ပြည်တွင်းဈေးကွက် ဦးစားပေးလုပ်ငန်းပေါင်း ၃ဝ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ပြည်တွင်းဈေးကွက်ဦးစားပေးစက်မှုလုပ်ငန်းက ပိုမိုများပြား လျက်ရှိကာ ဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁ဝ၈ ခုက ရင်းနှီးမြှုပ်နှံမှု များပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိ ဇုန်နှစ်ပိုင်းစလုံး၏ မြေနေရာသုံးစွဲငှားရမ်းခွင့်ကာလမှာ အများဆုံး ၇၅ နှစ်အထိဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် ကဲ့သို့ ခံစားခွင့်များလည်း ပါဝင်ကာ Free Zone အတွင်းဖြစ်ပါက အခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်ဖြစ်ပြီး Promotion Zone အတွင်းဖြစ်ပါက အခွန်ကင်းလွတ်ခွင့်ငါးနှစ်ဖြစ်ပါတယ်။

 

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

 

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပါဝင်သည့် ကုမ္ပဏီများကို ဇုန်အားဖြင့်နှစ်ပိုင်းခွဲခြားနိုင်ပြီး ပထမပိုင်းတွင် ပို့ကုန်ဦးစားပေးစက်မှု လုပ်ငန်း(ကုန်ပစ္စည်း၏ ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ခြင်း)၊ ကုန်ပစ္စည်း ၈ဝ ရာခိုင်နှုန်းကျော်ကို Free Zone အတွင်းရှိ ပို့ကုန်စီးပွားရေး လုပ်ငန်းတို့သို့ ရောင်းချခြင်းကို ဆိုလိုခြင်းဖြစ်ကာ ယင်းတို့ကို Free Zone ဟုခေါ်ဆိုကြောင်း၊ ဒုတိယပိုင်းတွင် ပြည်တွင်း ဈေးကွက်ဦးစားပေးစက်မှုလုပ်ငန်းများ ပါဝင်ပြီး ယင်းတို့ကို Promotion Zone ဟုခွဲခြားထားကြောင်း သိရပါတယ်။

 

 သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်

 

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၌ ပထမဆုံးစတင်အကောင်အထည်ဖော်သော အထူးစီးပွားရေးဇုန်ဖြစ်ပြီး မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ)ကို ဆက်လက်အေ ကာင်အထည်ဖော် ဆောင်ရွက်ရာတွင် အကျယ်အဝန်းအားဖြင့် ၂၆၂ ဟက်တာရှိပြီး စက်ရုံဧရိယာဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို အပိုင်းသုံးပိုင်းခွဲ၍ တည်ဆောက်လျက်ရှိကြောင်း၊ ဇုန်အပိုင်း(က)နှင့် အပိုင်း(ခ)အတွင်း အခြေခံအဆောက်အအုံနှင့် လိုအပ်သော အင်ဂျင်နီယာလုပ်ငန်းများကို လုပ်ကိုင်ခွင့် ရကုမ္ပဏီလေးခုမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Source : myawady

 


Myanmar 
Logistics Guide

Read times
Rate this item
(0 votes)