Local Industry

မြန်မာကို ဗဟိုပြုသည့် နိုင်ငံကြီးများ၏ စီမံကိန်းများ

မြန်မာကို ဗဟိုပြုသည့် နိုင်ငံကြီးများ၏ စီမံကိန်းများ google

တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ အချိန်တို အတွင်း ထွက်ပေါက်ပေးနိုင်သည့် လမ်းကြောင်းသည် မြန်မာနိုင်ငံမှတစ်ဆင့်သာရှိသည်။ ထို့အတူ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်ပေးမည့် လမ်းကြောင်းလည်း မြန်မာနိုင်ငံသာရှိ၏။တရုတ်သည် ကမ္ဘာ့ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခု ဖြစ်သလို အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယစစ်အင်အားအကြီး ဆုံးနိုင်ငံဖြစ်သည်။ နှစ်နိုင်ငံစလုံး သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများလည်းဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် အဆိုပါ နိုင်ငံနှစ်ခုကြားတွင်ရှိပြီး ပထ၀ီ နိုင်ငံရေးအရ အချက်အချာကျ သည့်နေရာ၌ရှိနေသည်။

 

အာရှအင်အားကြီးနိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီး ယားနှင့် အိန္ဒိယနိုင်ငံတို့က ဒီမို ကရေစီအသွင်ပြောင်းနေသည့် မြန်မာနိုင်ငံအတွင်း စီးပွားရေးအ ရ လက်ဦးမှုယူနိုင်ရေးအပြိုင်အ ဆိုင်ကြိုးစားလာကြသည်။ မဟာ ဗျူဟာကျပြီး တန်ဖိုးကြီးမားသည့် စီမံကိန်းကြီးများကို ဖော်ဆောင် ရန်အပြိုင်စီစဉ်လာကြသည်။စီမံကိန်းများနောက်ကွယ်တွင် နိုင်ငံရေး ရည်မှန်းချက်များလည်း ရှိကြောင်း သုံးသပ်သူများလည်းရှိသည်။

 

တရုတ်သည် မြန်မာနိုင်ငံ တွင် အမေရိကန်ဒေါ်လာ ၂၁ ဘီ လီယံတန်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံ ထားသူဖြစ်သည်။ တောင်ကိုရီး ယားသည် အမေရိကန်ဒေါ်လာ လေးဘီလီယံဖိုး ရင်းနှီးမြှုပ်နှံထား ပြီး မြန်မာနိုင်ငံ တွင် ဆဋ္ဌမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်သည်။ ဂျပန်သည် ဒေါ် လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုး ရင်းနှီးမြှုပ်နှံထားကာ အဆင့် (၁၀)၊ အိန္ဒိယကဒေါ်လာ သန်း ၇၆၀ ကျော်ဖြင့် ရင်းနှီးမြှုပ်နှံသူစာ ရင်း၌ အဆင့် (၁၁) ရှိသည်။

 

နိုင်ငံခြားအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ကြောင့် ယခုကဲ့သို့ရင်းနှီးမြှုပ်နှံမှု များ တိုးလာပြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်များ ကျင်းပခြင်းကြောင့် ဒေါ်လာ ဘီလီယံနှင့်ချီသော စီမံကိန်းများ ဝင်လာခြင်းဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်ကပြောသည်။ ရန်ကုန်တိုင်းအတွင်း ဘီလီယံချီ သော စီမံကိန်းများ ထပ်မံဝင် ရောက်ရန်ရှိသည်ဟု ၎င်းကဆို သည်။

 

ကမ္ဘာ့အင်အားကြီး နိုင်ငံများက မြန်မာနိုင်ငံတွင် စီမံကိန်းများအပြိုင်လုပ်မည့် အခြေအနေသည်မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာဟု ယေဘုယျအားဖြင့် လက်ခံထားကြသည်။ သို့သော်အခြားတစ်ဖက်တွင် နိုင်ငံ၏ငွေကြေး စိုက်ထုတ်နိုင်မှုနှင့် စီမံခန့်ခွဲမှုများပေါ် မူတည်သည့်စိုးရိမ်မှုများရှိနေဆဲဖြစ်သည်။ စီးပွားရေးထက် သာလွန်သည့်နိုင်ငံရေးအကျိုးအမြတ်အပေါ် သတိထားစရာများလည်း ရှိလာသည်။

 

ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေး အဖြေထုတ်သင့်တဲ့ နိုင်ငံ့လိုအပ်ချက်များ

 

အချို့စီမံကိန်းများနှင့်ပတ် သက်ပြီး စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမျိုးသူက ‘‘ကုမ္ပဏီ တွေရဲ့ ရည်ရွယ်ချက်အမှားတွေ၊ နောက်ကွယ်ကပါလာတဲ့ နိုင်ငံ ရေးရည်မှန်းချက်တွေကို ထိန်း ချုပ်ဖို့ကတော့ လိုတယ်။ နောက် တစ်ခုက မက်လုံးအမှားတွေပေါ့။ ဒီစီမံကိန်းလုပ်ရင် အလုပ်သမား ဘယ်နှယောက်အလုပ်ရမယ်တို့၊ ၀င်ငွေ ဘယ်လောက်ရမယ်တို့ တစ်ခါတလေ ဓားသွားပေါ်မှာ တင်ထားတဲ့ ပျားရည်လိုပဲ’’ဟု ၎င်းကမှတ်ချက်ပြု၏။

 

ထို့ကြောင့် စီမံကိန်းများ၏ စီးပွားရေးအကျိုးအမြတ်ကို အစိုး ရအနေဖြင့် အသေအချာတွက် ချက်ရန်လိုသည်ဟု ၎င်းကဆိုသည်။

 

အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဗဟိုစီးပွား ရေးကော်မတီ ဥက္ကဋ္ဌဦးဟံသာမြင့် ကမူ စီးပွားရေး၌ လက်ဦးမှုယူ ခြင်းသည် သဘာဝဖြစ်ပြီး ဒီချုပ် ပါတီမူဝါဒအရ နိုင်ငံမခွဲခြားဘဲ လုပ်ငန်းရှင်တိုင်းကို တူညီသည့် အခွင့်အရေးပေးထားသည်ဟု ပြောပါသည်။ သို့သော် စီမံကိန်း များကို ခွင့်ပြုရန် စဉ်းစားရာတွင် နိုင်ငံအတွက် အကြွေးတင်ကျန် မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုအချက်ကို ရှောင်ရှားရန် အဓိကထားစဉ်းစား သည်ဟု ၎င်းကဆိုသည်။

 

စီးပွားရေးလုပ်ငန်းရှင်တစ် ဦးဖြစ်သည့် ဦးမြင့်ဇော်က ငွေ ကြေးအရင်းအနှီး၊ နည်းပညာလို အပ်ချက်ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ခွင့်ပြုရမည်ဟု ပြောသည်။ သို့သော် မဖြစ်နိုင် သော မက်လုံးများကြောင့် နိုင်ငံ အတွက် အကြွေးထောင်ချောက် အတွင်း ကျရောက်ခြင်းနှင့် မူရင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအ ခြေအနေများကြောင့် စီမံကိန်း များတစ်ပိုင်းတစ်စဖြင့် ရပ်တန့် ပြီး ရှေ့မတိုးသာနောက်မဆုတ် သာဖြစ်မည်ကို စိုးရိမ်သည်ဟု ၎င်းကဆက်ပြောသည်။

 

၎င်းက ထားဝယ်အထူးစီး ပွားရေးဇုန်ကို ဥပမာပေးသည်။ ထိုစီမံကိန်းကို လုပ်ကိုင်ခွင့်ရအီ တာလျံ-ထိုင်းကုမ္ပဏီသည် ငွေ ကြေးမတတ်နိုင်ခြင်းကြောင့် စီမံ ကိန်းကို ရပ်တန့်ခဲ့ရသည်။ ထိုသို့ ရပ်တန့်ခြင်းကြောင့် မြေယာအ သိမ်းခံရသည့်ဒေသခံများ ဒုက္ခ ရောက်သည်သာ အဖတ်တင်ခဲ့ ရသည်ဟု ၎င်းကဆိုသည်။

 

ခက်ခဲမှုတွေများစွာထဲမှ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု့ မြင့်တက်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

 

Source : 7 Day Daily

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)

Related items