ခ်င္းျပည္နယ္တြင္ ပထမဆုံးတည္ေဆာက္ ေသာ ဖလမ္းၿမိဳ႕အနီးရွိ ဆူရ္ဘုန္ေလယာဥ္ ကြင္းမွာ ပထမအဆင့္လုပ္ငန္းမ်ား လာမည့္ ပြင့္လင္းရာသီ၌ၿပီးစီးမည္ျဖစ္ရာ၂၀၂၀ ႏွစ္သစ္ကူးရာသီတြင္ ေလယာဥ္ငယ္မ်ား စမ္းသပ္ဆင္းသက္မည္ျဖစ္ေၾကာင္း ခ်င္းျပည္ နယ္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။
ရာသီဥတု
ခ်င္းျပည္နယ္ ဆူရ္ဘုန္ေလယာဥ္ကြင္းမွာ ေလယာဥ္ေျပးလမ္းမ်ား ၿပီးစီးေနၿပီျဖစ္ရာ လာမည့္ ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ ေလယာဥ္ ငယ္မ်ား စမ္းသပ္ဆင္းသက္မည္ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။
"ေလယာဥ္ေျပးလမ္း ေပ ၆၀ဝ၀ မွာ ေပ ၄၀ဝ၀ ေက်ာ္ေလာက္ ၿပီးစီးေနၿပီ ျဖစ္ပါတယ္။ ရာသီဥတုေကာင္းမြန္ခ်ိန္ သီတင္းကြၽတ္လမွာ ေလယာဥ္ငယ္ေလးေတြ ေျပးဆြဲဆင္းသက္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ရာသီဥတုေပၚ မူတည္ပါတယ္။ လာမယ့္ႏွစ္သစ္ကူးကာလ အတြင္း စမ္းသပ္ဆင္းသက္မႈ ေဆာင္႐ြက္ႏိုင္ ပါလိမ့္မယ္။ ျပည္ေထာင္စုအစိုးရအေနနဲ႔လည္း သေဘာတူညီခ်က္ ရထားၿပီးျဖစ္ပါတယ္။ အဓိကကေတာ့ ေလယာဥ္ေျပးလမ္းေတြ ၿပီးစီး ဖို႔နဲ႔ ရာသီဥတုေကာင္းမြန္ဖို႔ျဖစ္ပါတယ္"ဟု ၎ကေျပာဆိုသည္။
သယ္ယူပို႔ေဆာင္
ယခုသီတင္းကြၽတ္ကာလတြင္ ေလဆိပ္ အေဆာက္အအုံမ်ား၊ ေလဆိပ္႐ုံးမ်ားေဆာက္ လုပ္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရသည္။ ခ်င္းျပည္နယ္တြင္ ပထမဆုံးတည္ေဆာက္သည့္ ေလဆိပ္အတြက္ လိုအပ္ေသာေဆာက္လုပ္ ေရးပစၥည္းမ်ားကို ကေလးၿမိဳ႕ဘက္မွသယ္ယူ ပို႔ေဆာင္ရသည့္အတြက္ လမ္းပန္းဆက္သြယ္ ေရးေကာင္းမြန္သည့္ သီတင္းကြၽတ္လမွအစ ျပဳ၍ လိုအပ္သည့္ေဆာက္လုပ္ေရးပစၥည္း မ်ားကို စတင္သယ္ယူပို႔ေဆာင္ေနၿပီျဖစ္ေၾကာင္း ေလဆိပ္ေဆာက္လုပ္ေရးတြင္ တာဝန္ယူ ေဆာင္႐ြက္ေနေသာ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။
ဖလမ္းၿမိဳ႕ ဆူရ္ဘုန္ေလဆိပ္ၿပီးစီးပါက ခ်င္းျပည္နယ္အတြင္းရွိ အမွတ္တရေနရာမ်ား၊ အထင္ကရေနရာမ်ားျဖစ္သည့္ ရိဒ္ေရကန္၊ ေလထန္ကုန္း၊ ကေနဒီေတာင္၊ လုံပီးေတာင္၊ ဟားခါး၊ ထန္တလန္၊ တီးတိန္ စသည့္ေဒသ မ်ားသို႔ အခ်ိန္တိုအတြင္း သြားေရာက္လည္ပတ္ ႏိုင္မည္ျဖစ္သည္။ ခ်င္းျပည္နယ္တြင္ ဆူရ္ဘုန္ ေလယာဥ္ကြင္းတည္ေဆာက္ၿပီးပါက လိုင္ လင္းပီ၊ ထန္တလန္၊ တီးတိန္ၿမိဳ႕ စသည့္ေဒသ မ်ားတြင္ ေလယာဥ္ငယ္မ်ား ဆင္းသက္ႏိုင္သည့္ ေလယာဥ္ကြင္းမ်ား ဆက္လက္တည္ေဆာက္ မည္ျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းေလဆိပ္
ဆူရ္ဘုန္ေလယာဥ္ကြင္းမွာ ပင္လယ္ေရ မ်က္ႏွာျပင္အထက္ ေပ ၆၀ဝ၀ ဝန္းက်င္ျမင့္ သည့္ဆူရ္ဘုန္ေတာင္ေပၚတြင္ တည္ေဆာက္ ထားေသာေလယာဥ္ကြင္းျဖစ္သည္။ ေလယာဥ္ ေျပးလမ္းခံႏိုင္ရည္ ေပါင္ ၅၀ဝ၀ဝ ျဖစ္ၿပီး (Y-8) ေလယာဥ္ႀကီးမ်ား ဆင္းသက္ႏိုင္မည္ ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ေလယာဥ္ကြင္းေပါင္း ၆၉ ကြင္းရွိၿပီး အျပည္ျပည္ဆိုင္ရာေလဆိပ္ သုံးခု၊ ျပည္တြင္းေလဆိပ္ ၃၁ ခုရွိသည္။
>>> ေလဆိပ္ ၂၆ ခုမာတိကာ သိရိွလိုပါက <<<
Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>
လာမည့်ပွင့်လင်းရာသီ ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်း လေယာဉ်ငယ်များ စတင်စမ်းသပ်ဆင်းသက်နိုင်မည်
ချင်းပြည်နယ်တွင် ပထမဆုံးတည်ဆောက် သော ဖလမ်းမြို့အနီးရှိ ဆူရ်ဘုန်လေယာဉ် ကွင်းမှာ ပထမအဆင့်လုပ်ငန်းများ လာမည့် ပွင့်လင်းရာသီ၌ပြီးစီးမည်ဖြစ်ရာ၂၀၂၀ နှစ်သစ်ကူးရာသီတွင် လေယာဉ်ငယ်များ စမ်းသပ်ဆင်းသက်မည်ဖြစ်ကြောင်း ချင်းပြည် နယ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရာသီဥတု
ချင်းပြည်နယ် ဆူရ်ဘုန်လေယာဉ်ကွင်းမှာ လေယာဉ်ပြေးလမ်းများ ပြီးစီးနေပြီဖြစ်ရာ လာမည့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် လေယာဉ် ငယ်များ စမ်းသပ်ဆင်းသက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
"လေယာဉ်ပြေးလမ်း ပေ ၆၀ဝ၀ မှာ ပေ ၄၀ဝ၀ ကျော်လောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ရာသီဥတုကောင်းမွန်ချိန် သီတင်းကျွတ်လမှာ လေယာဉ်ငယ်လေးတွေ ပြေးဆွဲဆင်းသက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရာသီဥတုပေါ် မူတည်ပါတယ်။ လာမယ့်နှစ်သစ်ကူးကာလ အတွင်း စမ်းသပ်ဆင်းသက်မှု ဆောင်ရွက်နိုင် ပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရအနေနဲ့လည်း သဘောတူညီချက် ရထားပြီးဖြစ်ပါတယ်။ အဓိကကတော့ လေယာဉ်ပြေးလမ်းတွေ ပြီးစီး ဖို့နဲ့ ရာသီဥတုကောင်းမွန်ဖို့ဖြစ်ပါတယ်"ဟု ၎င်းကပြောဆိုသည်။
သယ်ယူပို့ဆောင်
ယခုသီတင်းကျွတ်ကာလတွင် လေဆိပ် အဆောက်အအုံများ၊ လေဆိပ်ရုံးများဆောက် လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်တွင် ပထမဆုံးတည်ဆောက်သည့် လေဆိပ်အတွက် လိုအပ်သောဆောက်လုပ် ရေးပစ္စည်းများကို ကလေးမြို့ဘက်မှသယ်ယူ ပို့ဆောင်ရသည့်အတွက် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်သည့် သီတင်းကျွတ်လမှအစ ပြု၍ လိုအပ်သည့်ဆောက်လုပ်ရေးပစ္စည်း များကို စတင်သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း လေဆိပ်ဆောက်လုပ်ရေးတွင် တာဝန်ယူ ဆောင်ရွက်နေသော တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဖလမ်းမြို့ ဆူရ်ဘုန်လေဆိပ်ပြီးစီးပါက ချင်းပြည်နယ်အတွင်းရှိ အမှတ်တရနေရာများ၊ အထင်ကရနေရာများဖြစ်သည့် ရိဒ်ရေကန်၊ လေထန်ကုန်း၊ ကနေဒီတောင်၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန် စသည့်ဒေသ များသို့ အချိန်တိုအတွင်း သွားရောက်လည်ပတ် နိုင်မည်ဖြစ်သည်။ ချင်းပြည်နယ်တွင် ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်ပြီးပါက လိုင် လင်းပီ၊ ထန်တလန်၊ တီးတိန်မြို့ စသည့်ဒေသ များတွင် လေယာဉ်ငယ်များ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းများ ဆက်လက်တည်ဆောက် မည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းလေဆိပ်
ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၆၀ဝ၀ ဝန်းကျင်မြင့် သည့်ဆူရ်ဘုန်တောင်ပေါ်တွင် တည်ဆောက် ထားသောလေယာဉ်ကွင်းဖြစ်သည်။ လေယာဉ် ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀ဝဝဝ ဖြစ်ပြီး (Y-8) လေယာဉ်ကြီးများ ဆင်းသက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခု၊ ပြည်တွင်းလေဆိပ် ၃၁ ခုရှိသည်။
Source : Myanmar Time