Local Industry

ဒေါ်လာတန်ဖိုး အနည်းငယ်ကျ

ဒေါ်လာတန်ဖိုး အနည်းငယ်ကျ google

ပွင့်လင်းရာသီဖြစ်သော်လည်း ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းရန် ငွေလွှဲနည်းခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး အနည်းငယ်ကျ ဆင်းလာခဲ့ပါတယ်။

 

အောက်တိုဘာအတွင်း တစ်ဒေါ်လာလျှင် ၁,၅၃၅ ကျပ် ခန့်ဖြင့် ဈေးငြိမ်ခဲ့သော်လည်း အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၁,၅၃၀ အောက်ဈေးကျဆင်းခဲ့ပါတယ်။

 

ပြည်တွင်း၌ ဒေါ်လာတန်ဖိုး ကျဆင်းမှုကို သွင်းကုန်လျော့နည်းမှု၊ လကုန်ရက်များတွင် နိုင်ငံခြား ကုမ္ပဏီများမှ ဝန်ထမ်းများလစာ ပေးရန် ဒေါ်လာရောင်းချမှုများရှိခြင်းကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပြချက်အရ သိခဲ့ရပါတယ်။

 

ယခင်နှစ်များက ပွင့်လင်းရာသီတွင် ပြည်ပသို့ ငွေလွှဲပေးပို့ မှုကြောင့် ဒေါ်လာတန်ဖိုးတက် လေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်တွင်းဈေးငြိမ်နေသည်ဟု ၎င်းတို့က ပြောပါတယ်။

 

ယခုဘဏ္ဍာနှစ် ၁၁ ရက်အတွင်း ပြည်ပမှ သွင်းကုန်ဒေါ်လာ သန်း ၅၆၀ ကျော်တင်သွင်းနိုင်သဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၇၀ ကျော် လျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနစာရင်းများတွင် ဖော်ပြထားချက်အရ သိရပါတယ်။

 

ဒေါ်လာတန်ဖိုး အနည်းငယ်ကျသော်လည်း ပြည်တွင်းရွှေဈေးသည် ကျပ်တစ်ဆယ့်နှစ်သိန်းနှစ် သောင်းခန့်ရှိပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းဈေးပါမြင့်တက်ခြင်းဖြစ်ပါတယ်။ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ ၁,၄၉၀ ကျော်မှ ၁,၅၀၅ ဒေါ်လာသို့ ပြန်လည် မြင့်တက်လာခြင်းဖြစ်ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)