YUPT ရဲ့ဖြစ်စဉ်အပြီးနောက်နေ့မှာ YRTA အဖွဲ့ဝင်များနဲ့အတူ ယာဉ်ပိုင်ရှင်ကိုယ်စားလှယ် ၇ ဦးတို့ပါဝင်ဆွေးနွေး ထားတဲ့ တင်ပြချက်တွေရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ တင်ပြချက်တွေက ရှယ်ရာရှင်တွေ အားလုံးကို ကိုယ်စားပြု၊မပြု ပြန်မေးထားပါတယ်။ ဒီနောက်မှာတော့ သူတို့တင်ပြလာတဲ့အပေါ် အဆင်ပြေဆုံးဖြစ်အောင် စီမံ ဆောင်ရွက်ပေးသွားဖို့ လျာထားထားပါတယ်။ ရှယ်ရာတွေပြန်ဝယ်မယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းတွေပျံ့နေ တာတော့ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ပြန်မေးထားတာဖြစ်ပါတယ်။ သူတို့ဘက်က တုန့်ပြန် မှုကိုရတာနဲ့ ကျွန်တော်တို့ဘက်ကလည်း ရက်ပိုင်းမှာပဲဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
YUPT က YBS ဘက်မှာ ယာဉ်အင်အားအများဆုံးနဲ့ လုပ်ဆောင်နေတဲ့ကုမ္ပဏီဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရှယ်ရာပါဝင်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အတွက် လက်ရှိဝန်ဆောင်မှုထက် လျော့နည်းသွားခြင်းမရှိအောင် YRTA အနေနဲ့ဝိုင်းဝန်းပံ့ပိုးပေးဖို့အတွက် လျာထား ထားခဲ့ပါတယ်။
YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကို Myanmar Logistics Guide ကတွေ့ဆုံမေးမြန်းထား ခြင်းဖြစ်ပါတယ်။