ကန်ဒေါ်လာ ၇၅ သန်း မှ သန်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံ ရမည့် နိုင်ငံခြားဘဏ်လုပ်ငန်း နှစ်မျိုးကို မြန်မာနိုင်ငံ၌ ခွင့်ပြုမည် ဖြစ်၍ နိုင်ငံခြားဘဏ်များ လျှောက်ထားနိုင်ကြောင်း ဗဟို ဘဏ်က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါဘဏ်လုပ်ငန်းနှစ် မျိုးသည် ဘဏ်ခွဲတစ်ခုသာ ဖွင့် လှစ်ခွင့်ရမည့် Branch License (နိုင်ငံခြားဘဏ်ခွဲလိုင်စင်)နှင့် ဘဏ်ခွဲ ၁၀ ခုအထိ ဖွင့်လှစ်ခွင့်ရ မည့် Subsidiary License (နိုင်ငံခြားဘဏ်လက်အောက်ခံ ကုမ္ပဏီလိုင်စင်)တို့ဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုသည်။
နိုင်ငံခြားဘဏ်ခွဲလိုင်စင်အ တွက် ယခင်က နိုင်ငံခြားဘဏ် ၁၃ ခုကို နှစ်ကြိမ်ခွဲခွင့်ပြုခဲ့ပြီး ယခုတတိယအကြိမ် ခွင့်ပြုရန် ကြေညာခြင်းဖြစ်သည်။ ထိုလုပ် ငန်းသည် အနည်းဆုံးဒေါ်လာ ၇၅ သန်းရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ၂ နှစ်အတွင်း ဒေါ်လာသန်း ၄၀ ကို ဗဟိုဘဏ်သို့ တင်ပြရမည်ဟု ဆို သည်။ ၎င်းသည် လက်ကားဘဏ် လုပ်ငန်းဖြစ်သည့် ပြည်တွင်း ဘဏ်များနှင့် လုပ်ငန်းရှင်များသို့ သာ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံခြားဘဏ် လက် အောက်ခံ ကုမ္ပဏီလိုင်စင်သည် ပထမဆုံးအကြိမ် ခွင့်ပြုခြင်းဖြစ် ပြီး ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ် နှံရမည်ဖြစ်သည်။ လက်ကား ဘဏ်လုပ်ငန်းအပြင် ပြည်တွင်း လက်လီဘဏ် လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ၎င်း သည် ATM စက်များအပါအဝင် အများပြည်သူသို့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးနိုင်မည်ဟု ဆို သည်။ ထိုလုပ်ငန်းများသည် ၂၀၂၁ ဇန်နဝါရီတွင် စတင်နိုင် မည်ဟု ဗဟိုဘဏ်က ဆိုသည်။
‘‘Subsidiary က လက် အောက်ခံကုမ္ပဏီအနေနဲ့ ဆောင် ရွက်လို့ရမယ်။ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံရမယ်။ လက်လီလုပ် ငန်းတွေလည်း လုပ်လို့ရမယ်။ ဘဏ်ခွဲလိုင်စင်နဲ့မတူဘူး’’ ဟု ဗဟိုဘဏ်အရာရှိတစ်ဦးက ပြောသည်။
လက်ရှိခွင့်ပြုထားသည့် နိုင် ငံခြားဘဏ်ခွဲများသည် နိုင်ငံခြား ဘဏ်လက်အောက်ခံလိုင်စင်ကို ၂၀၂၀ ဇွန်လတွင်စတင်ပြီးစတင် ဆောင်ရွက်ခွင့်ရမည်ဟု ဗဟို ဘဏ်က ဆိုသည်။ ထိုလုပ်ငန်း လျှောက်ထားလိုသည့် နိုင်ငံခြား ဘဏ်ခွဲများသည် ပြည်တွင်း၌ သုံး နှစ်လည်ပတ်လုပ်ကိုင်ထားရမည် ဟု ဗဟိုဘဏ်ကဆိုသည်။
နိုင်ငံခြားဘဏ်များ ဝင် ရောက်လာခြင်းသည် ပြည်တွင်း ဘဏ်များနှင့် ပြိုင်ဆိုင်မှုပြင်းထန် မည်ဖြစ်ပြီး ပြည်တွင်းဘဏ် များအနေဖြင့် ကြိုတင်ပြင်ဆင် ထားသင့်သည်ဟု SME ဖွံ့ဖြိုး ရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြော သည်။
ထို့အပြင် ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစတင်ပြီး ပြည်တွင်း ဘဏ်များတွင် နိုင်ငံခြားဘဏ်များ က ရှယ်ယာ ၃၅ ရာခိုင်နှုန်းထက် ပိုမိုပိုင်ဆိုင်ခွင့်ပြုမည်ဟု ဗဟို ဘဏ်ကဆိုသည်။ သို့သော် ခွင့်ပြု ပေးမှုကို ဘဏ်တစ်ခုချင်းစီအ လိုက် အခြေအနေအရစဉ်းစား မည်ဟု ဗဟိုဘဏ်ကဆိုသည်။ ပြည်တွင်းကုမ္ပဏီများနည်းတူ ဘဏ်များသို့လည်း နိုင်ငံခြား သားရှယ်ယာပါဝင်ခွင့် ၃၅ ရာခိုင် နှုန်းကို ဗဟိုဘဏ်က ခွင့်ပြုထားသည်။
Source : 7 Day Daily