Local Industry

မြန်မာတွင် ဂျပန်နိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေ

မြန်မာတွင် ဂျပန်နိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေ google

မြန်မာနိုင်ငံ၌ ကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသော ဂျပန်နိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်အပြီးတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

 

ဂျပန်ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံလာရေးနှင့် ရင်းနှီးမြှုပ်နှံရာတွင် လွယ်ကူချောမွေ့စေရေး ဂျပန်နိုင်ငံမှ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် အစိုးရစီးပွားရေး ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ ပြီးခဲ့သည့် ရက်ပိုင်းက ဆွေးနွေးခဲ့သည်။ဂျပန်ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံလာရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး မြန်မာနိုင်ငံအစိုးရ၏ ဖြေလျှော့ပေးမှုများ၊ စီစဉ်ဆောင်ရွက်ပေးမှုများ နှင့်ပတ်သက်၍ ဂျပန်နိုင်ငံမှ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များက အသိအမှတ်ပြုသည်။

 

ထို့အပြင် နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်၌ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်အချို့က နှစ်နိုင်ငံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်ရှိသည်။‘‘ဂျပန်ဘက်ကတော့ လာနေပြီ။ ဒီမှာ အခင်းအကျင်း ကောင်းဖို့တော့ လိုပါတယ်’’ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

 

ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(မြန်မာ)က ဦးဆောင်ပြီး အကြီးစားစက်မှု လုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ နည်းပညာဆိုင်ရာ လုပ်ငန်း၊ ဥပ‌ဒေအကြံပေး လုပ်ငန်းစသော စီးပွားရေး လုပ်ငန်းများ ပါဝင်သည်။ထို့အပြင် ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်လုပ် ငန်းစသည့် ကဏ္ဍများမှ လုပ်ငန်းရှင်များလည်း ပါဝင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံပြီးနောက် ဂျပန်လျှပ်စစ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)