Local Industry

ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး ဂုတ်ထိပ်တံတား အကြောင်း

ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး ဂုတ်ထိပ်တံတား အကြောင်း google

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင် တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိသည်။ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက် သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်းကာ ထိုနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။

 

ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွမ်းလုံကို လည်း ရထားလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့ကာ ၎င်းလမ်း ပေါ်တွင် မီးရထားဖြတ်သန်း သွားနိုင်မည့် ဂုတ်ထိပ်တံတား ကို ဆောက်လုပ်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ်တံတားကို တာဝန်ယူ တည်ဆောက်ရန် ဗြိတိသျှအစိုးရက မြန်မာ့မီးရထား ကုမ္ပဏီကို တာဝန်ပေးခဲ့သည်။ထို့ကြောင့် ၁၈၉၉ ခုနှစ် တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုတ်ထိပ်တံတားကြီး ဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယား နှင့် မေရီလန်းစတီးကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။သို့သော် တံတားကြီးကို ဦးစီးတည်ဆောက်သူမှာ မြန်မာ့မီးရထား ဌာနမှ အင်ဂျင်နီယာSir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများဖြစ်ကြသည်။ တံတားအတွက် အသုံးပြုသော ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တိုက် ရိုက် မှာယူတင်သွင်းခဲ့သည်။

 

ဂုတ်ထိပ်တံတားကြီး၏ ဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသောသံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။ဂုတ်ထိပ်တံတား၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည် ဆောက်ထားခြင်းဖြစ်ပေသည်။ဂုတ်ထိပ်တံတားသည် ပေ ၂၂၆ဝ ရှည်လျားပြီး တံတား၏ အောက်ခြေသံတိုင် အချို့ကို အနိမ့်ဆုံး ချိုင့်ဝှမ်း မြေပြင်မှ ပေ ၁၁ဝဝ ခန့်အမြင့်တွင် စိုက်ထူထားသည်။တံတား၏ပျမ်းမျှအမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူ အောက်တွင် ဖြတ်သန်းစီးဆင်း နေသော မြစ်ရေပြင်မှ အထက် ပေ ၈၂ဝ ဖြစ်ပြီး အမြင့်ဆုံး ထောက်တိုင်နေရာရှိ မီးရထားသံလမ်းသည် တံတားအောက်မြေပြင် မှ ၃၃၅ ပေ အမြင့်တွင် တည်ရှိသည်။ တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏိ ၄၃၁၁ တန်၊ သံမှိုပေါင်းတစ်သန်း အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိရာ တံတားကြီး၏ အလယ်တိုင်များဖြစ်ကြသည့် တိုင်အမှတ် ရှစ်နှင့် ကိုးသည် အမြင့်ဆုံးဖြစ်ကြသည်။

 

ရထားလမ်းဖြတ်သန်းသွားမည့် ဂုတ်ထိပ်တံတားကို ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီးနှစ်ခုကို ဖြတ်သန်းလျက် တောင်ထိပ် နှစ်ခုကို သွယ်တန်းဖောက်လုပ်ခဲ့ရသည်။တံတားကြီး ဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ငွေကျပ် (၁၆၉၈၂ဝဝ) ကုန်ကျခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် တံတား ကြီးကို စတင်အသုံးပြုခဲ့သည်။ဂုတ်ထိပ်တံတားကြီးသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့၏ မြေလှန်စနစ်ကြောင့် ဖျက်ဆီးခြင်း ကို ခံခဲ့ရသဖြင့် တိုင်အမှတ် (၂)နှင့် (၅)တို့ ပျက်စီးခဲ့ရသည်။ မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်တွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သည့် တံတား အလယ်တိုင် လေးတိုင်ကို ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တိုင် အမှတ် (၁၁) သည် အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂) တို့မှာ လဲကျပျက်စီးခဲ့ကြသည်။

 

ထိုတိုင် များပေါ်တွင် တပ်ဆင်ထားသော ပေ ၁၂ဝ စီ ရှည်သည့် ပေါင်းကူး သံပေါင်လေးခုသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ကြသည်။၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာနိုင်ငံ မီးရထားဌာနက ပြင်ဆင်ခဲ့သည်။ ဂုတ်ထိပ် တံတား ပြင်ဆင်ခြင်း လုပ်ငန်းများကို ၁၉၄၈ ခုနှစ် မေလ တွင် စတင်လုပ်ဆောင် ခဲ့သော်လည်း ပစ္စည်းများရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် သုံးနှစ်ကျော် အချိန်ကြာမြင့်ခဲ့ကာ ၁၉၅၁ ခုနှစ်သြဂုတ်လတွင် ပြီးစီး ခဲ့သည်။ ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ငွေကျပ် ၃၂ သိန်း ဖြစ်သည်။

 

မီးရထားပေါ်မှမြင်ရသည့် ဂုတ်ထိပ်တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူး ကြသူတိုင်း မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေ သည်။ ယခုအခါ သက်တမ်း ၁၁၅ နှစ်ကျော်ခဲ့ပြီဖြစ်သည့် ဂုတ်ထိပ်တံတားသို့ သွားရောက် ကြည့်ရှုလိုသူ ကမ္ဘာ လှည့် ခရီးသည်များလည်း အများအပြားလာရောက်ကြပါသည်။ ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်း မှ ဂုတ်ထိပ်တံတားကို မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကိုမြင်နိုင်သည်။ ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန် ဂုတ်ထိပ်ကြည့် ခရီးသည်များ သည် မီးရထားဖြင့်သာ ဂုတ်ထိပ်တံတားရှိရာသို့ သွားကြ ရပေသည်။ နေ့စဉ်နိုင်ငံခြားသားခရီးသည် ၂ဝ မှ ၃ဝ ကျော်အထိ မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။

 

zawgyi

 

ကမာၻေပၚတြင္ ဒုတိယအျမင့္ဆံုး ဂုတ္ထိပ္တံတား အေၾကာင္း

 

ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲအၾကား မႏၱေလး၊ လား႐ႈိး မီးရထား လမ္းေပၚတြင္ တည္ရွိသည္။ သီေပါၿမိဳ႕နယ္တြင္ ဟိုကြတ္ အမည္ျဖင့္ ရြာတစ္ရြာရွိသည္။ ဟိုကြတ္ဟူေသာ အမည္သည္ ထိုေနရာတြင္ ျမစ္ေခ်ာင္းမ်ား ငုပ္လွ်ဳိး ကြယ္ေပ်ာက္ သြားသည္ကို အစြဲျပဳ၍ ေခၚျခင္းျဖစ္သည္။ ထိုရြာအနီးတြင္ နမ္းပေဆးျမစ္သည္ ေျမႀကီးထဲသို႔ ငုပ္လွ်ိဳးသြားၿပီး အျခား တစ္ေနရာေရာက္မွ ျမစ္ေၾကာင္း ျပန္ေပၚလာသျဖင့္ နမ္းပေဆးျမစ္ ငုပ္သြားသည့္ ထိပ္ေနရာဟု ရည္ညႊန္းကာ ထိုေနရာကို ငုပ္ထိပ္ေက်းရြာဟု ေခၚခဲ့ၾကသည္။ ကာလ ေရြ႕လ်ားလာေသာအခါ ငုပ္ထိပ္မွ ဂုတ္ထိပ္ ျဖစ္လာခဲ့သည္။

 

ၿဗိတိသွ် အစိုးရသည္ ျမန္မာႏိုင္ငံကို သိမ္းပိုက္ၿပီး ေနာက္ ၁၈၉၇ ခုႏွစ္တြင္ မႏၱေလးမွ ဗန္းေမာ္သို႕ မီးရထားလမ္း ေဖာက္လုပ္ခဲ့ၿပီး မႏၱေလးႏွင့္ ကြမ္းလုံကို လည္း ရထားလမ္းေဖာက္လုပ္ရန္ စီစဥ္ခဲ့ကာ ၎လမ္း ေပၚတြင္ မီးရထားျဖတ္သန္း သြားႏိုင္မည့္ ဂုတ္ထိပ္တံတား ကို ေဆာက္လုပ္ခဲ့ၾကသည္။ ကမၻာေပၚတြင္ ဒုတိယအျမင့္ဆုံး ရထားလမ္းျဖစ္လာမည့္ ဂုတ္ထိပ္တံတားကို တာဝန္ယူ တည္ေဆာက္ရန္ ၿဗိတိသွ်အစိုးရက ျမန္မာ့မီးရထား ကုမၸဏီကို တာဝန္ေပးခဲ့သည္။ထို႔ေၾကာင့္ ၁၈၉၉ ခုႏွစ္ တြင္ ျမန္မာ့မီးရထားကုမၸဏီက ဂုတ္ထိပ္တံတားႀကီး ေဆာက္လုပ္ရန္ အေမရိကန္ႏိုင္ငံ ပင္ဆဲလ္ေဗးနီးယား ႏွင့္ ေမရီလန္းစတီးကုမၸဏီတို႔ကို ငွားရမ္းခဲ့သည္။သို႕ေသာ္ တံတားႀကီးကို ဦးစီးတည္ေဆာက္သူမွာ ျမန္မာ့မီးရထား ဌာနမွ အင္ဂ်င္နီယာSir Arthur Rendel ႏွင့္ ၿဗိတိသွ်၊ ျမန္မာအင္ဂ်င္နီယာမ်ားျဖစ္ၾကသည္။ တံတားအတြက္ အသံုးျပဳေသာ ပစၥည္းမ်ားကို အေမရိကန္ႏိုင္ငံမွ တိုက္ ႐ုိက္ မွာယူတင္သြင္းခဲ့သည္။

 

ဂုတ္ထိပ္တံတားႀကီး၏ ဒီဇိုင္းပုံစံကို ၿဗိတိန္ႏိုင္ငံမွ ဆာ ေအအမ္ရင္းဒဲလ္အင္ကုမၸဏီက ေရးဆြဲခဲ့သည္။ တံတားႀကီးကုိ ေထာက္ပင့္ထားေသာသံတိုင္မ်ားအနက္ အျမင့္ဆုံးတိုင္သည္ ေပ ၃၂ဝ ျမင့္၍ အနိမ့္ဆုံး သံတုိင္မွာ ၄၅ ေပျမင့္သည္။ဂုတ္ထိပ္တံတား၏ ထူးျခားခ်က္မွာ အျခားေသာ တံတားႀကီးမ်ားကဲ့သုိ႔ ျမစ္ေခ်ာင္းမ်ားကုိ ျဖတ္ေက်ာ္ ေဆာက္လုပ္ထားျခင္း မဟုတ္ဘဲ ေပ ၃ဝဝ ေက်ာ္မတ္ေစာက္သည့္ လွ်ဳိႀကီးႏွစ္ခုကုိ ျဖတ္သန္းတည္ ေဆာက္ထားျခင္းျဖစ္ေပသည္။ဂုတ္ထိပ္တံတားသည္ ေပ ၂၂၆ဝ ရွည္လ်ားၿပီး တံတား၏ ေအာက္ေျခသံတိုင္ အခ်ိဳ႕ကို အနိမ့္ဆုံး ခ်ိဳင့္ဝွမ္း ေျမျပင္မွ ေပ ၁၁ဝဝ ခန္႔အျမင့္တြင္ စိုက္ထူထားသည္။တံတား၏ပ်မ္းမွ်အျမင့္သည္ တံတားေအာက္ရွိ လိုဏ္ဂူ ေအာက္တြင္ ျဖတ္သန္းစီးဆင္း ေနေသာ ျမစ္ေရျပင္မွ အထက္ ေပ ၈၂ဝ ျဖစ္ၿပီး အျမင့္ဆုံး ေထာက္တိုင္ေနရာရွိ မီးရထားသံလမ္းသည္ တံတားေအာက္ေျမျပင္ မွ ၃၃၅ ေပ အျမင့္တြင္ တည္ရွိသည္။ တံတားတစ္ခုလုံးအတြက္ သံႏွင့္ သံမဏိ ၄၃၁၁ တန္၊ သံမိႈေပါင္းတစ္သန္း အသုံးျပဳခဲ့ရသည္။ တံတားတိုင္ေပါင္း ၁၆ တိုင္ရွိရာ တံတားႀကီး၏ အလယ္တိုင္မ်ားျဖစ္ၾကသည့္ တိုင္အမွတ္ ရွစ္ႏွင့္ ကိုးသည္ အျမင့္ဆုံးျဖစ္ၾကသည္။

 

ရထားလမ္းျဖတ္သန္းသြားမည့္ ဂုတ္ထိပ္တံတားကို ဂုတ္ထိပ္ေက်းရြာရွိ ေက်ာက္ဂူႀကီးႏွစ္ခုကို ျဖတ္သန္းလ်က္ ေတာင္ထိပ္ ႏွစ္ခုကို သြယ္တန္းေဖာက္လုပ္ခဲ့ရသည္။တံတားႀကီး ေဆာက္လုပ္မႈ လုပ္ငန္းမ်ားကို ၁၈၉၉ ခုႏွစ္ တြင္ စတင္ေဆာင္ရြက္ခဲ့ၿပီး ၁၉ဝဝ ျပည့္ႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႕တြင္ ၿပီးစီးခဲ့ကာ ထိုေခတ္က ေငြက်ပ္ (၁၆၉၈၂ဝဝ) ကုန္က်ခဲ့သည္။ ၁၉ဝ၃ ခုႏွစ္တြင္ တံတား ႀကီးကို စတင္အသုံးျပဳခဲ့သည္။ဂုတ္ထိပ္တံတားႀကီးသည္ ဒုတိယကမၻာစစ္ကာလအတြင္း မဟာမိတ္တို႕၏ ေျမလွန္စနစ္ေၾကာင့္ ဖ်က္ဆီးျခင္း ကို ခံခဲ့ရသျဖင့္ တိုင္အမွတ္ (၂)ႏွင့္ (၅)တို႔ ပ်က္စီးခဲ့ရသည္။ ျမန္မာႏိုင္ငံမွ ဂ်ပန္တို႔ ျပန္လည္ဆုတ္ခြာခ်ိန္တြင္လည္း ဂုတ္ထိပ္တံတား၏ အျမင့္ဆုံးတိုင္မ်ားျဖစ္သည့္ တံတား အလယ္တိုင္ ေလးတိုင္ကို ဗုံးခြဲဖ်က္ဆီးခဲ့သျဖင့္ တိုင္ အမွတ္ (၁၁) သည္ ေအာက္ေျချပတ္ခဲ့ၿပီး တိုင္အမွတ္ (၁ဝ) ႏွင့္ (၁၂) တို႕မွာ လဲက်ပ်က္စီးခဲ့ၾကသည္။

 

ထိုတိုင္ မ်ားေပၚတြင္ တပ္ဆင္ထားေသာ ေပ ၁၂ဝ စီ ရွည္သည့္ ေပါင္းကူး သံေပါင္ေလးခုသည္လည္း ေျမႀကီးေပၚသို႕ ျပဳတ္က်ခဲ့ၾကသည္။၁၉၄၈ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးသည့္ေနာက္တြင္ ပ်က္စီးေနေသာ ဂုတ္ထိပ္တံတားႀကီးကို ျမန္မာႏိုင္ငံ မီးရထားဌာနက ျပင္ဆင္ခဲ့သည္။ ဂုတ္ထိပ္ တံတား ျပင္ဆင္ျခင္း လုပ္ငန္းမ်ားကို ၁၉၄၈ ခုႏွစ္ ေမလ တြင္ စတင္လုပ္ေဆာင္ ခဲ့ေသာ္လည္း ပစၥည္းမ်ားရွားပါးမႈ၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈတို႕ေၾကာင့္ သုံးႏွစ္ေက်ာ္ အခ်ိန္ၾကာျမင့္ခဲ့ကာ ၁၉၅၁ ခုႏွစ္ၾသဂုတ္လတြင္ ၿပီးစီး ခဲ့သည္။ ထိုအခ်ိန္က ဂုတ္ထိပ္တံတားႀကီး ျပင္ဆင္မႈ ကုန္က်စရိတ္ေငြမွာ ေငြက်ပ္ ၃၂ သိန္း ျဖစ္သည္။

 

မီးရထားေပၚမွျမင္ရသည့္ ဂုတ္ထိပ္တံတားႀကီး၏ အနီးကပ္ျမင္ကြင္းကို တံတားႀကီးေပၚမွ ျဖတ္သန္းသြားဖူး ၾကသူတိုင္း မေမ့ႏိုင္ေအာင္ အမွတ္တရ ျဖစ္ၾကရေပ သည္။ ယခုအခါ သက္တမ္း ၁၁၅ ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္သည့္ ဂုတ္ထိပ္တံတားသို႔ သြားေရာက္ ၾကည့္႐ႈလိုသူ ကမၻာ လွည့္ ခရီးသည္မ်ားလည္း အမ်ားအျပားလာေရာက္ၾကပါသည္။ ဂုတ္ထိပ္တံတားအဆင္းရွိ ေမာ္ေတာ္ကားလမ္းသည္ ဂုတ္ထိပ္တံတား၏ အေနာက္ဘက္တြင္ရွိသျဖင့္ ကားလမ္း မွ ဂုတ္ထိပ္တံတားကို မျမင္ႏိုင္ၾကဘဲ မီးရထားစီးမွသာ ဂုတ္ထိပ္တံတားႀကီးကိုျမင္ႏိုင္သည္။ ဂုတ္ထိပ္ တံတားကို အနီးကပ္ျမင္ေတြ႕ႏိုင္ရန္ ဂုတ္ထိပ္ၾကည့္ ခရီးသည္မ်ား သည္ မီးရထားျဖင့္သာ ဂုတ္ထိပ္တံတားရွိရာသို႕ သြားၾက ရေပသည္။ ေန႔စဥ္ႏိုင္ငံျခားသားခရီးသည္ ၂ဝ မွ ၃ဝ ေက်ာ္အထိ မီးရထားျဖင့္ လာၾကေၾကာင္း သိရွိရေပသည္။

 

 

Credit : ျမန္မာ့မီးရထား သတင္းမ်ား

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)