YRTA နှင့် YBS တို့၏ (၃) နှစ်ပြည့်အခမ်းးအနားကို ယနေ့ မနက်က Sky Star Hotel မှာကျင်းပပြုလုပ်ခဲ့သည်။ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ နာယက ဦးဖြိုးမင်းသိန်းက အဖွင့်မှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီလာကျော်က နှုတ်ခွန်းဆက်အမှာစကားဆက်လက်ပြောကြားခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က YRTA နှင့် YBS (၃) နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ၂၀၁၉ ခုနှစ်အတွင်း YBS စွမ်းဆောင်ရည်အကောင်းဆုံး ကုမ္ပဏီများကို ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ စွမ်းဆောင်ရည် အကောင်းဆုံးဆုများကို Bandula ကုမ္ပဏီ၊ YBPC ၊ လူထုမိတ်ဆွေ ၊ Omini Focus နှင့် ကုန်းဘောင်ရန်ကုန်တို့က အသီးသီးရရှိခဲ့သည်။ ကြိုးစားမှု အရှိဆုံးဆုကိုတော့ Golden Southern ကုမ္ပဏီမှရရှိခဲ့သည်။ ယင်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ခြင်းများပြုလုပ်ခဲ့ပြီး အကျွေးအမွေးများနှင့် တည်ခင်းဧည့်ခံကာကို အခမ်းအနားကိုပိတ်သိမ်းခဲ့သည်။
Zawgyi
YRTA ႏွင့္ YBS တို႔၏ (၃) ႏွစ္ျပည့္အခမ္းအနား က်င္းပ
YRTA ႏွင့္ YBS တို႔၏ (၃) ႏွစ္ျပည့္အခမ္းးအနားကို ယေန႔ မနက္က Sky Star Hotel မွာက်င္းပျပဳလုပ္ခဲ့သည္။ ပထမဦးစြာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ ၊ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔ နာယက ဦးၿဖိဳးမင္းသိန္းက အဖြင့္မွာစကားေျပာၾကားခဲ့သည္။ ဆက္လက္၍ ရန္ကုန္တိုင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ရန္ကုန္တိုင္းေဒသႀကီး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ ဥကၠ႒ ေဒၚနီလာေက်ာ္က ႏႈတ္ခြန္းဆက္အမွာစကားဆက္လက္ေျပာၾကားခဲ့သည္။ ယင္းေနာက္ ရန္ကုန္တိုင္းေဒသႀကီး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ မန္ေနဂ်င္းဒါရိုက္တာ ဦးေအာင္ညီညီေမာ္က YRTA ႏွင့္ YBS (၃) ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခ်က္မ်ားႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပခဲ့သည္။
ဆက္လက္ၿပီး ၂၀၁၉ ခုႏွစ္အတြင္း YBS စြမ္းေဆာင္ရည္အေကာင္းဆံုး ကုမၸဏီမ်ားကို ဆုမ်ားခ်ီးျမွင့္ေပးအပ္ခဲ့သည္။ စြမ္းေဆာင္ရည္ အေကာင္းဆံုးဆုမ်ားကို Bandula ကုမၸဏီ၊ YBPC ၊ လူထုမိတ္ေဆြ ၊ Omini Focus ႏွင့္ ကုန္းေဘာင္ရန္ကုန္တို႔က အသီးသီးရရွိခဲ့သည္။ ႀကိဳးစားမႈ အရွိဆံုးဆုကိုေတာ့ Golden Southern ကုမၸဏီမွရရွိခဲ့သည္။ ယင္းေနာက္ အမွတ္တရ စုေပါင္းဓာတ္ပံုမ်ားရိုက္ျခင္းမ်ားျပဳလုပ္ခဲ့ၿပီး အေကၽြးအေမြးမ်ားႏွင့္ တည္ခင္းဧည့္ခံကာကို အခမ္းအနားကိုပိတ္သိမ္းခဲ့သည္။
Myanmar Logistics Guide