Local Industry

ချင်းပြည်နယ်၏ ပထမဆုံးသော ဖလမ်းလေဆိပ် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဆုံးသော ဖလမ်းလေဆိပ် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်မည် google
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်နေသည့် ဆူရ်ဘုန်လေဆိပ်ကိုလာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် အချိန်မီပြီးစီးရန် တည်ဆောက်နေကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
 
ဆူရ်ဘုန်လေဆိပ်ကို တည်ဆောက်ရခြင်းမှာ ဒေသတွင်းကို ကမ္ဘာလှည့်ခရီးသည်များ အရင်ကထက်ပိုမို များပြားလာစေရန်နှင့် ဝေးလံသောတောင်တန်းဒေသတွင် သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်နိုင်စေရန်အတွက် ရည်ရွယ်ပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
 
တည်ဆောက်လျက်ရှိသော လေဆိပ်အဆောက်အအုံများတွင် မီးသတ်စခန်းနှင့်အတူ (၁၈.၂)မီတာ အမြင့်ရှိ လေကြောင်းထိန်းသိမ်းရေး တာဝါတစ်ခုပါဝင်ပြီး Dopple VHF Omni-Directional Range (DVOR) လေကြောင်း လမ်းပြစနစ်တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။
 
ချင်းပြည်နယ်အတွက် သင့်လျော်တဲ့ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံများ မရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တစ်ခု ဖြစ်နေရခြင်းဖြစ်ပါတယ်။
 
အခု တည်ဆောက်နေသည့် ဆူရ်ဘုန်လေဆိပ်သည် မြန်မာနိုင်ငံရဲ့ (၆၉) ခုမြောက်လေဆိပ်ဖြစ်လာမှာဖြစ်ပြီး ချင်းပြည်နယ်အတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
 
>>>Zawgyi<<<
 
ခ်င္းျပည္နယ္၏ ပထမဆုံးေသာ ဖလမ္းေလဆိပ္ ၂၀၂၀-၂၁ ဘ႑ာႏွစ္အတြင္း အခ်ိန္မီၿပီးစီးေအာင္ တည္ေဆာက္မည္
 
ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ ႔တြင္ တည္ေဆာက္ေနသည့္ ဆူရ္ဘုန္ေလဆိပ္ကိုလာမည့္ (၂၀၂၀-၂၀၂၁) ဘ႑ာႏွစ္တြင္ အခ်ိန္မီၿပီးစီးရန္ တည္ေဆာက္ေနေၾကာင္းကို ျပန္ၾကားေရးဝန္ႀကီးဌာနမွ သိရွိရပါတယ္။
 
ဆူရ္ဘုန္ေလဆိပ္ကို တည္ေဆာက္ရျခင္းမွာ ေဒသတြင္းကို ကမ႓ာလွည့္ခရီးသည္မ်ား အရင္ကထက္ပိုမို မ်ားျပားလာေစရန္ႏွင့္ ေဝးလံေသာေတာင္တန္းေဒသတြင္ သယ္ယူပို႔ေဆာင္ေရးဖြံ ႔ျဖဳိးတိုးတက္မႈကို ျမင့္တင္ႏိုင္ေစရန္အတြက္ ရည္ရြယ္ၿပီးတည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။
 
တည္ေဆာက္လ်က္ရွိေသာ ေလဆိပ္အေဆာက္အအုံမ်ားတြင္ မီးသတ္စခန္းႏွင့္အတူ (၁၈.၂)မီတာ အျမင့္ရွိ ေလေၾကာင္းထိန္းသိမ္းေရး တာဝါတစ္ခုပါဝင္ၿပီး Dopple VHF Omni-Directional Range (DVOR) ေလေၾကာင္း လမ္းျပစနစ္တစ္ခုလည္း ပါဝင္မွာျဖစ္ပါတယ္။
 
ခ်င္းျပည္နယ္အတြက္ သင့္ေလ်ာ္တဲ့ သယ္ယူပို႔ေဆာင္ေရးႏွင့္ အေျခခံအေဆာက္အအုံမ်ား မရွိျခင္းေၾကာင့္ ျမန္မာႏိုင္ငံတြင္ ဖံြ႕ျဖဳိးမႈအနည္းဆုံးျပည္နယ္တစ္ခု ျဖစ္ေနရျခင္းျဖစ္ပါတယ္။
 
အခု တည္ေဆာက္ေနသည့္ ဆူရ္ဘုန္ေလဆိပ္သည္ ျမန္မာႏိုင္ငံရဲ ႔ (၆၉) ခုေျမာက္ေလဆိပ္ျဖစ္လာမွာျဖစ္ၿပီး ခ်င္းျပည္နယ္အတြက္ မ်ားစြာအေထာက္အကူျပဳႏိုင္မွာျဖစ္ပါတယ္။
 
 
Myanmar Logistics Guide
Read times
Rate this item
(0 votes)