Local Industry

နေပြည်တော်-ရန်ကုန် ပြေးဆွဲလျှက်ရှိသော အမှတ်(၈)အစုန် အမြန်ရထားအား ရောက်ရှိထွက်ခွာချိန် ပြန်လည်ပြင်ဆင် ပြေးဆွဲပေးမည်

နေပြည်တော်-ရန်ကုန် ပြေးဆွဲလျှက်ရှိသော အမှတ်(၈)အစုန် အမြန်ရထားအား ရောက်ရှိထွက်ခွာချိန် ပြန်လည်ပြင်ဆင် ပြေးဆွဲပေးမည် google

နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲလျှက်ရှိသော အမှတ်(၈)အစုန် အမြန်ရထား အား လက်ရှိ အပတ်စဉ် သောကြာနေ့တွင် နေပြည်တော်မှ ည(၉)နာရီအချိန်ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့နံနက် (၉)နာရီအချိန် ရောက်ရှိသောအချိန်စာရင်းဖြင့် ပြေးဆွဲ ပေးနေရာမှ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ခရီးသွားပြည်သူများ၊ ခရီးဆုံးဘူတာဖြစ်သော ရန်ကုန်ဘူတာသို့ ယခုထက် အချိန်ပိုမိုစောလျှင်စွာ ရောက်ရှိနိုင် ရေးအတွက် အဆိုပါရထားအား နေပြည်တော်မှ ည(၇)နာရီ(၁၅)မိနစ်အချိန်တွင် ထွက်ခွာ ပြီး ရန်ကုန်သို့ နောက်တစ်နေ့နံနက် (၇)နာရီအချိန်တွင် ရောက်ရှိမည့် အချိန်စာရင်းဖြင့် ဇန်နဝါရီ(၂၄)ရက်နေ့မှစ၍ ပြန်လည်ပြင်ဆင် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ရန်ကုန်-နေပြည်တော် ခရီးစဉ်ပြေးဆွဲနေသော အမှတ်(၇)အဆန်အမြန်ရထားသည် လက်ရှိအချိန်စာရင်းအတိုင်းပင် အပတ်စဉ်တနင်္ဂနွေနေ့တွင် ရန်ကုန်မှ ည(၇)နာရီအချိန် တွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့နံနက် (၇)နာရီ (၁၅)မိနစ်တွင် ရောက်ရှိ မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရှိခဲ့ရပါတယ်။

 

>>>Zawgyi<<<

 


 


 


 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)