Local Industry

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ကုန်သွယ်မှု ပိုမိုတိုးတက်လာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ကုန်သွယ်မှု ပိုမိုတိုးတက်လာ google

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ကုန်သွယ်မှု ပိုမိုတိုးတက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလပထမအပတ်အထိ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉.၇ ဘီလီယံ အထိရှိနေရာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကုန်သွယ်မှုနဲ့ ယှဉ်ကြည့်ရင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်အထိ မြင့်တက်ခဲ့တာကြောင်း သိရပါတယ်။

 

အထူးသဖြင့် ပို့ကုန်ကဏ္ဍာတွင် သိသိသာသာမြင့်တက်ခဲ့ပြီး ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၁,၀၆၃ သန်း ကျော်ပိုမိုတိုးတက်ခဲ့ပြီး သွင်းကုန်ကဏ္ဍတိုးတက်တွင် အမေရိကန်ဒေါ်လာ ၃၄၁ သန်းကျော်အထိ တိုးတက်လာကြောင်း ဝန်ကြီးဌာန စာရင်းဇယားတွေအရ သိရှိရပါတယ်။

 

ပို့ကုန်အပိုင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တင်ပို့မှု ၄,၈၂၈ သန်းကျော်အထိရှိနေပြီး စက်မှုကုန်ချောတင်ပို့မှုက အရင်နှစ်ထက် ၅၈၈ သန်းကျော်၊ သတ္တုတွင်းထွက်တင်ပို့မှုမှ ၅၁၅ သန်း၊ လယ်ယာထွက်ကုန်တင်ပို့မှုမှ ၁၅၅ သန်းကျော် သိသိသာသာတိုးတက်မှုရှိလာပါတယ်။

 

သွင်းကုန်အပိုင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ ကုန်သွယ်မှု ၄,၉၅၄ သန်းကျော်အထိရှိနေပြီး ရင်းနှီးမြုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၇၉ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုက ယခင်နှစ်ထက် ၉၂ သန်း၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှ ယခင်နှစ်ထက် ကန်ဒေါ်လာ ၂၀ သန်း၊ CMP ပစ္စည်းတင်သွင်းမှုမှ ယခင်နှစ်ထက် ကန်ဒေါ်လာ ၄၉ သန်း အသီးသီးတိုးတက်ခဲ့ပါတယ်။

 

ကုန်သွယ်မှုလိုငွေ ကွာဟမှုက ယခုဘဏ္ဍာနှစ်မှာ ၁၂၆ သန်းသာရှိနေပြီး ယခင်ကာလတူမှ ကုန်သွယ်မှုလိုငွေ ၈၄၈သန်းနဲ့ယှဉ်ရင် သိသိသာသာလျော့ကျနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

 

>>>Zawgyi<<<

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ အတြင္း ကုန္သြယ္မႈ ပိုမိုတိုးတက္လာ

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ အတြင္း ကုန္သြယ္မႈ ပိုမိုတိုးတက္လာေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

 

လက္ရွိ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ဇန္နဝါရီလပထမအပတ္အထိ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၉.၇ ဘီလီယံ အထိရွိေနရာ ၿပီးခဲ့တဲ့ဘ႑ာႏွစ္ကုန္သြယ္မႈနဲ႔ ယွဥ္ၾကည့္ရင္ အေမရိကန္ေဒၚလာ ၁.၄ ဘီလီယံေက်ာ္အထိ ျမင့္တက္ခဲ့တာေၾကာင္း သိရပါတယ္။

 

အထူးသျဖင့္ ပို႔ကုန္က႑ာတြင္ သိသိသာသာျမင့္တက္ခဲ့ၿပီး ကာလတူကုန္သြယ္မႈထက္ အေမရိကန္ေဒၚလာ ၁,၀၆၃ သန္း ေက်ာ္ပိုမိုတိုးတက္ခဲ့ၿပီး သြင္းကုန္က႑တိုးတက္တြင္ အေမရိကန္ေဒၚလာ ၃၄၁ သန္းေက်ာ္အထိ တိုးတက္လာေၾကာင္း ဝန္ႀကီးဌာန စာရင္းဇယားေတြအရ သိရွိရပါတယ္။

 

ပို႔ကုန္အပိုင္းမွာ ဇန္နဝါရီလ ၃ ရက္ေန႔အထိ တင္ပို႔မႈ ၄,၈၂၈ သန္းေက်ာ္အထိရွိေနၿပီး စက္မႈကုန္ေခ်ာတင္ပို႔မႈက အရင္ႏွစ္ထက္ ၅၈၈ သန္းေက်ာ္၊ သတၱဳတြင္းထြက္တင္ပို႔မႈမွ ၅၁၅ သန္း၊ လယ္ယာထြက္ကုန္တင္ပို႔မႈမွ ၁၅၅ သန္းေက်ာ္ သိသိသာသာတိုးတက္မႈရွိလာပါတယ္။

 

သြင္းကုန္အပိုင္းမွာ ဇန္နဝါရီလ ၃ ရက္ေန႔အထိ ကုန္သြယ္မႈ ၄,၉၅၄ သန္းေက်ာ္အထိရွိေနၿပီး ရင္းႏွီးျမဳပ္ႏွံမႈ ကုန္ပစၥည္းတင္သြင္းမႈ ယခင္ႏွစ္ထက္ ကန္ေဒၚလာ ၁၇၉ သန္း၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္း တင္သြင္းမႈက ယခင္ႏွစ္ထက္ ၉၂ သန္း၊ လူသုံးကုန္ပစၥည္းတင္သြင္းမႈမွ ယခင္ႏွစ္ထက္ ကန္ေဒၚလာ ၂၀ သန္း၊ CMP ပစၥည္းတင္သြင္းမႈမွ ယခင္ႏွစ္ထက္ ကန္ေဒၚလာ ၄၉ သန္း အသီးသီးတိုးတက္ခဲ့ပါတယ္။

 

ကုန္သြယ္မႈလိုေငြ ကြာဟမႈက ယခုဘ႑ာႏွစ္မွာ ၁၂၆ သန္းသာရွိေနၿပီး ယခင္ကာလတူမွ ကုန္သြယ္မႈလိုေငြ ၈၄၈သန္းနဲ႔ယွဥ္ရင္ သိသိသာသာေလ်ာ့က်ေနတယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရသိရပါတယ္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)