Local Industry

ဈေးကွက်အေးပြီး ကားအရောင်းအဝယ် ငြိမ်သက်နေသည့် ရန်ကုန်ကားဈေးကွက်

ဈေးကွက်အေးပြီး ကားအရောင်းအဝယ် ငြိမ်သက်နေသည့် ရန်ကုန်ကားဈေးကွက် google

လတ်တလောဈေးကွက်ထဲတွင် အထူးသဖြင့် သိန်း ၄၀ဝ အထက် ၅၀ဝအထက် အမြင့်ကားများ အမေး နည်း၊ အဝယ်မရှိဖြစ်သွားပြီး သိန်း ၂၀ဝ ဝန်းကျင်ဂျပန်ညာမောင်း ကားလေးအချို့သာ အချင်းချင်း အလဲ အထပ်ပုံစံဖြင့် အရောင်းအဝယ်ရှိပြီး လတ်တလောထုတ်ရောင်းမည့်သူများလာ ကြောင်း၊ ယခင်က ထက် ဈေးတန်းအရ ၅ သိန်း၊ ၁၀ သိန်း ဆင်းပေးသော်လည်း အဝယ်အလွန်နည်းသွားကြောင်း သိရသည်။

 

ဆက်လက်၍ ဖြစ်ပေါ်လာနိုင်သည့် ကားဈေးကွက် အခြေအနေအားမေးမြန်းကြည့်ရာ အဆိုပါတန်ဖိုးကြီး ကားပါမစ်များနှင့်နောက်ဆုံးအဆင့်ခွင့်ပြုပေးမည့် သိန်း ၃၀ဝ တန် ကားပါမစ်များထွက်ရှိလာသည့် အခြေ အနေပေါ် မူတည် ၍ ကားဝယ်ရောင်းသမားများ ကား လုပ်ငန်းသမားများ စောင့် ကြည့်ရမည်ဖြစ်သည်။

 

ယင်းကာလမှာလည်း လုပ်ငန်းစဉ်အဆင့် ဆင့် ဖြတ်သန်းရန် လိုအပ်ကြောင်း ဒုတိယပတ်အတွင်း ဌာန ဆိုင်ရာများမှ ပြုလုပ်သော ယာဉ်တင်သွင်းခွင့် အစည်းအဝေး များမှ ကြားသိရပြီး အဆိုပါ အခြေအနေ များပေါ်မူတည်၍ စောင့်ကြည့်ရမည်ဖြစ်သောကြောင့် လတ်တလောကားဈေးကွက် အရောင်း အဝယ် ကောင်းမွန်လာရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

 

>>>Zawgyi<<<

 


 


 


 


 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)