Local Industry

စလစ်ပြန်ထုတ်ပေးထားသည့် ဖောက်စွပ်ယာဉ် သုံးလအတွင်း အစီးရေ ၅၀ဝ ကျော်ရှိ

စလစ်ပြန်ထုတ်ပေးထားသည့် ဖောက်စွပ်ယာဉ် သုံးလအတွင်း အစီးရေ ၅၀ဝ ကျော်ရှိ google

ဖောက်စွပ်ယာဉ်များကို သံရည်ကျိုအပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်း အပ် အစားထိုးယာဉ် တင်သွင်း ခွင့်ပုံစံ “ဃ” (စလစ်) ပြန်လည်ထုတ်ပေးထား သည့် အစီးရေ သုံးလအတွင်း ၅၀ဝ ကျော်ရှိပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါ ဖောက်စွပ်ယာဉ်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ “ဃ” (စလစ်) ပြန်လည် ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလကုန် အထိ စလစ်ထုတ်ပေးထားသည့် ယာဉ်အစီးရေ ၅၀၁ စီးရှိကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။

 

ဒီဖောက်စွပ် စာရင်းတွေက အရင်သိမ်းထားတဲ့ ဟာတွေရော၊ အခု သိမ်းထားတဲ့ဟာတွေရော ပါဝင်ပါတယ်။ ဖောက်စွပ်ယာဉ်တွေက မော်တော်ယာဉ်ဥပဒေအရဆိုရင် ခွင့်ပြုချက်ရတာလည်း မဟုတ်ဘူး။ ကြိုတင်ခွင့်ပြုချက် ယူတာလည်း မဟုတ်ဘူး။ အစိတ်ပိုင်း မမှန်မကန် ပြောင်းတာ ဖြစ်တယ်။ မှတ်ပုံတင်မယ့် ယာဉ်တစ်စီးကို ဒီလိုမျိုး အစားထိုးပြီးတော့ လုပ်တာဖြစ်တဲ့ အတွက်ကြောင့် မော်တော်ယာဉ် ဥပဒေအရ ဒါမှတ်ပုံတင်ဖျက်ကိုဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်က ပြည်သူရဲ့ နစ်နာ ချက်တွေကို စာနာထောက်ထားပြီးတော့ အခုလို ဖြေလျှော့ထားခြင်းဖြစ်ပါတယ်ဟု ၎င်းကပြော သည်။

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ မော်တော်ယာဉ် မှတ်ပုံတင်ဖျက်သိမ်းမိန့် ထုတ်ပြန်ပြီး ယာဉ်ပိုင်ရှင်များ က လာရောက်အပ်နှံခြင်း မရှိသေးသည့် ယာဉ်ပိုင်ရှင် လက်ဝယ်ရှိ ယာဉ်များ၊ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့တွင် ထိန်းသိမ်းထားသည့် ယာဉ်များနှင့် အသစ် ထပ်မံတွေ့ရှိ သည့် ယာဉ်များကို စလစ်ထုတ်ပေးထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခင်က ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ-၁၈ (င) အရ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ ဖြတ်ဆက်)ပါရှိသည့် မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခြင်း၊ မှတ်ပုံတင်မဲ့ ယာဉ်တစ်စီး (သို့ မဟုတ်) တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ (ဖောက်စွပ်/ဖြတ်ဆက်) ပြုလုပ်ထားခြင်းကြောင့် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ တားဆီးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် ပြည်သူများ၏ နစ်နာချက်များကို စာနာထောက် ထားသည့်အတွက် ဖြေလျှော့မှုများ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ယခုကဲ့သို့ ဖြေလျှော့ပေးမှုသည် ယခင်က မှတ်ပုံတင်ဖျက်သိမ်း ဆောင် ရွက်ခဲ့သော ယာဉ်ပိုင်ရှင် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများ အထိုက်အလျောက် သက်သာခွင့် ရရှိစေရေး၊ ယာဉ်သိမ်းဆည်းခံရသော ပြည်သူအများစု၏ အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ“ဃ” (စလစ်) ရယူလိုသည့် ဆန္ဒကို ဖြည့်ဆည်းနိုင်ရေး၊ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များအားလုံး အပြီးတိုင်ဖျက်သိမ်းနိုင်ရေးတို့ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ၁၁ သိန်းခန့် ရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

>>>Zawgyi<<<

 

စလစ္ျပန္ထုတ္ေပးထားသည့္ ေဖာက္စြပ္ယာဥ္ သုံးလအတြင္း အစီးေရ ၅၀ဝ ေက်ာ္ရွိ

 

ေဖာက္စြပ္ယာဥ္မ်ားကို သံရည္က်ိဳအပ္ႏွံေစၿပီး ယာဥ္အိုယာဥ္ေဟာင္း အပ္ အစားထိုးယာဥ္ တင္သြင္း ခြင့္ပုံစံ “ဃ” (စလစ္) ျပန္လည္ထုတ္ေပးထား သည့္ အစီးေရ သုံးလအတြင္း ၅၀ဝ ေက်ာ္ရွိၿပီ ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။ အဆိုပါ ေဖာက္စြပ္ယာဥ္မ်ားကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ စတင္ကာ ယာဥ္အိုယာဥ္ေဟာင္းအပ္ အစားထိုးယာဥ္ တင္သြင္းခြင့္ပုံစံ “ဃ” (စလစ္) ျပန္လည္ ထုတ္ေပးလ်က္ရွိရာ ဒီဇင္ဘာလကုန္ အထိ စလစ္ထုတ္ေပးထားသည့္ ယာဥ္အစီးေရ ၅၀၁ စီးရွိေၾကာင္း ယင္းဌာန ၫႊန္ၾကားေရးမႉး ဦးလ်န္က်င့္မန္က ဇန္နဝါရီ ၉ ရက္တြင္ ေျပာသည္။

 

ဒီေဖာက္စြပ္ စာရင္းေတြက အရင္သိမ္းထားတဲ့ ဟာေတြေရာ၊ အခု သိမ္းထားတဲ့ဟာေတြေရာ ပါဝင္ပါတယ္။ ေဖာက္စြပ္ယာဥ္ေတြက ေမာ္ေတာ္ယာဥ္ဥပေဒအရဆိုရင္ ခြင့္ျပဳခ်က္ရတာလည္း မဟုတ္ဘူး။ ႀကိဳတင္ခြင့္ျပဳခ်က္ ယူတာလည္း မဟုတ္ဘူး။ အစိတ္ပိုင္း မမွန္မကန္ ေျပာင္းတာ ျဖစ္တယ္။ မွတ္ပုံတင္မယ့္ ယာဥ္တစ္စီးကို ဒီလိုမ်ိဳး အစားထိုးၿပီးေတာ့ လုပ္တာျဖစ္တဲ့ အတြက္ေၾကာင့္ ေမာ္ေတာ္ယာဥ္ ဥပေဒအရ ဒါမွတ္ပုံတင္ဖ်က္ကိုဖ်က္သိမ္းရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္က ျပည္သူရဲ႕ နစ္နာ ခ်က္ေတြကို စာနာေထာက္ထားၿပီးေတာ့ အခုလို ေျဖေလွ်ာ့ထားျခင္းျဖစ္ပါတယ္ဟု ၎ကေျပာ သည္။

 

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ လက္ရွိအခ်ိန္အထိ ေမာ္ေတာ္ယာဥ္ မွတ္ပုံတင္ဖ်က္သိမ္းမိန္႔ ထုတ္ျပန္ၿပီး ယာဥ္ပိုင္ရွင္မ်ား က လာေရာက္အပ္ႏွံျခင္း မရွိေသးသည့္ ယာဥ္ပိုင္ရွင္ လက္ဝယ္ရွိ ယာဥ္မ်ား၊ မွတ္ပုံတင္ဖ်က္သိမ္းၿပီး ရဲစခန္းမ်ားႏွင့္ ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတို႔တြင္ ထိန္းသိမ္းထားသည့္ ယာဥ္မ်ားႏွင့္ အသစ္ ထပ္မံေတြ႕ရွိ သည့္ ယာဥ္မ်ားကို စလစ္ထုတ္ေပးထားျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။ ယခင္က ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ-၁၈ (င) အရ အစိတ္အပိုင္း မမွန္မကန္ေျပာင္းလဲထားေသာ Body Coach (ေဖာက္စြပ္/ ျဖတ္ဆက္)ပါရွိသည့္ ေမာ္ေတာ္ယာဥ္မ်ားကို ဥပေဒႏွင့္အညီ မွတ္ပုံတင္ ဖ်က္သိမ္းၿပီး ရဲစခန္းမ်ားသို႔ အပ္ႏွံေစျခင္း၊ မွတ္ပုံတင္မဲ့ ယာဥ္တစ္စီး (သို႔ မဟုတ္) တစ္စိတ္တစ္ပိုင္းကို အသုံးျပဳ၍ (ေဖာက္စြပ္/ျဖတ္ဆက္) ျပဳလုပ္ထားျခင္းေၾကာင့္ ဥပေဒႏွင့္ မညီၫြတ္ဟုဆိုကာ တားဆီးထိန္းသိမ္းျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေသာ္လည္း လက္ရွိအစိုးရ လက္ထက္တြင္ ျပည္သူမ်ား၏ နစ္နာခ်က္မ်ားကို စာနာေထာက္ ထားသည့္အတြက္ ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ ေပးခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

 

ယခုကဲ့သို႔ ေျဖေလွ်ာ့ေပးမႈသည္ ယခင္က မွတ္ပုံတင္ဖ်က္သိမ္း ေဆာင္ ႐ြက္ခဲ့ေသာ ယာဥ္ပိုင္ရွင္ ျပည္သူမ်ား၏ ဆုံးရႈံးနစ္နာမႈမ်ား အထိုက္အေလ်ာက္ သက္သာခြင့္ ရရွိေစေရး၊ ယာဥ္သိမ္းဆည္းခံရေသာ ျပည္သူအမ်ားစု၏ အစားထိုးယာဥ္ တင္သြင္းခြင့္ပုံစံ“ဃ” (စလစ္) ရယူလိုသည့္ ဆႏၵကို ျဖည့္ဆည္းႏိုင္ေရး၊ အစိတ္အပိုင္း မမွန္မကန္ ေျပာင္းလဲထားေသာ Body Coach (ေဖာက္စြပ္/ျဖတ္ဆက္) ယာဥ္မ်ားအားလုံး အၿပီးတိုင္ဖ်က္သိမ္းႏိုင္ေရးတို႔ကို ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီး ဌာန၊ ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနအေနျဖင့္ ယခုကဲ့သို႔ ေျဖေလွ်ာ့ ေဆာင္႐ြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိ ျမန္မာတစ္ျပည္လုံးတြင္ မွတ္ပုံတင္ထားသည့္ ေမာ္ေတာ္ယာဥ္ အစီးေရ ၁၁ သိန္းခန္႔ ရွိသည့္ အနက္ ရန္ကုန္တိုင္းေဒသႀကီးတြင္ အစီးေရ ငါးသိန္းေလးေသာင္းေက်ာ္ရွိေၾကာင္း ကုန္လမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

 

Myanmar Logistics Guide

 

 

 
Read times
Rate this item
(1 Vote)