Local Industry

တရုတ်နိုင်ငံသို့ပြေးဆွဲသည့်လေကြာင်းခရီးစဉ်များရပ်နားထားရန် ပြည်တွင်းလေကြောင်းလိုင်းများအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်

တရုတ်နိုင်ငံသို့ပြေးဆွဲသည့်လေကြာင်းခရီးစဉ်များရပ်နားထားရန် ပြည်တွင်းလေကြောင်းလိုင်းများအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် google

လက်ရှိတရုတ်နိုင်ငံဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင်ဖြစ်ပွားလျှက်ရှိသည့် ကူးစက်မြန်ကိုရိုနာဗိုင်းရပ်ရောဂါ မြန်မာပြည်တွင်းသို့ရောက်ရှိလာပြီး အများပြည်သူသို့ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနက တရုတ်နိုင်ငံသို့ ပျံသန်းပြေးဆွဲလျှက်ရှိသည့် International Airlines များဖြစ်သည့် MNAနှင့် MAI လေကြောင်းလိုင်း Charter Flight ခရီးစဉ်များအား ရပ်နားထားရန် ထုတ်ပြန်ထားခဲ့ပါတယ်။

 

ထို့အပြင် ICAO ( International Civil Aviation Organization )မှ Electronic Bulletin မှထုတ်ပြန်ကာ အဖွဲ့ဝင်နိုင်ငံများသို့ ဖြန့်ဝေထားကြောင်း၊ လေကြောင်းဦးစီးဌာနအနေဖြင့် မိမိနိုင်ငံအတွင်းသို့ ပျံသန်းပြေးဆွဲနေသော လေယာဉ် ( Inbound Flight ) များအား လေယာဉ်ပေါ်တွင် အသက်ရှူလမ်း ကြောင်းဆိုင်ရာ သံသဖြစ်ဖွယ် ခရီးသည်ပါလာပါက လေယာဉ်မှူးအနေဖြင့် ATC (ATC - Air Traffic Control tower ) သို့ ကြိုတင်အကြောင်းကြားထားရှိရန် ပြည် တွင်း၊ ပြည်ပ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများအား ( NOTOM )ထုတ်ပြန်ဆောင်ရွက်ထားကြောင်း၊ သက်ဆိုင်ရာ ATC မှတဆင့်လေဆိပ်ကျန်းမာရေးဌာနသို့အကြောင်းကြားထားမည်ဖြစ်ရာ ကျန်းမာ ရေးဌာနအနေဖြင့် ထိရောက်သောကာကွယ်စောင့်ရှောက်မှုစစ်ဆေးမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်Int'l ‌လေဆိပ် ၃ခုကိုလည်း mask နဲ့ hand wash gel ဖြန့်ဝေထားရန် နှင့် ပြည်ပဆိုက်ရောက်ခရီးသည်များ အဆင်ပြေချောမွေ့စွာ Health Declaration Cardများ ဖြည့်သွင်းနိုင်ရေးထိရောက်မြန်ဆန်မှုရှိစေရန်အတွက်လည်း ကျန်းမာရေးဉီးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။

 

>>>Zawgyi<<<

 

တ႐ုတ္ႏိုင္ငံသို႔ေျပးဆြဲသည့္ေလၾကာင္းခရီးစဥ္မ်ားရပ္နားထားရန္ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားအား ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္

 

လက္ရွိတ႐ုတ္ႏိုင္ငံဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕တြင္ျဖစ္ပြားလွ်က္ရွိသည့္ ကူးစက္ျမန္ကို႐ိုနာဗိုင္းရပ္ေရာဂါ ျမန္မာျပည္တြင္းသို႔ေရာက္ရွိလာၿပီး အမ်ားျပည္သူသို႔ကူးစက္ျခင္းမွ ကာကြယ္ႏိုင္ရန္ ရည္႐ြယ္ၿပီးပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဉီးစီးဌာနက တ႐ုတ္ႏိုင္ငံသို႔ ပ်ံသန္းေျပးဆြဲလွ်က္ရွိသည့္ International Airlines မ်ားျဖစ္သည့္ MNAႏွင့္ MAI ေလေၾကာင္းလိုင္း Charter Flight ခရီးစဥ္မ်ားအား ရပ္နားထားရန္ ထုတ္ျပန္ထားခဲ့ပါတယ္။

 

ထို႔အျပင္ ICAO ( International Civil Aviation Organization )မွ Electronic Bulletin မွထုတ္ျပန္ကာ အဖြဲ႕ဝင္ႏိုင္ငံမ်ားသို႔ ျဖန႔္ေဝထားေၾကာင္း၊ ေလေၾကာင္းဦးစီးဌာနအေနျဖင့္ မိမိႏိုင္ငံအတြင္းသို႔ ပ်ံသန္းေျပးဆြဲေနေသာ ေလယာဥ္ ( Inbound Flight ) မ်ားအား ေလယာဥ္ေပၚတြင္ အသက္ရႉလမ္း ေၾကာင္းဆိုင္ရာ သံသျဖစ္ဖြယ္ ခရီးသည္ပါလာပါက ေလယာဥ္မႉးအေနျဖင့္ ATC (ATC - Air Traffic Control tower ) သို႔ ႀကိဳတင္အေၾကာင္းၾကားထားရွိရန္ ျပည္ တြင္း၊ ျပည္ပ ေျပးဆြဲေနသည့္ ေလေၾကာင္းလိုင္းမ်ားအား ( NOTOM )ထုတ္ျပန္ေဆာင္႐ြက္ထားေၾကာင္း၊ သက္ဆိုင္ရာ ATC မွတဆင့္ေလဆိပ္က်န္းမာေရးဌာနသို႔အေၾကာင္းၾကားထားမည္ျဖစ္ရာ က်န္းမာ ေရးဌာနအေနျဖင့္ ထိေရာက္ေသာကာကြယ္ေစာင့္ေရွာက္မႈစစ္ေဆးမႈမ်ား ေဆာင္႐ြက္ႏိုင္မည္ျဖစ္္ေၾကာင္း၊ ျပည္တြင္Int'l ‌ေလဆိပ္ ၃ခုကိုလည္း mask နဲ႔ hand wash gel ျဖန႔္ေဝထားရန္ ႏွင့္ ျပည္ပဆိုက္ေရာက္ခရီးသည္မ်ား အဆင္ေျပေခ်ာေမြ႕စြာ Health Declaration Cardမ်ား ျဖည့္သြင္းႏိုင္ေရးထိေရာက္ျမန္ဆန္မႈရွိေစရန္အတြက္လည္း က်န္းမာေရးဉီးစီးဌာနႏွင့္ပူးေပါင္းေဆာင္႐ြက္လွ်က္ရွိပါတယ္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)