Local Industry

ဟန်ဗိုင်းရပ်စ်ဂယက် Hyundai ကားစက်ရုံရပ်

ဟန်ဗိုင်းရပ်စ်ဂယက် Hyundai ကားစက်ရုံရပ် google

ဟွန်းဒေးအနေဖြင့် ယင်းတို့၏အကြီးမားဆုံးထုတ်လုပ်ရေးယန္တရားဖြစ်သော တောင်ကိုရီးယားစက်ရုံ၏ ထုတ်လုပ်မှုကို ရပ်နားသွားရန်ရှိကြောင်း၊ ယခုလိုပြုလုပ်ရခြင်းမှာ ကားထုတ်လုပ်ရေးအတွက် အစိတ် အပိုင်းများထောက်ပံ့မှုတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပြတ်တောက်ဖွယ်ပြဿနာနှင့်ရင်ဆိုင်လာရသောကြောင့် ဖြစ်ကြောင်း သတင်းများ၏ဖော်ပြမှုအရသိရသည်။ ယခုလိုလုပ်ဆောင်မှုသည် အဓိကကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုအနေဖြင့် တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးသောထုတ်လုပ်ရေးရပ်နားခဲ့မှုလည်း ဖြစ်လာခဲ့သည်။

 

များစွာသော နာမည်ကျော်ကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Tesla ၊ Ford ၊ Peugeot ၊ Nissan နှင့် Honda အစရှိသောကုမ္ပဏီတို့သည် တရုတ်အဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် တရုတ်နိုင်ငံတွင်းရှိအချို့သော ကားထုတ်လုပ်ရေးစက်ရုံများကို ယခုအပတ်တွင် ရပ်နားခဲ့ပြီးပြီဖြစ်သည်။ ဝူဟန်ဗိုင်းရပ်စ်သည် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မနက်ပိုင်းအထိ လူပေါင်း ၄၂၀နှင့်အထက်သေဆုံးခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံလောက်အထိကို ပျံ့နှံ့နေ ခဲ့ပြီဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ကြောင့် ရှန်ဟိုင်းစတော့အိပ်ချိန်းတွင် တင်္နလာနေ့တွက်ချက်ဖော်ပြမှုအရ ကန်ဒေါ်လာ ၄၀၀ ဘီလီယံလောက်အထိ အရှုံးပေါ်ခဲ့ကြောင်းသိရပြီး အဆိုပါဗိုင်းရပ်စ်သည် စီးပွားရေးအရ လည်းထိခိုက်မှုရှိခဲ့သော ဗိုင်းရပ်စ်ဖြစ်လာခဲ့သည်။

 

ဟွန်ဒေးသည် သုံးလပတ်တာအကျိုးအမြတ်တွက်ချက်မှုတွင် လွန်ခဲ့သော ၂ နှစ်ကထက်သာလွန်နေပြီး အမြတ် ငွေများစွာရရှိရန် တာဆူနေသောကုမ္ပဏီဖြစ်သည်။ ထိုသို့ရပ်တည်မှုတွင် SUV အမျိုးအစားများဖြစ်သော Palisade နှင့် Kona တို့က အဓိကအခန်းကဏ္ဍအဖြစ်ပါဝင်ခဲ့သည်။ ဟွန်ဒေးအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှစတင်ပြီး ထုတ်လုပ်မှုရပ်နားသွားမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ သို့ ၁၂ ရက်နေ့တွင် ပြန်လည် စတင်သွားဖွယ်ရှိကြောင်း မျှော်လင့်နေကြသည်။

 

 Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

REF : cnbc

 

Zawgyi

 

ဟန္ဗိုင္းရပ္စ္ဂယက္ Hyundai ကားစက္ရံုရပ္

 

ဟြန္းေဒးအေနျဖင့္ ယင္းတို႔၏အႀကီးမားဆံုးထုတ္လုပ္ေရးယႏၲရားျဖစ္ေသာ ေတာင္ကိုရီးယားစက္ရံု၏ ထုတ္လုပ္မႈကို ရပ္နားသြားရန္ရွိေၾကာင္း၊ ယခုလိုျပဳလုပ္ရျခင္းမွာ ကားထုတ္လုပ္ေရးအတြက္ အစိတ္ အပိုင္းမ်ားေထာက္ပံ့မႈတြင္ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ျပတ္ေတာက္ဖြယ္ျပႆနာႏွင့္ရင္ဆိုင္လာရေသာေၾကာင့္ ျဖစ္ေၾကာင္း သတင္းမ်ား၏ေဖာ္ျပမႈအရသိရသည္။ ယခုလိုလုပ္ေဆာင္မႈသည္ အဓိကကားထုတ္လုပ္ေရးကုမၸဏီတစ္ခုအေနျဖင့္ တ႐ုတ္ႏိုင္ငံျပင္ပတြင္ ပထမဆံုးေသာထုတ္လုပ္ေရးရပ္နားခဲ့မႈလည္း ျဖစ္လာခဲ့သည္။

 

မ်ားစြာေသာ နာမည္ေက်ာ္ကားထုတ္လုပ္ေရးကုမၸဏီမ်ားျဖစ္သည့္ Tesla ၊ Ford ၊ Peugeot ၊ Nissan ႏွင့္ Honda အစရွိေသာကုမၸဏီတို႔သည္ တ႐ုတ္အဏာပိုင္မ်ား၏ ၫႊန္ၾကားမႈျဖင့္ တ႐ုတ္ႏိုင္ငံတြင္းရွိအခ်ိဳ႕ေသာ ကားထုတ္လုပ္ေရးစက္ရံုမ်ားကို ယခုအပတ္တြင္ ရပ္နားခဲ့ၿပီးၿပီျဖစ္သည္။ ဝူဟန္ဗိုင္းရပ္စ္သည္ ေဖေဖၚဝါရီလ ၅ ရက္ေန႔မနက္ပိုင္းအထိ လူေပါင္း ၄၂၀ႏွင့္အထက္ေသဆံုးခဲ့ၿပီး ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံေလာက္အထိကို ပ်ံ႕ႏွံ႔ေန ခဲ့ၿပီျဖစ္သည္။ အဆိုပါဗိုင္းရပ္စ္ေၾကာင့္ ရွန္ဟိုင္းစေတာ့အိပ္ခ်ိန္းတြင္ တနၤလာေန႔တြက္ခ်က္ေဖာ္ျပမႈအရ ကန္ေဒၚလာ ၄၀၀ ဘီလီယံေလာက္အထိ အရႈံးေပၚခဲ့ေၾကာင္းသိရၿပီး အဆိုပါဗိုင္းရပ္စ္သည္ စီးပြားေရးအရ လည္းထိခိုက္မႈရွိခဲ့ေသာ ဗိုင္းရပ္စ္ျဖစ္လာခဲ့သည္။

 

ဟြန္ေဒးသည္ သံုးလပတ္တာအက်ိဳးအျမတ္တြက္ခ်က္မႈတြင္ လြန္ခဲ့ေသာ ၂ ႏွစ္ကထက္သာလြန္ေနၿပီး အျမတ္ ေငြမ်ားစြာရရွိရန္ တာဆူေနေသာကုမၸဏီျဖစ္သည္။ ထိုသို႔ရပ္တည္မႈတြင္ SUV အမ်ိဳးအစားမ်ားျဖစ္ေသာ Palisade ႏွင့္ Kona တို႔က အဓိကအခန္းက႑အျဖစ္ပါ၀င္ခဲ့သည္။ ဟြန္ေဒးအေနျဖင့္ လာမည့္ ေဖေဖၚဝါရီလ ၇ ရက္ေန႔မွစတင္ၿပီး ထုတ္လုပ္မႈရပ္နားသြားမည္ျဖစ္ၿပီး ေဖေဖၚဝါရီလ ၁၁ ရက္ေန႔ သို႔ ၁၂ ရက္ေန႔တြင္ ျပန္လည္ စတင္သြားဖြယ္ရွိေၾကာင္း ေမွ်ာ္လင့္ေနၾကသည္။

 

 Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Ref : cnbc

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)