Local Industry

Myanmar National Airline Cargo Services (MNA)

Myanmar National Airline Cargo Services (MNA) google

ပြည်ပလုပ်ငန်းများအတွက် A၊ B၊ C ဟူ၍ သုံးဆိုင်း ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ပအတွက် ကုန်ပစ္စည်း များလာရောက်ပို့ဆောင်ပါက Weight ချိန်ခြင်း၊ Check List ရေးသွင်းခြင်း၊ X- ray ဖြတ်၍ MCS က Security Form ဖြည့်ကာ လေယာဉ်ကွင်းသို့ပို့ပြီး ထုပ်ပိုး မှုနှင့် သတ်မှတ်အတိုင်းအတာစသည်များကို စိစစ်ပေး ရသည်။

 

Internal Export ကို YACL ကဖွင့်ထားသော Warehouse မှာအပ်ရပါတယ်။ ထိုနေရာတွင် Accept လုပ်တာတစ်ယောက်၊ Built up လုပ်တာတစ်ယောက် ထားရှိသည်။ ဒီမှာတော့ Damage မဖြစ်ဘူး။ ဟိုဘက် ရောက်မှ Damage ဖြစ်သွားရင် ဒီဘက်ကို Report တင်ရသည်။ ဟိုဘက်ရောက်မှဖြစ်သည့်အတွက် ဟို ဘက် Air Side က စိစစ်ဆောင်ရွက်ရသည်။

 

သတ်မှတ်ထားသည့် လေယာဉ်ဖြင့် ရန်ကုန်မှ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်သို့ ပြေးဆွဲပို့ ဆောင်ပေးနေခြင်းဖြစ်သည်။ သတ်မှတ်ချက်က 15 CPN ထက်မကျော်ရပေ။ ခရီးသည်များပါက တင်ပို့မှုလျော့ ကျမည်ဖြစ်သည်။

 

ပြည်တွင်းလုပ်ငန်းတွင် နှစ်ဆိုင်းထားရှိဆောင် ရွက်နေခြင်းဖြစ်သည်။ ပြည်တွင်းလက်ခံရာတွင် အစိုးရ နှင့် ပုဂ္ဂလိကဟူ၍ ထားရှိသည်။ ခရီးသည်များ၏ ပစ္စည်းများကို ကန့်သတ်ပစ္စည်းပါ/မပါ စိစစ်မည်လည်း ဖြစ်သည်။ ထို့နောက်တွင် Air Cargo Manifest တွင် ပို့သူအမည်နှင့် ဖုန်းနံပါတ် လက်ခံမည့်သူ၏ အမည်နှင့် ဖုန်းနံပါတ်ပစ္စည်းအမျိုးအစား အလေးချိန်စသည်တို့ကို ဖြည့်သွင်းရပါသည်။ ထို့နောက် သက်ဆိုင်ရာလေကြောင်း ခရီး၌ တင်ပေးသည်။ ပစ္စည်းတင်ပို့ရာတွင် အလွန် သေးငယ်သည့် ပစ္စည်းများအား လက်ခံဆောင်ရွက် ခြင်းမပြုပေ။ အနည်းဆုံး A4 ပုံးဆိုဒ်ကို လက်ခံဆောင် ရွက်ပေးသည်။ Port to Port သာဆောင်ရွက်ပေးသည်။ Door to Door ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

 

တင်ပို့သည့် လေယာဉ်မှာ ခရီးသည်တင်လေ ယာဉ်ဖြစ်သည့်အတွက်ကြောင့် ခရီးသည်များ၏ Baggage များ တင်ပြီးမှရသည့် Weight ပေါ်တွက်ချက် ၍ Cargo တင်ရခြင်းဖြစ်သည်။ ကျန်ရှိခဲ့ပါက နောက် တစ်နေ့လေယာဉ်များဖြင့် ဆက်လက်တင်ပို့ပေးပါ သည်။

 

>>>Zawgyi<<<

 

Myanmar National Airline Cargo Services (MNA)

 




 


 


 


 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)