ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ် ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် လျက်ရှိသောယာဉ်များအား ၂၀၁၆ ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေနှင့် ၂၀၁၈ ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများအရ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (Domestic Oprator License) ထုတ်ပေးရာတွင် မှတ်ပုံတင်ခများကို ယာဉ် တစ်စီးချင်းနှင့် ယာဉ်အရေအတွက် အုပ်စုလိုက်အပေါ်အခြေခံ၍ ကောက်ခံလျက်ရှိရာမှ ၂၀၁၉ ခု နှစ်၊ အောက်တိုဘာလ (၂၉)ရက်တွင် ထုတ်ပြန်သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေအရ ယာဉ်တစ်စီးချင်းနှုန်းထားအပေါ်သာ အခြေခံသည့် ငွေကောက်ခံမှုစနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃)ရက်မှစတင်၍ ပြောင်းလဲ ၊ကောက်ခံမည်ဖြစ်ပါကြောင်း ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ များနှင့် လုပ်ကိုင်မည့်သူများ ကြိုတင်သိရှိနိုင်ရန် အသိပေးကြေညာအပ်ပါသည်။
ကောက်ခံမည့်နှုန်းထားဇယား ပူးတွဲဖော်ပြအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.motc.gov.mm (latest news ခေါင်းစဉ်ခွဲ) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
---Zawgyi---
ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (DOL) ထုတ်ပေး ရာတွင် မှတ်ပုံတင်ခများကို ယာဉ်တစ်စီးချင်းနှုန်းထားအပေါ်သာ အခြေခံသည့် ငွေကောက်ခံ သည့်စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃)ရက်မှစ၍ ပြောင်းလဲပြင်ဆင်ကောက်ခံသွားမည်
Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ