Local Industry

၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှု

၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှု google

၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုသည် အမေရိကန် ၁ ဒသမ ၃၉ ထရီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ၂၀၁၇ ခုနှစ် အခွန်ဆိုင်ရာပြုပြင်ပြောင်း လဲမှုများ၏ အကျိုးသက်ရောက်မှုကြောင့် ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ FDI စီးထွက်မှုနှင့် ကမ္ဘာ့ FDI စီးဆင်းမှု အခြေ အနေတို့ကို နှေးကွေးစေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတန်အသင့်ကောင်းမွန်လာပြီး FDI စီးဆင်းမှုမှာ အနည်းငယ် မြင့်တက်လာ ဖွယ်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ကုန် သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (United Nations Conference on Trade and Development - UNCTAD) က ပြောကြာားခဲ့ပါတယ်။

 

ကုန်သွယ်ရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုတို့ကြောင့် ကမ္ဘာ့ FDI ဝင်ရောက်မှု ပမာဏသည် လျော့ကျခဲ့သော်လည်း ၂၀၁၉ ခုနှစ် တွင် စင်ကာပူသို့ FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံဖြင့် ယခင်နှစ်တွင်ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၇၈ ဘီလီယံထက် ၄၂ ရာခိုင် နှုန်းအထိ တိုးတက်ခဲ့ပြီး အဓိက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သောကဏ္ဍမှာ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးကဏ္ဍတွင် ဖြစ်ပါတယ်။

 

ထို့ပြင် အာဆီယံရှိ အင်ဒိုနီးရှားသို့ FDI ဝင် ရောက်မှုသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံဖြင့် ၁၂ ရာခိုင်နှုန်းတိုးတက် ရရှိခဲ့ကြောင်း၊ အာဆီယံဒေသ တစ်ခု လုံးအနေဖြင့် FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၇၇ ဘီလီယံဖြင့် ၁၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။

 

UNCTAD ၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ FDI စီးဆင်းမှု နှေးကွေးခဲ့သော်လည်း စင်ကာပူသည် ကမ္ဘာ တွင် တတိယမြောက် FDI ဝင်ရောက်မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်တွင် FDI အမေရိကန်ဒေါ်လာ ၂၅၄ ဘီလီယံရရှိ ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅၁ ဘီလီယံသို့ အနည်းငယ် ကျဆင်းခဲ့သော်လည်း ကမ္ဘာတွင် FDI ဝင်ရောက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိခဲ့ပါတယ်။

 

တရုတ် နိုင်ငံသည် FDI အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံဖြင့် ဒုတိယအများဆုံးနေရာတွင် ရပ်တည်ခဲ့ပါတယ်။အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုနှင့် ဟောင်ကောင်တွင် အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြမှုအခြေအနေ များက FDI စီးဆင်းမှုလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည့်အတွက် ဟောင်ကောင်သည် ၂၀၁၈ ခုနှစ်တွင် FDI အမေရိကန် ဒေါ်လာ ၁၀၄ ဘီလီယံဖြင့် တတိယ အများဆုံးဖြစ်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအထိ တစ်ဝက်ကျော် ကျဆင်းခဲ့ပြီး ဆဋ္ဌမမြောက်နေရာသို့ လျှောဆင်းသွားပါတယ်။ ဗြိတိန်မှာ Brexit ကိစ္စဖြင့် FDI ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံသို့ ကျဆင်းခဲ့သော်လည်း ပဉ္စမနေရာသို့ တစ်ဆင့်မြင့်တက်ခဲ့ပါတယ်။

 

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ FDI ဆွဲ ဆောင်မှုသည် ကမ္ဘာ့ FDI တစ်ဝက် ကျော်ကို ရရှိခဲ့ကြောင်း၊ လက်တင် အမေရိကနှင့် Caribbean သို့ ၁၆ ရာခိုင် နှုန်းနှင့် အာဖရိကသို့ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဟောင်ကောင် အပါအဝင် အရှေ့အာရှသို့ FDI စီးဝင် မှုမှာ ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယားသို့ FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံဖြင့် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ FDI စီးဆင်းမှုသည် အမေရိကန်ဒေါ်လာ ၆၄၃ ဘီလီယံဖြင့် ၆ ရာခိုင်နှုန်း လျော့ နည်းခဲ့ကြောင်း ဖော်ပြထားသချက်အရ သိရပါတယ်။UNCTAD ၏ ခန့်မှန်းစာရင်း အရ ၂၀၁၉ ခုနှစ်တွင် FDI ဝင်ရောက်မှု အများဆုံး ၁၀ နိုင်ငံမှာ အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ ဘရာဇီး၊ ဗြိတိန်၊ ဟောင်ကောင်၊ ပြင်သစ်၊ အိန္ဒိယ၊ ကနေဒါနှင့် ဂျာမနီနိုင်ငံတို့ဖြစ်ကြောင်း သိရှိထားခဲ့ရပါတယ်။

 

Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ

 

---Zawgyi---

 

၂၀၁၉ ခုႏွစ္တြင္ တစ္ကမာၻလုံး အတိုင္းအတာအေနျဖင့္ ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) ဝင္ေရာက္မႈ

 

၂၀၁၉ ခုႏွစ္တြင္ တစ္ကမာၻလုံး အတိုင္းအတာျဖင့္ ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) ဝင္ေရာက္မႈသည္ အေမရိကန္ ၁ ဒသမ ၃၉ ထရီလီယံသို႔ က်ဆင္းခဲ့ေၾကာင္း၊ အေမရိကန္ႏိုင္ငံ၏ ၂၀၁၇ ခုႏွစ္ အခြန္ဆိုင္ရာျပဳျပင္ေျပာင္း လဲမႈမ်ား၏ အက်ိဳးသက္ေရာက္မႈေၾကာင့္ ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္၏ FDI စီးထြက္မႈႏွင့္ ကမာၻ႔ FDI စီးဆင္းမႈ အေျခ အေနတို႔ကို ေႏွးေကြးေစခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္လည္း က်ဆင္းမႈ ဆက္လက္ျဖစ္ေပၚေစခဲ့ေၾကာင္း၊ သို႔ေသာ္ ၂၀၂၀ ျပည့္ႏွစ္တြင္ ကမာၻ႔စီးပြားေရး တိုးတက္မႈ အတန္အသင့္ေကာင္းမြန္လာၿပီး FDI စီးဆင္းမႈမွာ အနည္းငယ္ ျမင့္တက္လာဖြယ္ရွိေၾကာင္း ကမာၻ႔ကုလသမဂၢ ကုန္ သြယ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈညီလာခံ (United Nations Conference on Trade and Development - UNCTAD) က ေျပာၾကားခဲ့ပါတယ္။

 

ကုန္သြယ္ေရးတင္းမာမႈမ်ားႏွင့္ ကမာၻ႔စီးပြားေရးေႏွးေကြးမႈတို႔ေၾကာင့္ ကမာၻ႔ FDI ဝင္ေရာက္မႈ ပမာဏသည္ ေလ်ာ့က်ခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္ တြင္ စင္ကာပူသို႔ FDI ဝင္ေရာက္မႈမွာ အေမရိကန္ေဒၚလာ ၁၁၀ ဘီလီယံျဖင့္ ယခင္ႏွစ္တြင္ရရွိခဲ့သည့္ အေမရိကန္ ေဒၚလာ ၇၈ ဘီလီယံထက္ ၄၂ ရာခိုင္ ႏႈန္းအထိ တိုးတက္ခဲ့ျပီး အဓိက ရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္ခဲ့ေသာက႑မွာ သတင္းအခ်က္အလက္ႏွင့္ ဆက္ သြယ္ေရးက႑တြင္ ျဖစ္ပါတယ္။

 

ထို႔ျပင္ အာဆီယံရွိ အင္ဒိုနီးရွားသို႔ FDI ဝင္ ေရာက္မႈသည္ အေမရိကန္ေဒၚလာ ၂၄ ဘီလီယံျဖင့္ ၁၂ ရာခိုင္ႏႈန္းတိုးတက္ ရရွိခဲ့ေၾကာင္း၊ အာဆီယံေဒသ တစ္ခု လုံးအေနျဖင့္ FDI ဝင္ေရာက္မႈမွာ အေမရိကန္ေဒၚလာ ၁၇၇ ဘီလီယံျဖင့္ ၁၉ ရာခိုင္ႏႈန္းတိုးတက္လာခဲ့ပါတယ္။

 

UNCTAD ၏ စာရင္းအရ ၂၀၁၉ ခုႏွစ္တြင္ ကမာၻ႔ FDI စီးဆင္းမႈ ေႏွးေကြးခဲ့ေသာ္လည္း စင္ကာပူသည္ ကမာၻ တြင္ တတိယေျမာက္ FDI ဝင္ေရာက္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ခဲ့ပါတယ္။အေမရိကန္ႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္တြင္ FDI အေမရိကန္ေဒၚလာ ၂၅၄ ဘီလီယံရရွိ ခဲ့ရာမွ ၂၀၁၉ ခုႏွစ္တြင္ အေမရိကန္ ေဒၚလာ ၂၅၁ ဘီလီယံသို႔ အနည္းငယ္ က်ဆင္းခဲ့ေသာ္လည္း ကမာၻတြင္ FDI ဝင္ေရာက္မႈ အမ်ားဆုံးႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္လ်က္ရွိခဲ့ပါတယ္။

 

တ႐ုတ္ ႏိုင္ငံသည္ FDI အေမရိကန္ေဒၚလာ ၁၄၀ ဘီလီယံျဖင့္ ဒုတိယအမ်ားဆုံးေနရာတြင္ ရပ္တည္ခဲ့ပါတယ္။အေမရိကန္ႏွင့္ တ႐ုတ္ ကုန္သြယ္ေရး အျငင္းပြားမႈႏွင့္ ေဟာင္ေကာင္တြင္ အစိုးရ အေပၚ ဆန္႔က်င္ ဆႏၵျပမႈအေျခအေန မ်ားက FDI စီးဆင္းမႈလမ္းေၾကာင္းကို ေျပာင္းလဲေစခဲ့သည့္အတြက္ ေဟာင္ေကာင္သည္ ၂၀၁၈ ခုႏွစ္တြင္ FDI အေမရိကန္ ေဒၚလာ ၁၀၄ ဘီလီယံျဖင့္ တတိယ အမ်ားဆုံးျဖစ္ခဲ့ရာမွ ၂၀၁၉ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၅ ဘီလီယံအထိ တစ္ဝက္ေက်ာ္ က်ဆင္းခဲ့ၿပီး ဆ႒မေျမာက္ေနရာသို႔ ေလွ်ာဆင္းသြားပါတယ္။ ၿဗိတိန္မွာ Brexit ကိစၥျဖင့္ FDI ဝင္ေရာက္မႈ အေမရိကန္ေဒၚလာ ၆၁ ဘီလီယံသို႔ က်ဆင္းခဲ့ေသာ္လည္း ပၪၥမေနရာသို႔ တစ္ဆင့္ျမင့္တက္ခဲ့ပါတယ္။

 

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ FDI ဆြဲ ေဆာင္မႈသည္ ကမာၻ႔ FDI တစ္ဝက္ ေက်ာ္ကို ရရွိခဲ့ေၾကာင္း၊ လက္တင္ အေမရိကႏွင့္ Caribbean သို႔ ၁၆ ရာခိုင္ ႏႈန္းႏွင့္ အာဖရိကသို႔ ၃ ရာခိုင္ႏႈန္း တိုးတက္ခဲ့ေၾကာင္း၊ ေဟာင္ေကာင္ အပါအဝင္ အေရွ႕အာရွသို႔ FDI စီးဝင္ မႈမွာ ၂၁ ရာခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း၊ ေတာင္ကိုရီးယားသို႔ FDI ဝင္ေရာက္မႈမွာ အေမရိကန္ေဒၚလာ ၇ ဒသမ ၈ ဘီလီယံျဖင့္ ၄၆ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္း၊ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားသို႔ FDI စီးဆင္းမႈသည္ အေမရိကန္ေဒၚလာ ၆၄၃ ဘီလီယံျဖင့္ ၆ ရာခိုင္ႏႈန္း ေလ်ာ့ နည္းခဲ့ေၾကာင္း ေဖာ္ျပထားသခ်က္အရ သိရပါတယ္။

 

UNCTAD ၏ ခန္႔မွန္းစာရင္း အရ ၂၀၁၉ ခုႏွစ္တြင္ FDI ဝင္ေရာက္မႈ အမ်ားဆုံး ၁၀ ႏိုင္ငံမွာ အေမရိကန္၊ တ႐ုတ္၊ စင္ကာပူ၊ ဘရာဇီး၊ ၿဗိတိန္၊ ေဟာင္ေကာင္၊ ျပင္သစ္၊ အိႏၵိယ၊ ကေနဒါႏွင့္ ဂ်ာမနီႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရွိထားခဲ့ရပါတယ္။

 

Insurance Agents အာမခံဝန္ေဆာင္မႈေပါင္း ၈၃ခုကိုရွာရန္ႏွိပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)