Local Industry

အရောင်းအဝယ်အေးလျက်ရှိသည့် ရန်ကုန်ကားဈေးကွက်

ရန်ကုန်မြို့ကားဈေးကွက်အတွင်း လတ်တလော သတင်း များကြောင့် ကားအရောင်းအဝယ်မရှိသလောက် ပြတ်သွားပြီး အရောင်းအေးအဝယ်အေးနေကြောင်း၊ ပြည်တွင်း တပ်ဆင် ကားများလည်း အရောင်းအဝယ်၊ ယခင်ကလို မသွက်တော့ ဘဲ အေးစက် သွားကြောင်းသိရသည်။

 

နှစ်ဆန်းပိုင်း၊ ဇန်နဝါရီပထမပတ် အစပိုင်းရက်များ အတွင်း သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ခဲ့သောလုပ်သက် ၂၅ နှစ် ဝန်ထမ်းသတ်မှတ်ခြင်းခံရသူဝန်ထမ်းများနှင့် ရာထူးအဆင့် အလိုက်အရာရှိကြီးများ၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ အား မော်တော်ယာဉ်တင်သွင်းခွင့် ချထားပေးမည့် သတင်း ကြားသိရပြီး နောက်ပိုင်းကားလောကအတွင်း များစွာ ဂယက် ရိုက်ခဲ့ရာမှ ကားအသင်းအဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးမှ တင်ပြချက်များ၊ ဝေဖန်ချက်များထွက်ပေါ်လာပြီး ပြန် လည်ရပ်ဆိုင်းလိုက်သည်။ ဆိုင်းငံ့လိုက်သည်ဆိုသည့် ကောလာဟလ သတင်းများ

 

လည်း မကြာခဏထွက်ပေါ်ခဲ့ပြီး ဇန်နဝါရီလကုန် ပိုင်းရက်တွင်မူ ကား တင်သွင်းခြင်းနှင့် သက်ဆိုင်သည့်ဌာနသို့ ဝန်ထမ်းပါမစ်အား အသက် ၆၀ ပင်စင်ပြည့်မည့် ဝန်ထမ်း ကောင်းများအား ရွေးချယ်ပေးရန် ညွှန်ကြားချက်တစ်ရပ် ပြန် လည်ထွက်ပေါ်လာသဖြင့် ရန်ကုန် ကားဈေးကွက်နှင့် ကား လောကထဲတွင် သတင်းများပျံ့နှံ့ကာ ကားဈေးကွက် အေးစက် နေဆဲဖြစ်ကြောင်း၊ အရည်ကျိုစလစ်ခေါ်သည့် ယာဉ်ဟောင်း အပ်နှံခသည်သာ သိန်း ၁၀ဝ အောက်မှ သိန်း ၁၀ဝ ဝန်း ကျင်ပြန်ဖြစ်လာကြောင်းနှင့် ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Zawgyi

 

အေရာင္းအဝယ္ေအးလ်က္ရွိသည့္ ရန္ကုန္ကားေဈးကြက္

 

ရန္ကုန္ၿမိဳ႕ကားေဈးကြက္အတြင္း လတ္တေလာ သတင္း မ်ားေၾကာင့္ ကားအေရာင္းအဝယ္မရွိသေလာက္ ျပတ္သြားၿပီး အေရာင္းေအးအဝယ္ေအးေနေၾကာင္း၊ ျပည္တြင္း တပ္ဆင္ ကားမ်ားလည္း အေရာင္းအဝယ္၊ ယခင္ကလို မသြက္ေတာ့ ဘဲ ေအးစက္ သြားေၾကာင္းသိရသည္။

 

ႏွစ္ဆန္းပိုင္း၊ ဇန္နဝါရီပထမပတ္ အစပိုင္းရက္မ်ား အတြင္း သက္ဆိုင္ရာဌာနမွ ထုတ္ျပန္ခဲ့ေသာလုပ္သက္ ၂၅ ႏွစ္ ဝန္ထမ္းသတ္မွတ္ျခင္းခံရသူဝန္ထမ္းမ်ားႏွင့္ ရာထူးအဆင့္ အလိုက္အရာရွိႀကီးမ်ား၊ ျပည္သူ႔ဝန္ထမ္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား အား ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ခ်ထားေပးမည့္ သတင္း ၾကားသိရၿပီး ေနာက္ပိုင္းကားေလာကအတြင္း မ်ားစြာ ဂယက္ ႐ိုက္ခဲ့ရာမွ ကားအသင္းအဖြဲ႕မ်ား၊ အဖြဲ႕အစည္း အသီးသီးမွ တင္ျပခ်က္မ်ား၊ ေဝဖန္ခ်က္မ်ားထြက္ေပၚလာၿပီး ျပန္ လည္ရပ္ဆိုင္းလိုက္သည္။ ဆိုင္းငံ့လိုက္သည္ဆိုသည့္ ေကာလာဟလ သတင္းမ်ားလည္း မၾကာခဏထြက္ေပၚခဲ့ၿပီး

 

ဇန္နဝါရီလကုန္ ပိုင္းရက္တြင္မူ ကား တင္သြင္းျခင္းႏွင့္ သက္ဆိုင္သည့္ဌာနသို႔ ဝန္ထမ္းပါမစ္အား အသက္ ၆၀ ပင္စင္ျပည့္မည့္ ဝန္ထမ္း ေကာင္းမ်ားအား ေ႐ြးခ်ယ္ေပးရန္ ၫႊန္ၾကားခ်က္တစ္ရပ္ ျပန္ လည္ထြက္ေပၚလာသျဖင့္ ရန္ကုန္ ကားေဈးကြက္ႏွင့္ ကား ေလာကထဲတြင္ သတင္းမ်ားပ်ံ႕ႏွံ႔ကာ ကားေဈးကြက္ ေအးစက္ ေနဆဲျဖစ္ေၾကာင္း၊ အရည္က်ိဳစလစ္ေခၚသည့္ ယာဥ္ေဟာင္း အပ္ႏွံခသည္သာ သိန္း ၁၀ဝ ေအာက္မွ သိန္း ၁၀ဝ ဝန္း က်င္ျပန္ျဖစ္လာေၾကာင္းႏွင့္ ယာဥ္ဝယ္ေရာင္း ကိုျမင့္ေက်ာ္က ေျပာသည္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)