Local Industry

ထိုင်းနှင့် စင်္ကာပူတို့မှ ရေယာဉ်များဝယ်ယူပြီး ပြန်လည်ပြေးဆွဲသွားမည့် Yangon Water Bus

ရန်ကုန်မြစ်အတွင်းယခင်ကပြေးဆွဲပြေးခဲ့သော Water Bus များသည် စီးနှင်းသူနည်းပါသောကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ရပ်ဆိုင်းခဲ့သည်။ ယခုအချိန်တွင် ပြန်လည်ပြေးဆွဲရန် အစီအစဉ်များရေးဆွဲနေပြီး ထိုင်းနှင့် စင်္ကာပူတို့မှ ရေယာဉ်များ ဝယ်ယူကာ ပြန်လည်ပြေးဆွဲသွားမှာဖြစ်တယ်လို့ Water Bus ကိုပြေးဆွဲနေတဲ့ Tint Tint Myanmar Co.,မှ ဒေါ်တင့်တင့်လွင်မှ ပြောကြားခဲ့သည်။

 

ကျွန်မတို့အနေနဲ့ စင်္ကာပူမှ နည်းပညာကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး ပြန်လည်ပြေးဆွဲသွားမှာပါ။ ယာဉ်စီးခကိုလဲ KBZ pay ၊ CB pay တို့နဲ့ပေးချေနိုင်အောင်ဆောင်ရွက်သွားမှာပါ၊ ယခုချိန်မှာ ဆိပ်ခံတံတားတွေတည်ဆောက်နေပါတယ်။ ထိုင်းနဲ့ စင်္ကာပူက ရေယာဉ် ၇ စီးကိုထည့်သွင်းပြီးတော့ ပြေးဆွဲသွားမှာပါ။ လမ်းကြောင်းအနေနဲ့ကတော့ ရေယာဉ် နှစ်စီးကို အင်းစိန်-ဗိုလ်တစ်ထောင် နဲ့ ကျန်တဲ့ ၅ စီးကိုတော့ ငမိုးရိပ်လမ်းကြောင်းကို လမ်းကြောင်းအသစ်အနေဖြင့် ပြန်လည်ပြေးဆွဲသွားမှာပါ ဟု ပြောကြားခဲ့သည်။

 

အစိုးရ၏ ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရေးလမ်းညွှန်ချက်အရ ယခုလိုလုပ်ဆောင်နေခြင်းဖြစ်သည်။ ယခင်ပြေးဆွဲခဲ့သည့် လမ်းကြောင်းများသည် ကားမှတ်တိုင်များနှင့်ဝေးသောကြောင့် စီးနှင်းသူများအဆင်မပြေတဲ့အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

 

ယခုပြန်လည်ပြေးဆွဲပေးမည့် အစီအစဉ်သည် အမေရိကန်ဒေါ်လာ ၂၀ မီလီယံ မှ ၃၇ မီလီယံထိ ကုန်ကျမှာဖြစ်ပြီး ကမ္ဘောဇဘဏ်၏ ချေးငွေဖြင့် လုပ်ဆောင်သွားမှာ ဖြစ်သည်။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Zawgyi

 

ထိုင္းႏွင့္ စကၤာပူတို႔မွ ေရယာဥ္မ်ားဝယ္ယူၿပီး ျပန္လည္ေျပးဆြဲသြားမည့္ Yangon Water Bus

 

ရန္ကုန္ျမစ္အတြင္းယခင္ကေျပးဆြဲေျပးခဲ့ေသာ Water Bus မ်ားသည္ စီးႏွင္းသူနည္းပါေသာေၾကာင့္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလက ရပ္ဆိုင္းခဲ့သည္။ ယခုအခ်ိန္တြင္ ျပန္လည္ေျပးဆြဲရန္ အစီအစဥ္မ်ားေရးဆြဲေနၿပီး ထိုင္းႏွင့္ စကၤာပူတို႔မွ ေရယာဥ္မ်ား ဝယ္ယူကာ ျပန္လည္ေျပးဆြဲသြားမွာျဖစ္တယ္လို႔ Water Bus ကိုေျပးဆြဲေနတဲ့ Tint Tint Myanmar Co.,မွ ေဒၚတင့္တင့္လြင္မွ ေျပာၾကားခဲ့သည္။

 

ကြ်န္မတို႔အေနနဲ႔ စကၤာပူမွ နည္းပညာကုမၸဏီတစ္ခုႏွင့္ပူးေပါင္းၿပီး ျပန္လည္ေျပးဆြဲသြားမွာပါ။ ယာဥ္စီးခကိုလဲ KBZ pay ၊ CB pay တို႔နဲ႔ေပးေခ်ႏိုင္ေအာင္ေဆာင္ရြက္သြားမွာပါ၊ ယခုခ်ိန္မွာ ဆိပ္ခံတံတားေတြတည္ေဆာက္ေနပါတယ္။ ထိုင္းနဲ႔ စကၤာပူက ေရယာဥ္ ၇ စီးကိုထည့္သြင္းၿပီးေတာ့ ေျပးဆြဲသြားမွာပါ။ လမ္းေၾကာင္းအေနနဲ႔ကေတာ့ ေရယာဥ္ ႏွစ္စီးကို အင္းစိန္-ဗိုလ္တစ္ေထာင္ နဲ႔ က်န္တဲ့ ၅ စီးကိုေတာ့ ငမိုးရိပ္လမ္းေၾကာင္းကို လမ္းေၾကာင္းအသစ္အေနျဖင့္ ျပန္လည္ေျပးဆြဲသြားမွာပါ ဟု ေျပာၾကားခဲ့သည္။

 

အစိုးရ၏ ယာဥ္ေၾကာပိတ္ဆို႔မႈ ေျဖေလွ်ာ့ႏိုင္ေရးလမ္းညႊန္ခ်က္အရ ယခုလိုလုပ္ေဆာင္ေနျခင္းျဖစ္သည္။ ယခင္ေျပးဆြဲခဲ့သည့္ လမ္းေၾကာင္းမ်ားသည္ ကားမွတ္တိုင္မ်ားႏွင့္ေဝးေသာေၾကာင့္ စီးႏွင္းသူမ်ားအဆင္မေျပတဲ့အတြက္ ရပ္ဆိုင္းလိုက္ျခင္းျဖစ္သည္။

 

ယခုျပန္လည္ေျပးဆြဲေပးမည့္ အစီအစဥ္သည္ အေမရိကန္ေဒၚလာ ၂၀ မီလီယံ မွ ၃၇ မီလီယံထိ ကုန္က်မွာျဖစ္ၿပီး ကေမၻာဇဘဏ္၏ ေခ်းေငြျဖင့္ လုပ္ေဆာင္သြားမွာ ျဖစ္သည္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Source; Myanmar Times

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)